Tuesday, November 26, 2013 By: ဘ၀ဇာတ်ခုံ

တနေ့တာ

နေရတာက ဘောလုံးကွင်းနဲ့လဲ ခပ်လှမ်းလှမ်းဆိုတော့ ကြားနေရတယ်၊ တညလုံး ပြိုင်ပွဲလိုလိုအသံတွေ ဆူညံနေတယ်၊ စဉ်းစားနေမိတာက မြန်မာနိုင်ငံမှာ ဆီးဂိမ်းကနီးနေပြီဆိုတော့ ထိုင်းက အားကစားသမားတွေ ပြိုင်ပွဲအတွက် တညလုံး အသည်းအသန် လေ့ကျင့်နေပြီးလို့၊ အမှန်တော့ တွေးတာ မှားတာပါ။

မိုးလင်းတော့ ပိုထင်ရှားလာတယ်၊ အခုတော့ အနီးဝန်ကျင်တောင် ရောက်လာပြီ၊ အသံလာရာ မေးကြည့်တော့ လတ်တလောဖြစ်နေတဲ့ ဘန်ကောက် ရှပ်နီနဲ့ရှပ်ဝါ အားပြိုင်နေတာတဲ့၊ အနီလား အ၀ါလားတော့ မသိ၊ ဆန္ဒတွေပြဖို့ ပြင်ဆင်နေတာ ဟောပြောနေတာ သူ့ဖက်ကိုယ့်ဖက် ဆိုတော့ ဆူညံနေတယ်၊ သတိထားမိတာ သုံးပတ်လောက်ရှိလာပြီ။ 




ဒီနေ့လဲ အနီးက ခြောက်သောင်းအင်အား အ၀ါဖက်က လေးသိန်းအင်အား လို့ပြောနေကြတယ်၊ စိတ်ညစ်စရာကြီးက စိတ်ဝင်စားစရာကြီးများ ဖြစ်နေလားတော့ မသိဘူး၊ ဆရာရယ် ခဏရောက်နေတဲ့ သူငယ်ချင်းရယ် သုံးယောက်သား Kinokuniya စာအုပ်ဆိုင်ကို သွားနေတာ အဆင်တောင် ပြေပါ့မလားဆိုပြီး တွေးနေမိတယ်။
အသွားအပြန် ဒီတခါတော့ အဆင်ပြေချောမွေ့သွားပါတယ်။



သတိထားမိတယ်၊ စည်ကားလှတဲ့ MBK တောင် အရင်နဲ့စာရင် လူပါးတယ်၊ လမ်းပေါ် အငှါးကားတွေလဲ ပါးတယ်၊ ဆန္ဒတွေပြနေတော့ သွားရေး လာရေးခက်တယ်၊ စီးပွါးရေးသမားတွေ အလုပ်လုပ်ရသူတွေ အနှောက်အယှက်တော့ ဖြစ်မှာ ဧကန်ပဲ၊ ကိုယ်တော့ စာအုပ်ဆိုင်ကြီး ရောက်တော့ စာအုပ် ဘတ်လေးထောင်ကျော်ဖိုး ၀ယ်လာခဲ့တယ်၊ ကျောင်းပြီး အချိန်ရ အေးဆေးဖြစ်တဲ့အခါ ဖတ်ဖို့ရယ် ကိုယ်သင်ကြားတဲ့အခါ အသုံးဝင်နိုင်မဲ့ စာအုပ်တွေလဲ ပါခဲ့ပါတယ်၊ တနေ့တာ မှတ်မိတာလေးတွေပါ။


ဘ၀ဇာတ်ခုံ
၂၅။ ၁၁။ ၂၀၁၃။


0 အကြံပြုစာ: