Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
Thursday, November 21, 2013 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

နာရေးသတင်း

"ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက တိုက်တွန်း" (https://www.facebook.com/ElevenMediaGroup)
ကုလသမဂ္ဂဆိုတာ ဘက်မလိုက်ဝါဒ ကျင့်သုံးပြီး သမာသမတ်ကျတဲ့ ပြောသင့်မှပြောတဲ့ ကမ္ဘာ့လူထုအတွက်လဲ မင်္ဂလာရှိတဲ့ အဖွဲ့အစည်းလို့ ကျောင်းနေစ ကလေးငယ်ဘ၀မှ လေးစားစွာ သိထားတာပါ၊ သမိုင်းဆရာတွေ ပညာရှင်တွေ အစိုးရတာဝန်ရှိသူတွေကလဲ ရိုဟင်ဂျာဆိုတာ မရှိကြောင်း မသုံးသင့်ကြောင်းရှင်ပြပြီးသားပဲ။

ပြောရရင် ရိုဟင်ဂျာအသုံးနှုန်းကို ကိုယ်တောင် ၂၀၁၂ နှစ်ဦးပိုင်းလောက်မှ စသိခဲ့တာပါ၊ စာသင်ခန်းဆရာက ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ presentation အလုပ်ခိုင်းမှ စသိခဲ့တာ၊ မကြားဘူးကြောင်း ပြန်ပြောတော့ ဆရာလဲ အံ့သြနေတယ်၊ ဘင်္ဂလီပဲ ရှိတယ် သိတယ်၊ ဘင်္ဂလီက ဘင်္ဂလီပဲ မွေးမယ်၊ ဘင်္ဂလီက သမိုင်းမှာ မတည်ရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတာမျိုး မမွေးနိုင်ပါဘူး၊ မျောက်က မျောက်ပဲမွေးသလိုပါပဲ။ ဘင်္ဂလီကို တရားဝင်နိုင်ငံသား ဖြစ်အောင်ပြောရင် ရေးရင် တော်သေးတယ်၊ ဒါတောင် ဖြစ်မဖြစ်ဆိုတာက နိုင်ငံမှာ လက်ရှိကျင့်သုံးတဲ့ ဥပဒေရှိတယ်၊ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်၊ ဖြစ်သင့်တယ်။

တိုင်းပြည်ပြည်အသီးသီးမှာ ပြည်တွင်းပြဿနာတွေ ရှိတယ်၊ ကိုယ့်ပြဿနာကို ကိုယ်အရင်မရှင်းကြပဲ မြန်မာနိုင်ငံပြည်တွင်းရေးကို လာလာပြီး စေတနာပိုပိုပြနေကြတာလဲ စဉ်းစားစရာကြီး ဖြစ်နေတယ်၊ မြန်မာပြည်က မနူးမနပ် အသွင်းကူးပြောင်းခါစ turning point ဆိုတော့ ကူညီမယ်ဆိုရင်လဲ စေတနာမှန်သူအတွက် အခွင့်အခါကောင်းသလို မကူညီပဲ အမြတ်ထုတ်ချင်သူတွေအတွက်လဲ အခါအခွင့်ကောင်းဆိုရမှာပါ၊ အစီအမံကတော့ ရေတိုရေရှည် အကြမ်းအနု နှစ်ခုလုံးဖြစ်နိုင်တယ်၊ သတိထားစရာ ကာကွယ်စရာ ပြင်ဆင်စရာတွေ အသိပညာပေးဖို့တွေက များလှတယ်၊ နောက်ကျရင်တော့ နောင်တကလွဲရင် မျှော်လင့်စရာ မရှိတော့ပါဘူး။

ကိုယ်အမြင်ကတော့ လောကဥပဒေ ဓမ္မဥပဒေ ဒီနှစ်ခု အညီအမျှကျင့်သုံးရင် အားကောင်းရင် ကျန်းမာနေရင် အားလုံးအဆင်ပြေတယ်၊ မတူတာမှ ကြိုက်သလောက် မတူညီချင်နေပါစေ ကွဲပြားရင်လဲ ကြိုက်သလောက် ကွဲပြားနေပါစေ ဒီဥပဒေသ နှစ်ခုကို တာဝန်သိလိုက်နာရင် အဆင်ပြေတယ်၊ အေးမယ်၊ ငြိမ်းမယ်၊ အခွင့်အရေးဆိုတာ တာဝန်ယူမှုအပိုင်းလို့ မြင်တယ်၊ တာဝန် မယူပဲ အခွင့်ရေးဆိုတာ မတောင်းအပ်ဘူး၊ တာဝန်သိရင် လိုက်နာကျင့်သုံးရင်ပဲ ကျေးဇူးဆပ်ရာ သိရာလဲ ရောက်ပါတယ်။

အခုလဲ မြန်မာနိုင်ငံမှာ မရှိတဲ့ ရိုဟင်ဂျာကို တွင်တွင်ကြီး နာမည်ဖောက် မှတ်ပုံတင်ပြီး ကမ္ဘာပြည်သူကြားအောင် ကုလသမဂ္ဂကစ ထည့်ပေး အော်ပေးရတာဆိုတော့ ဒါနာရေးသတင်းပဲလေ။ နာမည်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မရှိခြင်းဟာ သေဆုံးခြင်းတမျိုးပဲ မဟုတ်လား၊ သတင်းကနာရေးဆိုရင် သုမင်္ဂလ ဒုမင်္ဂလနှစ်ပါးမှာ ဘယ်ထဲပါမယ်ဆိုတာတော့ ကိုယ့်ကိုယ်ပဲ ဆုံးဖြတ်ကြပါတော့။

စာဖတ်နည်း & စာရေးနည်း

စာဖတ်နည်းကို ...
S
I
M
A
C
(SIMAC) လို့ အတိုကောက်ဆိုကြပါတယ်။ အဲဒီထဲက ...

S-ဆိုတာက Situation "ခေတ်၏အခြေအနေ"လို့ အကြမ်းဖျင်းအနက်ရတယ်။

I-ဆိုတာကတော့ Intention "စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာ" ဖြစ်တယ်။

M-ဆိုတာကတော့ Matter "အကြောင်းအရာ" ဖြစ်တယ်။

A-ဆိုတာကတော့ Approach "ချည်းကပ်နည်း" ဖြစ်တယ်။ ယခုခေတ်တော့ "ဇောင်း"ပေးခြင်းလို့ ဆိုတယ်။

C- ဆိုတာကတော့ Consistency "အကြောင်းအကျိုး" သို့မဟုတ် ရှေ့နှင့်နောက် ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်း ဖြစ်တယ်။

အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါငါးချက်ကို တွေ့အောင်ရှာရတယ်။

(ဦးရွှေအောင်, 2001, ဘ၀အကျဉ်းသား, နှာ.၈-၉)

စာရေးဆရာက ထပ်မှာပါသေးတယ် ...

"ဒီစာဖတ်နည်း (သို့မဟုတ် ရေးနည်း) ၅ မျိုးဆိုတာလည်း တကယ်တော့ နည်းသစ်နည်းဆန်းတော့ မဟုတ်ပါ။ နေတ္တိကျမ်းမှာပါပြီးတဲ့ ရှေ့ခေတ် ပိဋကတ်တော်များလေ့လာရေးနည်းပဲ ဖြစ်တယ်၊ ယုတ္တိဟာရ၊ လက္ခဏာဟာရနှင့် စတုဗျူဟာ ဟာရ-ဟာ ဒီစာဖတ်နည်းများထက် ပိုပြီးတော့ စုံပါတယ်"လို့ (၄င်း၊ နှာ.၁၂) မှာထပ်မံမှာသွားပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ simac - အတိုကောက်မှတ်ထားရင်ပဲ လိုရင်းရောက်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသုံးတည့်သလို သုံးတတ်ကြဖို့ပါ၊ ဒီအနှစ်ချုပ်သိထားရင်ပဲ စာပေဟောပြောပွဲတစ်ခုဖြစ်နိုင်ပါတယ်၊ ပြောတတ်မယ်ဆိုရင်ပေါ့။
Friday, September 7, 2012 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

မင်းချစ်သူမွေးနေ့

တေးရေးဆရာ မင်းချစ်သူ, သူ့မိခင်နှင့် Master, Ph.D ကျောင်းသားဦးဇင်းတွေနဲ့အမှတ်တရ
  
မင်းချစ်သူ ကြိုစားနေတဲ့ 7 online Radio ပုံစံ။

ဒီနေ့ (7/9/2012/) တေးရေးဆရာ မင်းချစ်သူ မွေးနေ့ဖြစ်ပါတယ်။ မင်းချစ်သူက သူ့မိခင်နှင့်အတူ ဘန်ကောက်ကို ရောက်နေတာပါ။ သူ့မိခင်နှင့်အတူနေတာမို့ သူမိခင်ကို ဘန်ကောက်ကို အလည်ခေါ်လာတာလို့ ပြောပါတယ်။ ဒီနေ့တော့ စက်တင်ဘာ ၇- ရက်နေ့ သူမွေးနေ့ပါတဲ့။ ဒါကြောင့် ဘန်ကောက်ရောက် MA. Master, Ph.D (Assumption University) မန်မာကျောင်းသား ရဟန်းတော်များကို လာရောက် နေ့ဆွမ်းကပ်ပါတယ်။ မွေ့နေ့ရှင်ကံကောင်းချင်တော့ မြန်မာရဟန်း ၇-ပါးကို သူမွေ့နေ့ ၇-ရက်နေ့မှာ ပျော်ပျော်ရွှင်ရွှင် သူမိခင်နဲ့ ကုသိုလ်ကောင်းမှု့လုပ်ခွင့်ရလိုက်တာပါပဲ။ 

သူက 7online radio အစီးအစဉ်ကိုလဲ စတင်စမ်းသပ်နေပြီဖြစ်ကြောင်းပြောသွား ပါတယ်။ မြန်မာသီချင်းကောင်းများကို မိမိကွန်ပျူတာနဲ့ I phone -များမှာ ဤ http://61.91.6.231/7OnlineRadio.exe (For PC)  http://61.91.6.231:88/broadwave.mp3 (For iPhone & Android) လင့်ကို ဒေါင်းလော့လုပ်ပြီး ဖမ်းယူနားဆင်နိုင်ပါတယ်။ သူတို့ဘ၀ လက်ရှိအနေအထား ကြုံတွေ့နေရတာ ရပ်တည်နေရတာ အခက်အခဲ ခေတ်ကာလအခြေအနေတွေကို သူအမြင်အရ ပြောပြသွားပါတယ်။ ခိုးကူးခွေတွေကိုလဲ ပြောသွားပါသေးတယ်။ သူပြောသွားတဲ့ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အရည်အချင်းတွေကို ထုပ်ပြခွင့်တွေ ရစေချင်တယ်တဲ့။ အရည်အချင်းရှိပြီး အခွင့်မသာလို့ စွမ်းရည်သတ္တိတွေ ပြသခွင့်မရရင် ဘ၀ဟာပျော်ရွှင်မှုမပြည့်စုံနိုင်ဘူးလို့ ပြောပါတယ်၊ အခု သူလုပ်နေတဲ့ 7online radio အစီအစဉ်အောင်မြင်ရင် သူကူညီဖြည့်ဆည်းပေးချင်တဲ့ ပါရမီရှင်တွေကို အခွင့်ရစေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒီနေ့တော့ မွေ့နေ့ရှင်က သီလတွေခံယူကျင့်သုံးတယ်၊ တရားတွေနားတယ်။ ကောင်းမှုတွေ သူသန္တာန်မှာ ထပ်မံမွေးဖွါးပေးလိုက်ပါတယ်။ သူမိခင်က ဦးစွာဘ၀ထဲရောက်အောင် မွေးဖွါးပေးခဲ့တာပါ။ အခုတော့ မွေးနေ့ရှင်က မိခင်ကိုလဲ ကောင်းမှုတွေနဲ့ ကျေးဇူးဆပ်တယ်။ သူကိုယ်တိုင်လဲ ကောင်းမှုနဲ့ ထပ်မံမွေးဖွါးပြီး ဘ၀မှာ ရှေ့လျှောက်အောင်မြင်မှုတွေ ရအောင် အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေပါပြီ။ ဒါကြောင့် မွေးနေ့ရှင် တေးရေးဆရာ မင်းချစ်သူ မွေ့နေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ရှည်မှန်းချက်တွေ အသီးသီးအောင်မြင်ပါစေ။ တိုင်ပြည်နဲ့လူမျိုး သာသနာကို ကိုယ်စွမ်းနိုင်ရာက ကိုယ်တတ်တဲ့ပညာနဲ့ ကူညီစောင့်ရှောက်နိုင်ပါစေလို့ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။
Thursday, September 6, 2012 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

ဗုဒ္ဓဘာသာနှင့် ကမ္ဘာကျော်များ

ငယ်ငယ်က ကိုယ်အားပေးခဲ့တဲ့ သူတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတယ်ဆိုတော့ ဂုဏ်ယူမိပါတယ်။ စိတ်ထဲမှာ သိချင်တာက ဘာအကြောင်းကြောင့် ဒီလိုဖြစ်လာကြတာလဲ ဆိုတာပါပဲ။ အနောက်ကလူတွေက အယူအဆနဲ့ အရာရာမှာ လွယ်လွယ်နဲ့တော့ လက်မခံတတ်ကြပါဘူး။ အမြဲဆန်းစစ်ဝေဖန်ပြီးမှ ယုတ္တိရှိမှ လက်ခံကြတာများပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ဘ၀ငြိမ်းချမ်းရင် အေးချမ်းရင် ကိုယ့်ပတ်ဝန်းကျင်လည်း အေးချမ်းငြိမ်းချမ်းမှာပဲ။ တကယ်ြ့ငိမ်းချမ်းရာ အစစ်က ကိုယ်တွင်းမှာပဲရှိပါတယ်။ မြင်တတ်ဖို့ ရှာတတ်ဖို့နဲ့ ကျင့်သုံးတတ်ဖို့ပဲလိုပါတယ်။

ဓမ္မဆိုတာ အဝေးကြီးမမြင်ရတဲ့ အရာ မသိနိုင်သေးတဲ့ အရာ အိပ်မက်ဆန်ဆန်မှ မဟုတ်တာ။ တကယ်တော့ ကိုယ့်ရဲ့ ကိုယ်နှုတ်စိတ်သုံးပါးကို စနစ်တကျဖြူစင်တောက်ပြောင်အောင် လေ့ကျင့်ပျိုးထောင်ခြင်းတစ်မျိုးပဲ။ အပြစ်ကင်းတဲ့ အတွေးအခေါ်အယူအဆဟာ ချမ်းသာကို ယူဆောင်လာတတ်တာ သဘာဝပါ။ ဓမ္မကိုကျင့်သုံးရင် ကိုယ်ကျင့်သုံးတဲ့ ဓမ္မက ကိုယ့်ကိုတကယ် ပြန်စောင့်ရှောက်တာပါ။ ဗုဒ္ဓကတော့ အယူဝါဒနဲ့ပတ်သက်လာရင် ကာလာမသုတ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ညွန်ပြထားပါတယ် -----
ဘာသာဝါဒ၊ မတူကြ၍၊ 
လောကအတွင်း၊ ငြင်းခုန်းခြင်းဖြင့်၊
ဆင်းရဲ့ဒုက္ခ၊ ရောက်ကုန်ကြ၏။

ဝါဒအယူ၊ မှားခဲ့မူကား၊
ဆူဆူ ဗုဒ္ဓ၊ ကယ်မရသည့်၊
လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
စေ့စုံ ဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ -

တဆင့် ကြား သိ၊ မိရိုး ဖလာ၊
ကောလာဟလ၊ ကျမ်းစာမျှနှင့်၊
ကြံဆ နည်းမှီ၊ ဆီလျော် သုံးသပ်၊
ယူချင်းထပ်၍၊ ယုံအပ်သူပဲ၊
ဆရာ စွဲဖြင့်၊ လွှဲပုံစိတ်ချ၊
မယူကြလင့်။

ဒိဋ္ဌ ကျင့်ကြံ၊ မှား မှန် ကောင်း ဆိုး၊
သိအောင် ကြိုး ဟု၊ မျိုး ကာလာမ၊
ဟောညွှန်ပြ၊ ၀ါဒ အယူစစ်တမ်းပေ။

ဒါကတော့ စာရေးသူ အမြင်ကို မိတ်ဆက်တဲ့အနေနဲ့ ဦးစွာပြောပြတာပါ။ အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
*****************

 
အီတလီက နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တို ဘက်ဂီယိုကလည်း ...
သူ့ရဲ့ကစားသမားဘ၀ ခြေစွမ်းကျချိန် ၊ ဒဏ်ရာများနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ .....
သူ ကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာက နည်းလမ်းများ ပြသပေးခဲ့တယ်လို့ ပြောပါတယ် ။

ကမ္ဘာကျော် ဘောလုံးသမား ဒေဗစ်ဘက်ခမ်း ကတော့ ...
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ထဲမှာ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးပြီဟု ဖော်ပြထားတယ်
လူမှုရေးအရှုပ်အထွေးတွေ ပေါ်လာတဲ့အခါမှ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ပိုပြီး သက်ဝင်ယုံကြည်မှု ရှိလာပါတယ်လို့ ...
ထိုင်းလူမျိုးမိခင်က မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်က ဆိုပါတယ် ။
သူဟာ သူ့မိခင်ရဲ့ ညွှန်ကြားချက်နဲ့ ၀ိပသနာလုပ်ငန်းစဉ်များကို ယနေ့အခါမှာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ် ။

ဗုဒ္ဓဘာသာဘုန်းကြီးတပါးလည်း ဖြစ်ခဲ့ဘူးပြီး ၊ယခုအခါ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခတဦးလည်းဖြစ် ၊
တိဘက် ဗုဒ္ဓဘာသာ ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ ဖခင်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာတဲ့ သူကတော့ ...
အမေရိကန်ရုပ်ရှင်မင်းသမီး Uma Thurman ဖြစ်ပါတယ် ။
ချစ်သူက ဗုဒ္ဓဘာသာ ဖြစ်လို့ ဗုဒ္ဓဘာသာအပေါ်ကို စိတ်ပါဝင်စားပြီး .....
ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့ လူတစ်ယောက်ကတော့ Orlando Bloom ရဲ့ချစ်သူ Kate Boswoth ဖြစ်ပါတယ် ။
ဗုဒ္ဓရဲ့တရားနဲ့ ပတ်သက်ပြီး Kate Boswoth ရဲ့ ပြောပြချက်တွေကတော့ ...
ဗုဒ္ဓရဲ့တရားဟာ မယုံကြည်နိုင်စရာ စိတ်အခြေအနေကို တွေ့ရပြီး အလွန်လှပတဲ့နေရာတစ်ခုအနေနဲ့လဲ တွေ့မြင်မိပါတယ်။
အခြေခံအားဖြင့် မိမိကိုယ်ကို ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲရောက်ရှိစေပြီး ဘာတွေ အဓိကဖြစ်ချင်တယ်ဆိုတာကို ညွှန်ပြပေးပါတယ်။
နောက်ထပ်ပြောချင်တာကတော့ တကယ့်ကို အံ့မခန်းပါဘဲ လို့ 0rlando Bloom ရဲ့ ချစ်သူဟောင်း Kate Boswoth ကဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ်တည်းက ဂျပန်ကိုရောက်ရှိပြီး .....
ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာအကြောင်းတွေ ၊ယဉ်ကျေးမှုလက်ရာတွေကို လေ့လာသင်ယူခဲ့တဲ့လူကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား Steven Seagal ဖြစ်ပါတယ်။
သူဟာ အမေရိကကို မပြန်ခင် ဂျပနိုင်ငံမှာ ၁၅ နှစ်ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ် ။
Steven Seagal က ၂၇ နှစ်လုံးလုံး သူဟာ တရားရှုမှတ်မှုကို လေးလေးနက်နက် လုပ်ကိုင်ခဲ့ပါတယ်လို့ ပြောပါတယ်
ဒါပေမယ့် သူယုံကြည်တာက ဇင်ဗုဒ္ဓဘာသာ

ဖြစ်လို့ သူ့ရဲ့တရား ရှုမှတ်မှုဟာ ထေရ၀ါဒနည်း ကျမကျ ဆိုတာကတော့ ပြဆိုထားတာမတွေ့ရပါဘူး။

ဘယ်လိုပဲဖြစ်နေပါစေ ၊ ကျွန်တော်တို့ လေးစားအားကျ တဲ့ celebrities တွေက ...
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဂရုတစိုက်လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်ဆိုတာ ယုံမှားသံသရရှိစရာ မလိုပါဘူး ။
အဲဒီလောက်ဆိုရင် စာဖတ်သူ သူငယ်ချင်းများလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးအုံးမှာပါ။
ဝေဖန် ၊ အကြံဥာဏ်ပေးချက်တွေကို လည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။


မှတ်ချက်၊ အင်တနက် စာမျက်နှာရှိ အချက်အလက်များပေါ်တွင် အခြေခံ၍ ကိုးကားရေးသားပါသည်။
မှတ်ချက်၊ FB ( Ashin Tikkha ) မှဖော်ပြခြင်းဖြစ်သည်။
Tuesday, November 2, 2010 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

ပက္ခဒိန-ပြက္ခဒိန်

ပြက္ခဒိန်ဆိုသည်မှာ နေ လ ကမ္ဘာတို့၏ သွားလာရွေ့လျှားမှုကို နောက်မှလိုက်၍ မှတ်တမ်းတင်ထားသော အရာတစ်ခုဖြစ်သည်။ ပြက္ခဒိန်တစ်ခု၏ အခြေခံမူလ တွက်ချက်ထားမှုသည် အဓိကအားဖြင့် နေနှင့်ကမ္ဘာကို အခြေခံ၍ တည်ဆောက်ထားသည်။

မြန်မာပြက္ခဒိန်သည် လကိုအခြေခံထားသည်။ ယခုနိုင်ငံတကာသုံး အင်္ဂလိပ်ပြက္ခဒိန်သည် အင်္ဂလိပ်ပြက္ခဒိန် မူရင်းမဟုတ်ပါ။ အီဂျစ်ပြက္ခဒိန်ကိုယူ၍  ရောမနိုင်ငံ ပုတ်ရဟန်းမင်းကြီး ဂါရီဂိုရီက အတတ်နိုင်ဆုံး အမှား အယွင်းနည်းအောင် ပြုလုပ်ခဲ့သည်။

ကမ္ဘာသည် နေကိုတပတ်ပတ်မိရင် (၃၆၅) ရက် (၅) နာရီ (၄၈) မိနစ် (၄၆.၄) စက္ကန့်ထိကြာသည်။ သို့သော် တနှစ်၏ ရက်ကို တွက်ချက်ရာတွင် လွယ်ကူအောင် (၃၆၅) ရက်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။ ကျန်တဲ့ နာရီကို (၄) နှစ်တစ်ကြိမ်၊ မိနစ်ကို နှစ် (၁၀၀) တစ်ကြိမ်၊ စက္ကန့်ကို နှစ် (၁၀၀၀) တစ်ကြိမ်ကျစီ လိုနေတဲ့ နာရီ၊ မိနစ်၊ စက္ကန့်များကို ထပ်ဖြည့်ပေးရသည်။

ကမ္ဘာသည် မိမိဝင်ရိုးပေါ်တွင် တရက်လျှင် (၂၄) နာရီ၊ (၃၆၀ံ) ဟုဆိုရစေကာမူ ကမ္ဘာသည် တစက္ကန့်လျှင် (၁၈) မိုင်နှုန်းဖြင့် နေကိုလှည့်ပတ်နေသောကြောင့် (၃၆၀ံ) သို့မဟုတ် (၂၄) နာရီ၊ (၄) မိနစ်ကျ နေ၏ တရက်နှင့် ညီလာသည်။ (၁ံ) (၄)မိနစ်ကျ နေ့စဉ်အကြွေး ဆပ်နေရသည်။ ပိုနေပြီး မရေတွက်သည့် နာရီ၊ မိနစ်၊ စက္ကန့် များကို ပေါင်းယူပါက တနှစ်လျှင် (၁၁)ရက် ပိုထွက်လာသည်။

သို့အတွက် (၃)နှစ်တကြိမ် မြန်မာလတွေမှာ ၀ါထပ်ပေးရသည်။ ကမ္ဘာမြေကြီးက မိမိဝင်ရုံးစွန်းပေါ်မှာ လှည့်ပတ်နေခြင်းကို နေ့နှင့်ညဟုခေါ်သည်။ လသည် ကမ္ဘာမြေကို လှည့်ပတ်၍ တပတ်ပြည့်သောအချိန်ကို တလဟုခေါ်သည်။ ကမ္ဘာမြေကြီးက နေကို လှည့်ပတ်၍ တပတ်ပြည့်ခြင်းကို တနှစ်ဟုခေါ်သည်။
(ကိုပညာ-ဗန်းမော်)