ဆင်းရဲသားမိန်းကလေးတယောက်ဟာ မိသားစုနဲ့အတူ ရိုးရိုး သာမာန်အိမ်ကလေးနဲ့
နေပါတယ်။ သူတို့အိမ်ကလေးဟာ တောင်ကုန်းလေးပေါ်မှာ ဆောက်ထားတဲ့
သာမာန်အိမ်ကလေးသာဖြစ်ပါတယ်။ ဆင်းရဲလှတဲ့ ဒီမိန်းကလေးဟာ
သူအရွယ်ရောက်လာတဲ့အချိန်မှာ သူတို့အိမ်နဲ့ မလှမ်းမကမ်းမှာ ရွှေတံခါးတွေ
တပ်ဆင်ထားတဲ့ အိမ်ကြီးတလုံးကို လှမ်းမြင်လိုက်တဲ့အခါ အလွန်ပဲ
အံ့သြသွားပါတယ်။ မိန်းကလေးငယ်ဟာ သူနေထိုင်နေတဲ့ ရိုးရိုး ဆင်းရဲသား
အိမ်ကလေးမှာ နေရတာထက် ဒီရွှေတံခါးတွေ တပ်ထားတဲ့ ခန်းနားလှတဲ့ အိမ်ကြီးထဲမှာ
နေလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ လို့ စိတ်ကူးယဉ်နေပါသတဲ့။
သူမဟာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေရတာ ကို
ကြိုက်နှစ်သက်ပေမယ့်လို့ ရွှေအိမ်ကြီးထဲမှာ နေဖို့
မျှော်လင့်တမ်းတနေမိပါတယ်။ ရွှေအိမ်ကြီးထဲမှာ နေရတဲ့
ကြည်နူးချမ်းသာမှုတွေကိုတွေးပြီး စိတ်ကူးယဉ်နေပါတော့တယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့အိမ်ထဲကနေထွက်ပြီး အပြင်ကို စက်ဘီးလေးစီးပြီး လျှောက်လည်ချင်တယ်လို့ အမေဖြစ်သူကို ပြောလိုက်ပါတယ်။ အမေဖြစ်သူကလည်း ထွက်လည်ချင်တယ်ဆိုရင်တော့ အိမ်နားတ၀ိုက်မှာပဲ သွားလည်ပါ။ အိမ်နဲ့ အဝေးကြီးကို လျှောက်မသွားနဲ့လို့ ပြန်ပြောလိုက်ပါတယ်။
အလွန်သာယာလှပတဲ့ နေ့လေးဖြစ်တာမို့ မိန်းကလေးဟာ အရမ်းပျော်ရွှင်သွားပါ တယ်။ စက်ဘီးလေးကို စီးပြီး သူသိပ်သွား ချင်နေတဲ့ ရွှေအိမ်ကြီးဆီကို ဦးတည်လိုက် ပါတယ်။ တောင်ကြားလေးကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ ရွှေအိမ်ကြီးရဲ့ ဂိတ်ပေါက်ဝကို ရောက်လာပါတော့တယ်။ ဂိတ်ပေါက်မှာ စက်ဘီးလေးကို ထားခဲ့ပြီး ရွှေအိမ်ကြီးးထဲကို သွားတဲ့လမ်းအတိုင်း ၀င်လာခဲ့ပါတယ်။ တချိန်တုန်း က ရွှေတံခါးတွေ တပ်ထားတယ်လို့ ထင်နေရတဲ့အိမ်ကြီးကို တွေ့လိုက်ရ တဲ့အခါမှာတော့ မိန်းကလေးဟာ အလွန်ပဲ စိတ်ညစ်သွာပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ သူထင်ထားသလို ရွှေတံခါးဆိုလို့ ဘာတခုမှ မရှိပဲ လူမနေပဲ စွန့်ပစ်ထားတဲ့ အိမ်ပျက်ကြီးတလုံး ဖြစ်နေလို့ပါပဲ။ တံခါးတွေဟာ ပျက်စီးနေပြီး ဖုန်တွေတောင် တက်နေပါသေးတယ်။
မိန်းကလေးဟာ စိတ်ပျက်ပျက်နဲ့ လှည့်ပြန်လာခဲ့ပြီး တောင်ကြားတဖက်မှာရှိတဲ့ သူ့အိမ်ဘက်ကို ရုတ်တရက် လှမ်းကြည့်လိုက်တဲ့အခါ သူ့အိမ်လေးရဲ့ တံခါးတွေဟာ နေရောင်ကြောင့် ရွှေရောင်ပေါက်နေတာကို တွေ့မြင်လိုက်ပါတယ်။
ဒီတော့မှ မိန်းကလေးက " သူဟာ ရွှေအိမ်ထဲမှာ နေနေခဲ့တယ်ဆိုတာကို သဘောက်ပေါက်သွားပါတယ်။ ချစ်ခြင်းမေတ္တာတရားတွေ ကြင်နာမှုတွေ အပြည့်ရှိနေတဲ့ အဲဒီသူနေနေတဲ့ အိမ်ကလေးဟာ ရွှေနဲ့ဆောက်လုပ်ထားတဲ့ အိမ်ကလေးပဲဖြစ်တယ်ဆိုတာကို သိမြင်နားလည်သွားပါတော့တယ်။
(( တခါတရံ ကိုယ်တို့တတွေက အဝေးကအရာတွေကို မျက်စိမှိတ်ပြီး စိတ်ကူးတွေယဉ် မြင်တတ်ကြပေမယ့်လို့ ကိုယ့်ရှေ့မှာရှိနေတဲ့ အရာတွေကိုကြတော့ မျက်စိဖွင့်ပြီး မမြင်မိတတ်တဲ့ အဖြစ်မျိုးတွေလည်း ဘ၀မှာ ရှိနေတတ်ပြန် ပါသေးတော့တယ် ))))
ကိုသစ် (သီတဂူ)
23/8/2013
သူမဟာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေရတာ

0 အကြံပြုစာ:
Post a Comment