Saturday, November 23, 2013 By: ဘ၀ဇာတ္ခုံ

ဥပမာ ဥပေမယ်

မစင်ဆိုတာ နံပါတယ်၊ အရင်ကလဲ နံတယ်၊ အခုလဲနံတယ်၊ နောင်လဲ နံနေအုန်းမယ်၊ သူများကို နံစေချင်လို့ မစင်နဲ့ ကိုင်ပေါက်သူဟာ သူများနံမနံက ဒုတိယပါ၊ ဦးစွာကိုယ်က ကိုင်ရသူမို့ အရင်နံရမှာပါ။

ရေမွှေးဆိုတာ သင်းပျံ့မွှေးပါတယ်၊ အရင်ကလဲ မွှေးတယ်၊ အခုလဲ မွှေးတယ်၊ နောင်လဲ မွှေးနေအုန်းမယ်၊ သူများကို မွှေးစေချင်လို့ ရေမွှေးနဲ့ ပက်ဖျန်းသူဟာ ကိုယ်တိုင်လဲ သင်းရနံ့ ဦးစွာရသလို တဖက်သားလဲ သင်းရနံ့ခံးစားရတယ်။

ဒါလေးက ဥပမာလေးတွေပါ။ ဥပမာ မကောင်းရင် ဥပမေယျလည်း မကောင်းနိုင်ဘူး၊ ဥပမာ ကောင်းရင် ဥပမေယျလည်း ကောင်းပါတယ်။ ဥပမာ ဥပမေယျဆိုတာ ရှေ့သွားနောက်လိုက် ညီကြတယ်။ ကိုယ့်ကိုယ်လဲ နေ့စဉ်ဘ၀မှာ ဘယ်လို ခိုင်းနိုင်ချင်လဲ။ ရေမွှေးလေးလို ကောင်းတာလေးတွေကိုပဲ ရွှေးချယ်ပေးပါ။

ဤနေရာမှာ စိတ်နေစိတ်ထားကို ညွန်းဆိုချင်တာပါ။ ဒေါသရဲ့ ဆိုးကျိုး မေတ္တာရဲ့ ကောင်းကျိုးကို ပုံခိုင်းချင်တာပါ။ စကားလုံးသုံးတာ လွဲချော်သွားရင် ရင့်သီးသွားရင်လဲ ခွင့်လွတ်ပါ။

0 အကြံပြုစာ: