Friday, January 11, 2013 By: ဘ၀ဇာတ်ခုံ
 နှင်း
------
(၁)
မြစ်တွေက
ဖယောင်းတိုင်တတိုင်လို ဟန်ဆောင်နေမှတော့
ကြွေမနေနဲ့တော့ နှင်း
ရောက်ရာအရပ်က လှည့်ပြန်
မင်းခြေထောက်တွေ
သန်သေးတယ် မဟုတ်လား။

(၂)
မုတ်သုံလေအဝှေ့
ပင်လယ်တွေ အသက်ရှုကြပ်ချိန်
မြစ်တွေဟာ
အနားယူခဲ့ပေမယ့်
အယူမနားခဲ့ဘူးဆိုတာ နှင်းသိမှာပါ။
ကိုယ်လည်းဝေး စိတ်လည်းခွါ
သမုတိသစ္စာကို
ဒီလောက်တောင် ဖက်တွယ်နေမှတော့
ဝေ မနေနဲ့တော့ နှင်း
ကြားရာအရပ်က အမြန်ပြန်
မင်းအတောင်ပံတွေ သန်သေးတယ် မဟုတ်လား။
ဒီဆောင်းဟာ
နှင်းဝေပြရလောက်အောင်ထိ
ကိုယ်ကျင့်တရား ကောင်းတာမဟုတ်ဘူးရယ်။

(၃)

နှင်းရေ......
ပင်လယ်ကြီးတခုလုံးကို ထမ်းထားဖို့
ပန်းတပွင့်နဲ့တော့ မဖြစ်ဘူးပေါ့။
ဘာပဲဖြစ်ဖြစ်
ကိုယ်ကတော့
ပင်လယ်ကြီးကို
မနိုင်မနင်း ထမ်းပိုးနေမိတယ်။

ကိုသစ်
(11/1/2013)

0 အကြံပြုစာ: