Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

မယားလေးယောက်

တခါတုန်းက အလွန်ချမ်းသာကြွယ်ဝတဲ့ ကုန်သည်ကြီးတဦးမှာ မိန်းမလေးယောက် ရှိပါတယ်။ သူဋ္ဌေးကြီးဟာ မိန်းမလေးယောက်ထဲက လေးယောက်မြောက် မိန်းမကို အချစ်ဆုံး ဖြစ်တယ်။ လေးယောက်မြောက် မိန်းမကို တန်းဖိုးကြီးမားတဲ့ လက်ဝတ် ရတနာတွေ ပေးတယ်။ အ၀တ်အစား ဆိုရင်လည်း တကယ့် တန်ဖိုးကြီးတာတွေချည်း ၀ယ်ပေးတယ်။ အစားအသောက် ဆိုရင်လည်း တကယ့်အကောင်း စား တွေ ချည်း ကျွေးပါတယ်။ ကျန်တဲ့မိန်းမ၃ယောက်ထက်စာရင် လေးယောက်ြေ မာက်မိန်းမ ကို သူဋ္ဌေးကြီးက ပိုပြီး မျက်နှာသာပေးပါတယ်။ သူဋ္ဌေးကြီးဟာ နံပါတ် ၃ အဆင့်မှာရှိ တဲ့ မိန်းမကိုလည်း အလွန်ချစ်ပါတယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ နဲ့ တွေ့ဆုံ တဲ့အခါ သူဋ္ဌေးကြီးဟာ နံပါတ်သုံး မိန်းမကို အမြဲတမ်းပဲ ဂုဏ်ယူ ၀င့်ကြွားပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ သူဋ္ဌေးကြီးဟာ သူရဲ့မိန်းမဟာ အခြားယောက်ျား တဦးနောက် ပါသွားမှာကိုတော့ အရမ်းပဲ စိုးရိမ်ထိတ် လန့်နေပါတယ်။ သူဋ္ဌေးကြီး ဟာ နံပါတ် ၂ မိန်းမကိုလည်း အလွန်ချစ်တယ်လို့ ဆိုပါတယ်။ နံပါတ် ၂ မိန်းမဟာ သူတဖက်သား အပေါ် အလွန် သနားကြင်နာတတ်သလို အလွန် သည်းခံစိတ်ရှိသူလည်း ဖြစ်ပါတယ်။ သူမဟာ ကုန်သည်အလုပ်မှာ အလွန်ကျွမ်းကျင်နိုင်နင်းသူလည်း ဖြစ်ပါတယ်။

သူဋ္ဌေးကြီးဟာ ကုန်သည်အလုပ်နဲ့ ပတ်သက်ပြီး ပြဿနာ တစုံတရာပေါ်လာခဲ့ရင် နံပါတ်နှစ် မိန်းမဆီကနေ အကြံဥာဏ်တွေ ရယူလေ့ရှိပါတယ်။ အဲဒီအခါ အခက် အခဲ ပြဿနာ အားလုံးဟာ အကုန်ပြေလည် သွားတတ်ပါတယ်။ သူဋ္ဌေးကြီး ရဲ့ နံပါတ် ၁ နေရာမှာရှိတဲ့ မိန်းမကတော့ သူဋ္ဌေးကြီးရဲ့ မိတ်ဆွေတွေနဲ့ အလွန်ပဲ ရင်းရင်းနှီးနှီး အကျွမ်းတ၀င် ရှိပါတယ်။ သူမဟာ ဆက်ဆံရေး ကောင်းမွန် သူတဦးလို့ ပြောရပါမယ်။ သူဋ္ဌေးကြီးရဲ့ စီးပွါးရေး လုပ်ငန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တိုးပွါးအောင် လုပ်ခြင်းတို့နဲ့ သူဋ္ဌေးကြီးကို အလွန်ဂရုစိုက်ပါတယ်။ နံပါတ် ၁ မိန်းမဟာ သူဋ္ဌေးကြီးကို အလွန်ချစ်မြတ်နိုးပေမဲ့ သူဋ္ဌေးကြီးကတော့ သူမကို ဘယ်လိုမှ မေတ္တာ မရှိဘူးဖြစ်နေ ပါတယ်။ တနေ့မှာတော့ သူဋ္ဌေးကြီးဟာ အလွန်နာမကျန်းဖြစ်သွား ပါတယ်။ နေထိုင် မကောင်းဖြစ်လို့ အိပ်ရာထဲ ဘုန်းဘုန်းလဲနေချိန်မှာ သူဟာ သိပ်မကြာခင် မှာပဲ သေ ရတော့ မယ်ဆိုတာကို သိရှိသွား ပါတယ်။ သူဋ္ဌေးကြီးဟာ သူ့ရဲ့ ကြွယ်ဝချမ်းသာ မှုတွေကို ပြန်စဉ်းစားရင် ငါအခု သေရတော့ မယ်။ ငါ့မှာ မိန်းမလေးယောက်တောင် ရှိတယ်။

ဒါပေမဲ့ သေတဲ့အခါ ငါတယောက်ထဲ သေရမှာ၊ ဘယ်လောက်တောင် အထီးကျန် လိုက်ပါသလဲ လို့ သူကိုသူ ပြန်တွေးနေမိတယ်။ ပြီးတော့ နံပါတ် လေး မိန်းမ ကို ပြောလိုက်ပါတယ်။ ငါဟာ မင်းကို အချစ်ဆုံး အခွင့်အရေး အပေးဆုံးဆိုတာ မင်းသိပါတယ်။ အကောင်းဆုံး တန်းဖိုးအရှိဆုံး ဖြစ်တဲ့ လက်ဝတ်ရတနာတွေ အဆင်တန်ဆာတွေ ဆင်ပေးခဲ့ အစားအသောက်ဆိုရင် အကောင်းဆုံးတွေကို မင်းကို ဦးစားပေးပြီး ကျွေးခဲ့တယ်။ ငါအမြတ်နိုးဆုံး ငါ့ရဲ့ ကြင်နာယုယမှုတွေ အားလုံးကို လည်း မင်းကိုပဲ ပပြေးခဲ့တယ်။ အခု ငါသေရတော့မယ်။ မင်း ငါနဲ့အတူလိုက်ပြီးေ သပေး နိုင်မလား လို့ မေးလိုက်တဲ့အခါ နံပါတ် လေးမိန်းမက ဘယ်လိုမှ မဖြစ် နိုင်ကြောင်းပြောပြီး သူဋ္ဌေးကြီးကို ထားခဲ့ပြီး အဝေးကို ထွက်သွား ပါတော့တယ်။ နံပါတ် လေးမိန်းမရဲ့ အဖြေက သူဋ္ဌေးကြီးရဲ့ အသဲနှလုံးကို ဓားထက်ထက်နဲ့ ခွဲလိုက်သလို သူဋ္ဌေးကြီးကို နာကျင်ခံစားသွားစေပါတယ်။

သူဋ္ဌေးကြီးဟာ စိတ်ညစ်ညစ်နဲ့ နံပါတ် ၃ မိန်းမကို “ငါဟာ ငါ့ဘ၀တခုလုံးကို ပုံအပ်ပြီး မင်းကို ချစ်ပြခဲ့တယ်။ ငါ မင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ မင်းသိပါတယ်။ ငါ အခု သေရတော့မယ်။ မင်း ငါ့ကို အဖော်ပြုတဲ့အနေနဲ့ ငါနဲ့အတူလိုက်ပြီး သေနိုင် ပါ့မလား လို့ မေးလိုက်တဲ့အခါ နံပါတ် ၃ မိန်းမကလည်း လိုက်မသေပေး နိုင်ကြောင်း ပြန်ပြော လိုက်ပါတယ်။ ပြီးတော့ သူမက ဘ၀ဆိုတာအလွန်ပျော်စ ရာကောင်း တဲ့ အရာ တခုဖြစ်တယ်။ ဒါကြောင့် သူဋ္ဌေးကြီးသေတဲ့အခါ သူမ ဟာ နောက်ထပ် အိမ်ထောင်ထပ်ပြုပါဦးမှာမို့ အတူလိုက် မသေနိုင်ကြောင်း ပြော တဲ့အခါ သူဋ္ဌေးကြီးဟာ အလွန်ပဲ စိတ်ညစ်သွားပြန်ပါတယ်။ နောက် သူဋ္ဌေးကြီးဟာ နံပါတ်နှစ် မိန်းမကို ငါဟာ အကူအညီလိုတိုင်း မင်းကို ပြောပြခဲ့တယ်။ မင်းကလည်း ငါကို အမြဲတမ်း ကူညီခဲ့တယ်။ ငြင်းပယ်ခဲ့တယ်ဆိုတာ တခါမှ မရှိခဲ့ဘူးဘူး။ အခုလည်း ငါ မင်းရဲ့ အကူအညီ လိုပြန်ပါပြီ။ အခု ငါသေရတော့မယ်။ ငါသေတဲ့အခါ တယောက် ထဲ အထီးမကျန်ရအောင် မင်းငါနဲ့အတူလိုက်ပြီး သေပေးပါ လို့ ပြော လိုက်ပါတယ်။ အဲဒီအခါ သူမက ဒီတခါ ဘယ်လိုမှမကူညီနိုင်တော့ ပါကြောင်းနဲ့ ကူညီတဲ့အနေနဲ့ သူဋ္ဌေးကြီး သေတဲ့အခါ သုဿာန်အထိ လိုက်ပို့ေ ပးပါ့မ ယ်လို့ ပြန်ြေ ပာ လိုက်တဲ့ အခါ သူဋ္ဌေးကြီးဟာ အလွန်ပဲ ပိုပြီးတော့ စိတ်ထိခိုက်သွားပါတော့တယ်။

သူဋ္ဌေးကြီးဟာ စိတ်အလွန်ထိခိုက်ပြီး ၀မ်းနည်းပက်လက် ဖြစ်နေချိန် မှာပဲ ကျမဟာ သူဋ္ဌေးကြီးနဲ့အတူ လိုက်သေပါ့မယ်။ သူဋ္ဌေးကြီး ဘယ်ကိုပဲ သွားသွား သူဋ္ဌေးကြီး သွားတဲ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါ့မယ် ဆိုတဲ့ အသံကို ကြားလိုက်ရ ပါတယ်။ သူဋ္ဌေးကြီးဟာ အသံကြားလို့ ဘယ်သူပါလိမ့်လို့ လှမ်းကြည့်လိုက်တဲ့ အခါ သူ့ရဲ့ နံပါတ် တစ် မိန်းမ ဖြစ်နေတာကို တွေ့ရပါတော့တယ်။ သူမဟာ အစာအာဟာရ ၀၀လင်လင် မစားရတဲ့ လူတယောက်လို အလွန်ပဲ ပိန်လှီခြောက်ကပ်နေပါတယ်။ သူမကို တွေ့လိုက်ရတဲ့အခါ သူဋ္ဌေးကြီးဟာ အလွန်စိတ်ထိခိုက်သွားပြီး ငါကျန်းမာနေ တဲ့အချိန်မှာ မင်းကို ကောင်းကောင်း ဂရိုက်ခဲ့သင့်ပါတယ် လို့ ၀မ်းနည်းစကားပြောလိုက်ပါတယ်။

တကယ်တော့ လူသားအားလုံးဟာ ဘ၀မှာ မယားလေးယောက်ဆီရှိတယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ ရှိနေကြတဲ့ မယားလေးယောက်ဆိုတာက---

(၁) နံပါတ်လေးယောက်မြောက် မယားဟာ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။ နံပါတ်လေး ယောက်မြောက် မယားနဲ့ တူတဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်လောက်ပဲ တန်ဖိုးရှိတာတွေနဲ့ အလှဆင်ဆင်၊ ဘယ်လောက်ပဲ အချိန်တွေ ငွေတွေသုံးပြီး ဂရုစိုက်စိုက်၊ ဘယ်လောက်ပဲ ယုယယုယ နောက်ဆုံး သေဆုံးတဲ့အခါ ထားပစ်ခဲ့မှာပါ။

(၂) နံပါတ်သုံးယောက်မြောက် မယားကတော့ လူသားတွေရဲ့ ပိုင်ဆိုင်မှုတွေပဲ အဆင့်အတန်းတွေ၊ ကြွယ်ဝချမ်းသာမှုတွေပဲ ဖြစ်ပါတယ်။ ဘ၀မှာ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ၊ သေဆုံးကြတဲ့ တနေ့ရောက်ရင် နံပါတ်သုံးယောက်မြောက် မယားလိုပဲ ပိုင်ဆိုင်မှုတွေအားလုံးဟာ သူတပါးလက်ထဲ ရောက်သွားကြရမှာမို့ ပစ္စည်းဥစ္စာတွေဟာ နံပါတ်သုံးယောက်မြောက် မယားနဲ့ တူတယ်လို့ ဆိုပါတယ်။

(၃) နံပါတ်နှစ်ယောက်မြောက် မယားဆိုတာကတော့ မိသားစုတွေ မိတ်ဆွေ အပေါင်း အသင်း တွေကို ဆိုလိုတာပါ။ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်း ဆိုတာတွေဟာ မသေခင်အချိန် လေးမှာ ဘယ်လောက်ပဲ နီးနီး ကပ်ကပ် နေနေ ပါစေ။ သေဆုံးသွားတဲ့ အခါမှာတော့ အလွန်ဆုံး သုဿာန်အထိပဲ လိုက်ပို့ နိုင်ကြမှာပါ။

(၄) လူသားတွေရဲ့ စိတ် ကို နံပါတ် တစ်အဆင့်မှာရှိတဲ့ မယားလို့ ဆိုလိုတာပါ။ စိတ်ဟာ ရုပ်ပိုင်း ဆိုင်ရာ ချမ်းသာကြွယ်ဝမှုတွေ ပျော်ရွှင်မှုတွေနောက် တကောက် တကောက်လိုက်ရင်း မသိကျိုးနွံ အပြုခံနေရပါတယ်။ ဘယ်ကိုသွားသွား အတူလိုက် ပါ့မယ်လို့ ပြောခဲ့တဲ့ ပထမမယားလို လူသားတွေ နောက် တကောက်ကောက် ပါအောင် လိုက်နေမှာက စိတ် သို့မဟုတ် ကံတရား တွေပါ။
ပုံပြင်ထဲက သူဋ္ဌေးကြီးလို အချိန်လွန်မှ နောင်တတွေ၊ စိတ်ဆင်းရဲမှုတွေ မဖြစ်ရလေေ အာင် ဘ၀နိဂုံး အဆုံးမသတ်ခင် အချိန်လေးအတွင်းမှာ ကိုယ့်အတွက် ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာအတွက် ၊ လောက လူသားတွေအတွက် ကောင်းတဲ့ မှတ်တိုင်လေးတွေတော့ စိုက်ထူသွားနိုင်အောင်တော့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ကိုယ့်နောက် ကနေ ထပ်ကြပ်မကွာ တကောက်ကောက်လိုက်နေမဲ့ အရာမဟုတ်ပါလား။

ကိုသစ် (သီတဂူ)
7/10/2013

0 အကြံပြုစာ: