Thursday, August 22, 2013 By: ဘ၀ဇာတ်ခုံ

ငါ့မြို့လေး

လေထုညစ်ညမ်းမှုတွေ
ပင်လယ်ထဲမှာ နေရာယူတော့
တရားခံအစစ်က
ဟောဒီရင်ဘတ်ထဲမှာ။

မီးပူနဲ့တိုက်ချေလို့
မကျေနိုင်တဲ့ ခေါက်ရိုးတွေ
ငါ့မြို့လေးဆီ အလည်လာတော့
ကြွေလွင့်သွားတဲ့ နုပျိုခြင်းများစွာ
ဒီအနာ ကျက်မှ ကျက်ပါ့မလား။

အရောင်အဆင်းကို
မတပ်မက်ကြနဲ့ ကိုယ့်လူတို့
အသစ်ဝေဖို့ အဟောင်းချွေ
ဒီနွေမှာတော့
ငါ့မြို့လေးအတွက်
ခဲဖျက်မလိုဘူးရယ်
လက်သိပ်ထိုးနေရဆဲ နားလည်မှုများစွာ
(ဖြစ်နိုင်မယ်ဆိုရင် )
ကော်ထုတ်များများပေးပါ။

ရထားအစင်းစင်း
ဥသြမဆွဲပဲ ခုတ်မောင်းသွားခဲ့
ဘူတာအဟောင်းလေးနဲ့
ပနံသင့်နေတဲ့ အဲဒီပလက်ဖောင်းမှာ
သတိ........
ဧည့်သည်များ ညအိပ်ရပ်နားခွင့်မပြု..။

ကိုသစ်

0 အကြံပြုစာ: