Friday, November 23, 2012 By: ဘ၀ဇာတ်ခုံ

ဒဏ်ရာတွေနဲ့ ညည်းတွားနေတဲ့မြို့

ရေပြင်ကို ငေးကြည့်လိုက်လေ
ရောင်စုံလှိုင်းတွေစီးဆင်း
ရှင်သန်ခြင်းဆိုတာ
သက်ရှိမြစ်တစင်းပေါ့။

ဝေဟင်ကို မော့ကြည့်လိုက်လေ
ကြယ်ရောင်မရှိတဲ့ ညတွေမှာ
တိမ်ဖုံးနေတဲ့ လ

အမှောင်ထဲထားလည်း လင်းတာပါပဲ။

မြူနှင်းတွေ တဖွဲဖွဲကြွေနေပြီဆောင်းရေ
ကိုယ့်အတ္တကို လုံအောင်ခြုံတာတောင်
ဘာအနွေးဓာတ်မှ မရခဲ့ဘူး။
မြင်ကွင်းတွေက မှုန်ဝါးသလောက်
ဒဏ်ရာတွေက သွေးထွက်သံယိုများတယ်။
ဆပ်ပြာကောင်းမှ ခေါင်းပေါင်းဖြူမယ်ဆိုရင်တော့
အမှောင်တွေကို နှုတ်ဆက်
နေရစ်ခဲ့တော့ မြို့ပြညနေခင်းလေးရေ
ငါမြို့လေးက
အနာတရတွေနဲ့ ညည်းတွားနေတဲ့ ဒုက္ခသည်။

ကိုသစ် (သီတဂူ)
(23/11/2012)

1 အကြံပြုစာ:

Digital Marketing For Myanmar SMEs said...

ကောင်းပါတယ် အကို အားပေးနေပါတယ်