တခါတုန်းက ညီအစ်ကိုနှစ်ယောက်ဟာ လယ်တောတခုမှာ ဘေးချင်းယှဉ်လျှက်
နေထိုင်ကြပါတယ်။ တနေ့မှာတော့ ဒီညီအကို နှစ်ယောက်ဟာ အကြီးအကျယ်စကားများပြီး
ရန်ဖြစ်ကြပါတယ်။ ညီအကို နှစ်ယောက်လယ်တောထဲမှာ ဘေးချင်းကပ်ပြီး
အတူနေထိုင်လာကြတာ နှစ်ပေါင်း လေဆယ်ရှိပါပြီ။ ညီအကိုနှစ်ယောက်
တယောက်နဲ့တယောက် ရန်ဖြစ်တယ်လို့မရှိပဲ လယ်သာသုံးစက်ပစ္စည်းတွေကို
တယောက်လိုတဲ့အခါ တယောက်က ပေးခြင်း၊ အလုပ်သမားတွေ၊
မျိုးစေ့ မြေသြဇာစတဲ့ လိုအပ်တာမှန်သမျှကို စိတ်ဝမ်းမကွဲကြပဲ အပြန်ပြန်
အလှန်လှန်ကူညီကြခြင်းဖြင့် နေလာခဲ့ကြတဲ့ နှစ်ပေါင်းလေးဆယ်အတွင်းမှာ
အခုလိုရန်ဖြစ်ကြတာဟာ ပထမဆုံးအကြိမ် အကြီးကျယ်ဆုံးသော
စိတ်ဝမ်းကွဲပြားမှုကြီးပဲ ဖြစ်ပါသတဲ့။
နောက်တော့ ကြာမြင့်စွာ အတူအကွ လက်တွဲဆောင်ရွက်လာခဲ့ကြတဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ
ပြိုကွဲပျက်စီးသွားပါတော့တယ်။ ဒါဟာ မပြောပလောက်တဲ့
နားလည်မှုလွဲမှားတာလေးကနေ စတင်ခဲ့တာပါ။ သေးငယ်သော နားလည်မှုလွဲမှားခြင်းလေးက
ကြီးကျယ်တဲ့ ကွဲပြားခြားနားမှုကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးတော့
ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ကြတော့ပဲ တယောက်ကိုတယောက်
ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ နင်ပဲငဆ ဆဲရေးတိုင်းထွာကြတဲ့အထိ ဒေါသတွေ
ပေါက်ကွဲကုန်ကြပါတော့တယ်။ ဒီတော့ ညီအကိုနှစ်ယောက် မတည့်ကြ မခေါ်ကြတော့တာ
နေ့ရက်ပေါင်း အတော်ကြခဲ့ကြပြီ။
တခုသော မနက်ခင်းမှာတော့ အကိုဖြစ်သူဟာ သူ့ရဲ့ အိမ်တံခါးကို လာခေါက်သံကြားလို့ တံခါးထဖွင့်းပေးလိုက်တဲ့အခါ လူတယောက်ကို တွေ့လိုက်ရပါတယ်။ သူ့လက်ထဲမှာ လက်သမားတွေ အသုံးပြုလေ့ရှိတဲ့လက်သမားအသုံးေ ဆာင်ပစ္စည်းတွေထည့်ထားတဲ့
သေတ္တာလေးတလုံးကို ကိုင်ထားပါတယ်။ သူက ကျနော် ရက်အနည်းငယ်လောက်လုပ်ရမယ့်
အလုပ်ကလေးတခုရဖို့ အလုပ်လိုက်ရှာနေတာဗျာ၊ ခင်များကို ကျနော် ကူညီနိုင်မယ့်
ဟိုနားဒီနား တောက်တိုမယ်ရအလုပ်ကလေးတွေ လုပ်စရာအလုပ်
ခင်များမှာရှိကောင်းရှိမှာပါဗျာ လို့ ပြောလိုက်တဲ့အခါ အကိုဖြစ်သူကလည်း ဟုတ်ကဲ့ ကျနော်မှာ ရှိပါရဲ့ဗျာ လို့ ပြန်ပြောလိုက်ပါတယ်။
ကျနော်မှာ ခင်များလုပ်ပေးရမယ့် အလုပ်ရှိပါတယ်။ ချောင်းငယ်လေးခြားထားတဲ့ ဟိုလယ်တောလေးကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒီခြံလေးဟာ ကျနော့်ရဲ့ အိမ်နီးနားချင်းပဲ။ တကယ်တော့ဗျာ အဲဒါ ကျနော်ညီလေးပဲပေါ့။ လွန်ခဲ့တဲ့အပတ်က အဲဒီနေရာဟာ မြက်ခင်းပြင်ပဲ။ ဒါပေမယ့် သူက မြစ်ရောက်တဲ့အထိ ရေကာတာလုပ်ဖို့ သူ့ဘူဒိုဇာကြီးနဲ့ ထိုးပစ်လိုက်တယ်။ သူနဲ့ကျနော်ကြားမှာ ရှိတဲ့ အဲဒီမြက်ခင်းပြင်နေရာလေးဟာ အခုတော့ ချောင်းလေးဖြစ်သွားခဲ့ပြီ။
သူဟာ ကျနော့်ကို မလိုမုန်းထားတဲ့စိတ် အာဃာတစိတ်တွေနဲ့ လုပ်ဆောင်နေတာဖြစ်မယ်။ ကျနော်က သူ့ထက် သာအောင်တောင် လုပ်ပြလိုက်ဦးမယ်။ ဟိုတင်းကုပ်နားမှာ ချထားတဲ့ ပျဉ်ပုံကြီးကို တွေ့တယ်မဟုတ်လား။ အဲဒီပျဉ်တွေနဲ့ ခင်များ ကျနော့်ကို အမြင့် (၈)ပေရှိတဲ့ ခြံစည်ရိုးတခုကာပေးပါ။ ကျနော် သူ့နေရာနဲ့ သူ့မျက်နှာကို နောက်ထပ်ကြည့်စရာ မလိုတော့ဘူးလေ။
ဒီတော့ လက်သမားက အခြေအနေကို ကျနော် နားလည်သဘောပါက်ပါပြီ။ ကျနော့်ကို သံနဲ့ တိုင်စိုက်ဖို့ တွင်းတူးစရာ တံရွင်းပေးပါ။ ခင်များဖြစ်စေချင်တဲ့အတိုင်း ကျနော်လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ် လို့ ပြောလိုက်ပါတယ်။ အကိုဖြစ်သူက လက်သမားလိုအပ်တဲ့ပစ္စည်းတွေပေးပြီး မြို့ထဲကို ထွက်သွားပါတော့တယ်။
လက်သမားဆရာကတော့ နေရာတိုင်းလိုက်၊ သစ်သားသွားဖြတ်လိုက်၊ သံရိုက်လိုက်နဲ့ တနေကုန် ကြိုးစားပြီး အလုပ်ကို လုပ်နေပါတော့တယ်။ ညနေမိုးချုပ်လို့ မြို့ထဲသွားတဲ့ အလုပ်ရှင်လယ်သမားပြန်လာတဲ့အခါမှာ လက်သမားရဲ့အလုပ်ဟာ ပြီးနေပါပြီ။
အကိုဖြစ်သူ လယ်သမားဟာ လက်သမားလက်ရာကိုကြည့်လိုက်တဲ့အခါ
မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားပါတော့တယ်။
သူခိုင်းခဲ့တဲ့နေရမှာ ဘာခြံစည်းရိုးကိုမှ မတွေ့ရပါဘူး။သူမြင်တွေ့လိုက်ရတာ က
ချောင်းလေးကို ပေါင်းကူးပေးထားတဲ့ ကိုင်စရာ လက်ရမ်းလေးတွေပါတဲ့ လှပတဲ့
တံတာလေးတစင်းကိုပါ။
တံတားရဲ့ ဟိုမှာဘက်ခြမ်းကနေ ညီဖြစ်သူဟာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး တံတားကလေးရှိရာကို ဦးတည်လျှောက်လှမ်းလာပါတယ်။ ပါးစပ်ကလည်း ခင်များဟာ ကျနော်ပြောထားတဲ့အတိုင်း ဒီတံတားကို ဆောက်နိုင်ခဲ့တာ သိပ်တော်တဲ့လူပါပဲဗျာလို့ အော်ပြောလိုက်ပါတယ်။
ညီအကိုနှစ်ယောက်ဟာ တံတားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကနေ ကိုယ်စီလျှောက်လာကြတယ်။ တံတားကလေးရဲ့ အလယ်တည့်တည့်မှာ ဆုံလိုက်ကြပြီး တယောက်လက်ကို တယောက် လှမ်းဆွဲလိုက်ကြပါတော့တယ်။
ညီအကိုနှစ်ယောက်ဟာ လက်သမားဆရာကို လှမ်းကြည့်လိုက်တဲ့အခါ လက်သမားဆရာဟာ သူ့ရဲ့ သေတ္တာလေးကို ပုခုံးပေါ်မှာ ထမ်းထားတာကို တွေ့မြင်လိုက်ပါတယ်။
ဒီတော့ အကိုဖြစ်သူက နေပါဦးဗျာ။ မသွားပါနဲ့ဦး။ ဒီမှာ ရက်အတော်ကြာကြာလေး နေပါဦး။ ကျနော့်အတွက် ခင်များလုပ်းပေးရမယ့် အခြားအလုပ်တွေ အများကြီးရှိပါသေးတယ်လို့ လှမ်းပြောလိုက်တဲ့အခါမှာတော့
လက်သမားဆရာက "ကျနော်ဒီမှာ ဆက်ပြီးနေချင်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ ဆောက်စရာတံတားတွေ အများကြီး ကျန်နေပါသေးတယ်ဗျာ..လို့ ပြန်ပြောလိုက်ပါတော့တယ်။
.............................. .............................. .............................. .........
(((နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတဲ့ အမုန်းတရားတွေ၊ ၀ိရောဓိတွေ၊ အာဃာတတွေ၊ ပဋိပက္ခတွေနဲ့ နစ်မွန်းနေတဲ့ အဲဒီယာတောထဲမှာ ဘာတွေစိုက်ပျိုးကြမှာလဲ။ သေချာတာတခုက အဲဒီယာတောထဲမှာ ချောင်းတွေအများကြီး ရှိနေကြပြီ။ ကိုယ်တို့တတွေက ခြံစည်းရိုးကာမှာလား၊ ဒါမှမဟုတ် တံတားဆောက်ကြမှာလား။ ဘာပဲဖြစ်ဖြစ်ပေါ့... ခြံစည်းရိုးကာမှာဆိုရင်လည်း လုံအောင်ကာကြဖို့ လိုမယ်ပေါ့။ တံတားဆောက်မှာဆိုရင်လည်း ခိုင်အောင်ဆောက်ကြဖို့ပဲ အရေးကြီးပါတယ်လေ..))))
ကိုသစ် (သီတဂူ)
26/8/2013
နောက်တော့ ကြာမြင့်စွာ အတူအကွ လက်တွဲဆောင်ရွက်လာခဲ့ကြတဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ
တခုသော မနက်ခင်းမှာတော့ အကိုဖြစ်သူဟာ သူ့ရဲ့ အိမ်တံခါးကို လာခေါက်သံကြားလို့ တံခါးထဖွင့်းပေးလိုက်တဲ့အခါ လူတယောက်ကို တွေ့လိုက်ရပါတယ်။ သူ့လက်ထဲမှာ လက်သမားတွေ အသုံးပြုလေ့ရှိတဲ့လက်သမားအသုံးေ
ကျနော်မှာ ခင်များလုပ်ပေးရမယ့် အလုပ်ရှိပါတယ်။ ချောင်းငယ်လေးခြားထားတဲ့ ဟိုလယ်တောလေးကို လှမ်းကြည့်လိုက်စမ်းပါ။ အဲဒီခြံလေးဟာ ကျနော့်ရဲ့ အိမ်နီးနားချင်းပဲ။ တကယ်တော့ဗျာ အဲဒါ ကျနော်ညီလေးပဲပေါ့။ လွန်ခဲ့တဲ့အပတ်က အဲဒီနေရာဟာ မြက်ခင်းပြင်ပဲ။ ဒါပေမယ့် သူက မြစ်ရောက်တဲ့အထိ ရေကာတာလုပ်ဖို့ သူ့ဘူဒိုဇာကြီးနဲ့ ထိုးပစ်လိုက်တယ်။ သူနဲ့ကျနော်ကြားမှာ ရှိတဲ့ အဲဒီမြက်ခင်းပြင်နေရာလေးဟာ အခုတော့ ချောင်းလေးဖြစ်သွားခဲ့ပြီ။
သူဟာ ကျနော့်ကို မလိုမုန်းထားတဲ့စိတ် အာဃာတစိတ်တွေနဲ့ လုပ်ဆောင်နေတာဖြစ်မယ်။ ကျနော်က သူ့ထက် သာအောင်တောင် လုပ်ပြလိုက်ဦးမယ်။ ဟိုတင်းကုပ်နားမှာ ချထားတဲ့ ပျဉ်ပုံကြီးကို တွေ့တယ်မဟုတ်လား။ အဲဒီပျဉ်တွေနဲ့ ခင်များ ကျနော့်ကို အမြင့် (၈)ပေရှိတဲ့ ခြံစည်ရိုးတခုကာပေးပါ။ ကျနော် သူ့နေရာနဲ့ သူ့မျက်နှာကို နောက်ထပ်ကြည့်စရာ မလိုတော့ဘူးလေ။
ဒီတော့ လက်သမားက အခြေအနေကို ကျနော် နားလည်သဘောပါက်ပါပြီ။ ကျနော့်ကို သံနဲ့ တိုင်စိုက်ဖို့ တွင်းတူးစရာ တံရွင်းပေးပါ။ ခင်များဖြစ်စေချင်တဲ့အတိုင်း ကျနော်လုပ်ပေးနိုင်လိမ့်မယ်လို့
လက်သမားဆရာကတော့ နေရာတိုင်းလိုက်၊ သစ်သားသွားဖြတ်လိုက်၊ သံရိုက်လိုက်နဲ့ တနေကုန် ကြိုးစားပြီး အလုပ်ကို လုပ်နေပါတော့တယ်။ ညနေမိုးချုပ်လို့ မြို့ထဲသွားတဲ့ အလုပ်ရှင်လယ်သမားပြန်လာတဲ့အခါမှ
အကိုဖြစ်သူ လယ်သမားဟာ လက်သမားလက်ရာကိုကြည့်လိုက်တဲ့အခ
တံတားရဲ့ ဟိုမှာဘက်ခြမ်းကနေ ညီဖြစ်သူဟာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး တံတားကလေးရှိရာကို ဦးတည်လျှောက်လှမ်းလာပါတယ်။ ပါးစပ်ကလည်း ခင်များဟာ ကျနော်ပြောထားတဲ့အတိုင်း ဒီတံတားကို ဆောက်နိုင်ခဲ့တာ သိပ်တော်တဲ့လူပါပဲဗျာလို့ အော်ပြောလိုက်ပါတယ်။
ညီအကိုနှစ်ယောက်ဟာ တံတားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကနေ ကိုယ်စီလျှောက်လာကြတယ်။ တံတားကလေးရဲ့ အလယ်တည့်တည့်မှာ ဆုံလိုက်ကြပြီး တယောက်လက်ကို တယောက် လှမ်းဆွဲလိုက်ကြပါတော့တယ်။
ညီအကိုနှစ်ယောက်ဟာ လက်သမားဆရာကို လှမ်းကြည့်လိုက်တဲ့အခါ လက်သမားဆရာဟာ သူ့ရဲ့ သေတ္တာလေးကို ပုခုံးပေါ်မှာ ထမ်းထားတာကို တွေ့မြင်လိုက်ပါတယ်။
ဒီတော့ အကိုဖြစ်သူက နေပါဦးဗျာ။ မသွားပါနဲ့ဦး။ ဒီမှာ ရက်အတော်ကြာကြာလေး နေပါဦး။ ကျနော့်အတွက် ခင်များလုပ်းပေးရမယ့် အခြားအလုပ်တွေ အများကြီးရှိပါသေးတယ်လို့ လှမ်းပြောလိုက်တဲ့အခါမှာတော့
လက်သမားဆရာက "ကျနော်ဒီမှာ ဆက်ပြီးနေချင်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ ဆောက်စရာတံတားတွေ အများကြီး ကျန်နေပါသေးတယ်ဗျာ..လို့ ပြန်ပြောလိုက်ပါတော့တယ်။
..............................
(((နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတဲ့ အမုန်းတရားတွေ၊ ၀ိရောဓိတွေ၊ အာဃာတတွေ၊ ပဋိပက္ခတွေနဲ့ နစ်မွန်းနေတဲ့ အဲဒီယာတောထဲမှာ ဘာတွေစိုက်ပျိုးကြမှာလဲ။ သေချာတာတခုက အဲဒီယာတောထဲမှာ ချောင်းတွေအများကြီး ရှိနေကြပြီ။ ကိုယ်တို့တတွေက ခြံစည်းရိုးကာမှာလား၊ ဒါမှမဟုတ် တံတားဆောက်ကြမှာလား။ ဘာပဲဖြစ်ဖြစ်ပေါ့... ခြံစည်းရိုးကာမှာဆိုရင်လည်း လုံအောင်ကာကြဖို့ လိုမယ်ပေါ့။ တံတားဆောက်မှာဆိုရင်လည်း ခိုင်အောင်ဆောက်ကြဖို့ပဲ အရေးကြီးပါတယ်လေ..))))
ကိုသစ် (သီတဂူ)
26/8/2013
0 အကြံပြုစာ:
Post a Comment