Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

အတ္တာနဉ္စေ ပိယံ ဇညာ

လာရာကိုလဲ မမေ့သင့်သလို ပြန်ရမဲ့ နေရာကိုလဲ မမေ့သင့်ဘူးနော်။
နေရတဲ့ ရက်တွေက များတယ်ထင်နေတော့ ပြန်ရမဲ့ တစ်ရက်ကလေးကို မေ့နေတတ်တယ်။
နေရတဲ့ ရက်တွေမှာလဲ သောက်သောက်စားစား စုမထားဘူး။
သင်ထားသမျှ အသိဉာဏ်လေးတွေနဲ့ ရစ်ရစ်မူးမူး မူးမူးရစ်ရစ်၊
ကိုယ့်ကိုယ် နေ၀င်တော့မယ့် အချိန်တောင် တစ်ချို့က မီးလေးနဲ့ထွန်းညှိပြီး ကဲလိုက်ချင်သေးတာ။
မိုက်တယ်ပြောတာမဟုတ်ပါဘူး၊ ကလေးဆန်လွန်းတာ
ရောက်တဲ့နေရာ ရှိတဲ့အရပ် လျှောက်ခဲ့သမျှ ကျေနပ်ပြီးလား။
တိတ်ဆိတ်တဲ့ အချိန်မှာ တိုးတိုးလေး မေးကြည့်စမ်းပါ။
မဆုံးတဲ့ဇတ်ကို ကရတာကိုပဲ မောတယ်ပန်းတယ်မထင်ရလောက်အောင် တွယ်တာတွေ မျှော်စရာတွေကများတယ်။ မပြည့်တဲ့အိုးကိုမှ ရေတွေထပ်ထပ်ဖြည့်ဖြည့်ပေးနေတာ ၀ဋ်လည်တာမဟုတ်ဘူး၊ အလိုလိုက်လွန်းတာပါ၊ ကိုယ့်စိတ်ကိုယ် အလိုလိုက်လွန်းအားကြီးရင် ပျော်သလိုလိုပဲ။
ဒါပေမဲ့ တကယ်မပျော်နိုင်သူတို့ဘ၀ဆိုတာ အဲဒီလူတွေပဲ မယုံမရှိနဲ့၊ ရှာဖွေမှုတွေ မမှားစေချင်ဘူး၊ အရှာမှားတဲ့သူဟာ ဝေဒနာခါးသလို ပြဿနာလဲများများလာမယ်၊
ဖြတ်သင့်တာကို မဖြတ်ရင် ပြတ်သင့်တာ မပြတ်ပဲ မပြတ်သင့်တာ ပြတ်သွားနိုင်တယ်။ ကိုယ့်ကိုယ်ညာတာလောက် ဘာသာပြန်ခက်တာ ဘာရှိအုန်းမလဲ။ ကိုယ့်ကိုယ်ချစ်ရင် မညာပါနဲ့။ ရိုသေပါ။ လေးစားပါ၊ တန်ဘိုးထားပါ၊ သတ္တိရှိပါ။ သတိရှိပါ။ ဒါလိုရင်းပဲ မဟုတ်လား။

0 အကြံပြုစာ: