Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

ကာရန် အလွဲများ

ပစိတ်ဖိတ်သမုဒ္ဒရာကြီးရဲ့
အရှေ့ဘက်ဆီက လွင့်ပျံလာတဲ့ ပဲ့တင်သံ
တနံတလျား ၀မ်းစာရှားမှန်းသိပေမယ့်
အိပ်မက်ကြီးကြီး မက်ပစ်လိုက်တယ်
ငါ...သာ
နိုဗယ်လ်ငြိမ်းချမ်းရေးဆုကြီးကို ရခဲ့ရင်.....။

အနူလက်နဲ့ ရွှေခွက်နှိုက်တယ်လို့ မပြောကြေး
ညီညွတ်ရေးနဲ့ ရွှေလက်တွဲ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပြီးမှာ
ဗုံးတွေ ဆက်တိုက်ကွဲတယ်။

လွှတ်တော်ထဲမှာတောင်
ထူးထူးခြားခြား နိုင်ငံခြားသားအမတ်တွေရှိသတဲ့။
သမ္မတကြီးက
မျိုးစောင့်ဥပဒေလက်ခံလိုက်ပြီဆိုတဲ့သတင်းနဲ့
နိုင်ငံသားမဟုတ်သူတွေလည်း
မဲပေးခွင့်ရှိတယ်ဆိုတဲ့သတင်းက
တရက်ထဲ နှစ်ကြိမ်ထက်မနည်း ဖတ်လိုက်ရတယ်။

ကဲပါ
ငြိမ်းချမ်းရေးသမားတွေပဲ
အချင်းချင်းသတ်ပုတ်မနေပါနဲ့
ပင်လယ်ပြင်မှာ ရေငံတွေဝင်လာရင်
အကိုင်းကို ချိုင်ရမှာမဟုတ်ဘူး
အမြစ်ကို တူးရမှာ
အခုတော့............။

ကိုသစ် (သီတဂူ)
14/10/2013

0 အကြံပြုစာ: