Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

ကျေးဇူးရှင်နဲ့ကိုရင်

ကိုရင်ဘ၀ ရွာမသံမဏိစက်ရုံနားက ဆွမ်းခံအိမ်ကို ဆွမ်းခံကြွတယ်၊ တစ်နေ့ အိမ်ပေါ်ရောက်တာနဲ့ ဒကာမကြီးက ပြောတယ်၊ ကိုရင် ကိုရင်ဒကာကြီးကြောင့် တပည့်တော်တို့ နယ်ပြောင်းရွှေ့ရတော့မယ်၊ ပြောင်းရမဲ့နေရာက ဘယ်သူမှစိတ်မ၀င်စား မသွားချင်တဲ့နေရာ ကိုရင်။ ဘာဖြစ်လို့တုန်းလို့ မေးတော့ ကိုရင်ဒကာကြီးက လူမှန်ကြီးလေ၊ ဌါနအလုပ်မှာ ခိုးတာ ၀ှက်တာ မရိုးသားတာ မလုပ်တတ်ဘူး၊ သူများလုပ်တာမြင်ရင်လဲ မကြိုက်ဘူး၊ အဲဒါ အလုပ်ထဲ အထက်လူကလဲ မရိုးသားတာ လုပ်ဖို့ခက်နေတယ်၊ အောက်လူကလဲ မဟုတ်တာလုပ်ဖို့ ခက်နေတယ်၊ သူတို့အောက်ဆိုဒ်မရတော့ ကိုရင်ဒကာကြီးကို မကြည်ကြဘူး၊ အဟန့်အတားဖြစ်နေတယ်၊ အဲဒါ သူတို့က ပထုတ်တဲ့ သဘောပဲ ကိုရင်၊ ပြောင်းလို့ ဟိုရောက်ရင် လိပ်စာပေးလိုက်မယ်၊ ကိုရင် အဆက်အသွယ် မပြတ်စေနဲ့နော်။ ကိုရင်လဲ မမေ့နဲ့။ စာလဲထည့်။
------------
အမှန်တော့ ဒကာကြီးက လူတော်လူကောင်းတစ်ယောက်ပါ၊ လူမှန်နေရာမှန်တော့လဲ မူမမှန်တဲ့သူတွေကြားမှာ မျက်နှာမရခဲ့ရှာဘူး၊ အဲလိုတွေ အများကြီး ရှိနိုင်တယ်လို့ အတွေးမှာ ပေါ်နေမိတယ်၊ တကယ်တော့ ပြန်ဆက်သွယ်ချင်ပေမဲ့ လိပ်စာလဲ မသိ၊ နေရာလဲ မသိ၊ ရှာပုံတော်က အမှန်ခက်တယ်၊ ကျေးဇူးရှင်နဲ့ကိုရင်ကတော့ ဒီလောက်ပဲ ထင်ပါတယ်၊ ပြောသွားမှာသွားတဲ့ စကားသာ ပြန်ပြန်ကြားယောင်နေမိတယ်၊ ကျေးဇူးရှင်တွေ ရောက်ရာအရပ် ကျန်းမာပျော်ရွှင်ပါစေ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေမိတယ်။