Monday, August 26, 2013 By: ဘ၀ဇာတ်ခုံ

အဖေ့ထံက ၀ယ်လိုက်ရတဲ့ အချိန်တနာရီ

အလုပ်ကနေ အိမ်အပြန် နောက်ကျလေ့ရှိတဲ့ အဖေဖြစ်သူဟာ ဒီနေ့လည်း အလုပ်ကနေ အိမ်ပြန် ချိန်နောက်ကျခဲ့တယ်။။ သူအိမ်ကိုရောက်တော့ ငါးနှစ်သားအရွယ် သားငယ်လေးက အိမ်တံခါးဝမှာ သူ့ကိုစောင့်ကြိုနေတာကို တွေ့လိုက်ရတဲ့အခါ အလုပ်ကနေ ပင်ပန်းလာတဲ့ အဖေဖြစ်သူဟာ အလွန်ပဲ စိတ်တိုသွားပါတယ်။ 

ကျနော် မေးခွန်းတခုလောက် မေးပါရစေ အဖေလို့ သားငယ်က ပြောတဲ့အခါ
အေး မေးလေ သား။ သားက ဘာမေးမှာလဲ လို့အဖေဖြစ်သူက ပြန်ပြောလိုက်ပါတယ်။
အဖေ အလုပ်လုပ်တာ တနာရီကို ပိုက်ဆံ ဘယ်လောက်ရလဲ အဖေ လို့ မေးတဲ့အခါ ဒါ မင်းကိစ္စမဟုတ်ဘူး။ ဘာကြောင့် ဒီလိုမေးခွန်းမျိုးကို မေးရတာလဲ လို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောလိုက်ပါတယ်။
ကျနော်က သိချင်ရုံ သက်သက်ပါ အဖေ။ အဖေ တနာရီ အလုပ်လုပ်ခ ဘယ်လောက်ရတယ်ဆိုတာလေးကို ကျေးဇူးပြုပြီး ပြောပြပေးပါလို့ တောင်းပန်လိုက်ပါတယ်။ 
 သား သိဖို့လိုတယ်ဆိုရင်တော့ အဖေ ပြောရတော့မှာပေါ့။ တနာရီ အလုပ်လုပ်ခ ဒေါ်လာ၂၀ ရတယ်လေ။ အော် ဟုတ်ကဲ့ အဖေလို့ ပြောရင်း ခေါင်းကို အောက်ကို ငုံ့ထားလိုက်တယ်။ ပြီးတော့မှ အဖေဖြစ်သူကို မော့ကြည့်ရင်း ကျနော့်ကို ဒေါ်လာ ၁၀ လောက်ပေးပါလား အဖေ လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့ အဖေဖြစ်သူဟာ အလွန်ပဲ စိတ်တိုသွားပါတယ်။ ငါ တနာရီ အလုပ်လုပ်ခ ဘယ်လောက်ရတယ်ဆိုတာ မင်းသိချင်နေတာက မင်းအတွက် အကျိုးမရှိတဲ့ အရုပ်တွေ ၀ယ်ဖို့အတွက် ပိုက်ဆံ တောင်းဖို့သက်သက်ဆိုရင် မင်း အခုပဲ အခန်းထဲဝင်းပြီး အိပ်လိုက်တော့ လို့ အော်ငေါက်ပစ်လိုက်ပါတယ်။ 
မင်းဟာ ဘယ်လောက် တကိုယ်ကောင်းဆန်တယ်ဆိုတာ ပြန်စဉ်းစားပါ။ ငါ့ဟာ နေ့တိုင်း အချိန်အကြာကြီး အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရတယ်။ ဒီလို ကလေးဆန်တဲ့ အပြုအမူတွေအတွက် င့ါမှာ အချိန်မရှိဘူး လို့ သားဖြစ်သူကို ပြောလိုက်ပါတယ်။
သားဖြစ်သူဟာ ဘာမှ ပြန်မပြောပဲ သူ့အခန်းထဲဝင်ပြီး တံခါးပိတ်လိုက်ပါတော့တယ်။
အဖေဖြစ်သူဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်တယ်။ ပိုက်ဆံတောင်းဖို့ ဒီလိုမေးခွန်းမျိုးကို မေးတာ ဘယ်လောက် အတင့်ရဲတဲ့ ကလေးလဲ။

အချိန် တနာရီလောက်ကြာတော့ အဖေဖြစ်သူဟာ စိတ်ညစ်ပြေသွားတယ်။ ဒီတော့ ငါကလေးကို ငေါက်မိတာ နဲနဲများ ကြမ်းသွားသလား မသိဘူး လို့ ပြန်တွေးမိလိုက်ပါတယ်။ သူ့မှာ တကယ့်ကို မရှိမဖြစ်လိုအပ်တဲ့အရာကို ၀ယ်ဖို့ ပိုက်ဆံ ၁၀ကို တောင်းတာ နေမှာပါလေ။ ပြီးတော့ သားလေးဟာ ပိုက်ဆံလည်း မကြာခဏတောင်းတတ်တာမှ မဟုတ်တာ လို့တွေးပြီး သားလေးရဲ့ အခန်းကိုသွား တံခါးဖွင့်ပြီး အိပ်နေပြီလား သား လို့ မေးလိုက်ပါတယ်။ မအိပ်သေးပါဘူး အဖေ။ သားနိုးနေပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

စောစောက အဖေပြောလိုက်တာ နဲနဲများ ကြမ်းတမ်းသွားပြီလား လို့ အဖေတွေးနေမိတယ်။ သားကို စိတ်ညစ်အောင် လုပ်သလိုဖြစ်သွားတယ်။ ရော့ ဒီမှာ သား တောင်းတဲ့ ပိုက်ဆံ တစ်ဆယ်။ သားဖြစ်သူဟာ ခါးကို မတ်မတ်အနေထား ထထိုင်လိုက်ပါတယ်။ အဖေကို အားပါးတရ ပြုံးပြလိုက်ပြီး ကျေးဇူးတင်ပါတယ် အဖေ လို့ ပြောလိုက်ပါတယ်။ သားဖြစ်သူဟာ ခေါင်းအုံးအောက်ကို လက်နှိုက်လိုက်ပြီး ပိုက်ဆံလေးတွေကို ရေတွက်နေတာကို မြင်လိုက်ရတဲ့အခါ အဖေဟာ သူ့မှာ ပိုက်ဆံရှိပါလျက်နဲ့ ထပ်တောင်းရမလားဆိုပြီး စိတ်ပြန်တိုသွားပါတယ်။ 

ပိုက်ဆံလေးတွေကို ရေတွက်ပြီး အဖေဖြစ်သူကို မော့ကြည့်လိုက်တဲ့အခါ သားမှာ ပိုက်ဆံရှိနေတာပဲ။ ဘာဖြစ်လို့ ထပ်တောင်းရတာလဲ လို့ မေးလိုက်ပါတယ်။ ဒီတော့ သားမှာ ပိုက်ဆံရှိတဲ့ ပိုက်ဆံက မလုံလောက်သေးဘူး အဖေ။ အခုတော့ လုံလောက်သွားပါပြီ လို့ ပြန်ဖြေလိုက်တယ်။ ပြီးတော့ သားဖြစ်သူက သားမှာ အခု ပိုက်ဆံ ၂၀ ရှိနေပြီ အဖေ။ အဖေ့ရဲ့ အချိန်တနာရီကို သားဝယ်ချင်ပါတယ်။ မနက်ဖြန် အလုပ်ကနေ စောစောပြန်လာခဲ့ပါနော်။ သား အဖေနဲ့ ညစာအတူတူစားချင်တယ်။
သားဖြစ်သူရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အဖေဖြစ်သူဟာ စိတ်ထိခိုက်သွားပြီး သားလေးကို သူ့လက်နှစ်ဖက်နဲ့ ထွေးပွေ့ထားလိုက်ပါတော့တယ်။

ကိုသစ် (သီတဂူ)
25/8/2013

0 အကြံပြုစာ: