တခါတုန်းက လယ်သမား အဘိုးအိုကြီးတယောက်ဟာ သူအလွန်တန်ဖိုးထား မြတ်နိုးရတဲ့ နာရီလေးတလုံးပျောက်သွားတဲ့အတွက် အလွန်ပဲ စိတ်ထိခိုက်နေပါတယ်။ သူ့နာရီကျပျောက်သွားတဲ့နေရာက စပါးကျည်ထဲမှာ။
စပါးကျည်တခုလုံး လိုက်ရှာပေမယ့် ဘယ်လိုမှ မတွေ့တော့ စပါးကျည်အနားမှာ ဆော့ကစားနေကြတဲ့ ကလေးတွေကို ငါ့ နာရီ ဒီစပါးကျည်ထဲမှာ ပျောက်သွားတယ်။ မင်းတို့ ကူပြီး ရှာပေကြစမ်းပါ။ တွေ့တဲ့လူကို ဆုချမယ်လို့ ပြောလိုက်ပါတယ်။ ကလေးတွေကလည်း နာရီတွေ့ရင် မုန့်ဖိုးရမှာဆိုတော့ စပါးကျည်ထဲကို သူ့ထက်ငါ ဦးအောင်ပြေးပြီး လိုက်ရှာကြပါတယ်။ ဒါပေမယ့် သူတို့လည်း ဘယ်လိုမှ ရှာမတွေ့ကြပါဘူး။ လယ်သမားအိုးကြီးကတော့ သူ့နာရီဟာ ပြန်မတွေ့နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေပါတယ်။
နောက်ဆုံးကလေးငယ်တယောက်က သူ့ကို နောက်ဆုံး အခွင့်အရေးပေးပါ။ သူ စပါးကျည်ထဲဝင်ပြီး နောက်တခါ ပြန်ရှာပါရစေလို့ ခွင့်တောင်းတော့ အဘိုးကြီးကလည်း ခွင့်ပြုလိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတော့ ကလေးငယ်ဟာ လက်ထဲမှာ နာရီလေးကို ကိုင်ပြီး စပါးကျည်ထဲကနေ ပြန်ထွက်လာပါတယ်။ အဘိုးကြီးလည်း အလွန်ဝမ်းသာသွားပါတယ်။
ဒါနဲ့ ဒီနာရီကို မင်းဘယ်လို ရှာခဲ့တာလဲလို့ ကလေးငယ်ကို မေးတော့ ကလေးငယ်က ဘယ်လိုမှ မရှာပါဘူး။ ကျနော် စပါးကျည်ထဲကို ၀င်သွားပြီး တိတ်တိတ်ကလေး ထိုင်နေလိုက်တယ်။ အဲဒီလို တိတ်ဆိတ်စွာ ထိုင်နေတဲ့အချိန်မှာပဲ နာရီလက်တံလေးရဲ့ တချောက်ချောက် အော်မြည်သံကို ကျနော် ကြားလိုက်ပါတယ်။ နာရီလက်တံရဲ့ အော်မြည်သံကို မှတ်ထားပြီး အဲဒီနေရာကို သွားရှာလိုက်တာပါပဲ လို့ ရှင်းပြလိုက်ပါတယ်။
အဓိကပေးချင်တဲ့ Message က ဘာပါလဲ..?
" A peaceful mind can think better than a worked up mind."
ကိုသစ် (သီတဂူ)
19/8/ 2013

0 အကြံပြုစာ:
Post a Comment