Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

ဘန်ကောက်အတွေ့အကြုံ

ဘန်ကောက်မှာလဲ ဆန္ဒတွေပြနေကြတယ်၊ စီးပွါးရေးသမားတွေတော့ မသိဘူး။
ကိုယ်တော့ ပညာရေးအတွက်မြို့ထဲသွားတာ လိုရင်းကို မရောက်နိုင်ဘူး၊ မြန်ချင်လို့ ဟိုက်ဝေးမှမောင်းခိုင်တယ်၊ အပေါ်လမ်းမကြီးမှဆင်းတာနဲ့ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထုပ်ဆီးထိုးတမ်းကစားနေသလိုပဲ။ ကားကအရင်ကတည်းက ကျပ်ပါဘိ၊ အခုတော့ လိပ်ဘိုးဘိုးကို ဖြစ်လို့၊ မရတော့တဲ့အဆုံး ဆိုက်ကယ်ကယ်ရီးနဲ့ စီးသွားရတယ်။

ပုံမှန်ဆို အသွားတခုတည်းပဲ ဘတ် တစ်ရာ့ငါးဆယ် အခုတော့ စုစုပေါင်း ခြောက်ရာငါးဆယ်လောက်ပေးလိုက်ရတယ်၊ တော်သေးတယ် ချိန်းထားတာ အချိန်မှီရောက်လို့ ငွေကအရေးမကြီးပါဘူး၊ သွားရတာ အဆင်မပြေတိုင်း ကားမူး ခေါင်းမူးတယ်၊ စီးပွါးရေးသမားတွေက ပိုမူးမှာပါ။

တဖက်မှာဆေးဖြစ်ရင် ကျန်တဖက်မှာ ဘေးဖြစ်နေတတ်တယ်တဲ့လေ။ သူ့ဖက်က ကြည့်တော့ လက်ဖ၀ါး ကိုယ့်ဖက်က ကြည့်တော့ လက်ဖမိုးတဲ့။ ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။ အပေးအယူမျှတဲ့ ဘ၀ပဲ ကောင်းပါတယ်။

0 အကြံပြုစာ: