Wednesday, August 21, 2013 By: ဘ၀ဇာတ်ခုံ

ကြယ်စဉ်တို့အတွက် ဆုတောင်း

စိုက်ပျိုးသလောက်သာ
သီးပွင့်ခဲ့မယ်ဆိုရင်
အခုချိန်ဆို ယာတောတခုလုံး စိမ်းလန်းနေပြီပေါ့။
အခုတော့.......။

ရေလောင်းပေါင်းသင်
အနှစ် နှစ်ဆယ်ကျော်စိုက်ပျိုးခဲ့တာတောင်
အမှောင်ခေတ်တုန်းက အမြစ်တွေက တွယ်ကပ်နေတုန်း
အလွမ်းသင့်မှ
လှမ်းရမယ့် ခြေလှမ်းမျိုးတွေ
ဝေး...ဝေးပါစေ။

လှိုင်းဒဏ် လေဒဏ်တွေကြားမှာ
အရာရာအားလုံးဟာ သင်္ခါရပေါ့။
အခုတော့
မြူတွေလွှမ်းခြုံထားတဲ့
မဖြစ်ထွန်းသေးတဲ့ အဲဒီယာခင်းထဲမှာ
ကြယ်တွေလည်း အစင်းစင်းကြွေခဲ့ပြီ။
ရောက်ရာဘုံဘ၀မှာ
မော်ဖူးရခြင်းတွေနဲ့ ဝေးပါစေ။

သွားနှင့်ကြ ကြယ်တာရာတို့ရေ...
(ကိုခင်ဝမ်း သီချင်းထဲကလို)
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းလိုက်တော့။
မပြီးပြတ်သေး ဒီအရေးမှာ
ကျနော်တို့အားလုံးကတော့ ငှက်တွေပဲဖြစ်တယ်။
လိုရာခရီးရောက်ဖို့
မိုင်ပေါင်းထောင်ချီ အားစိုက်လို့ ပျံသန်းရဦးမယ်
အားလုံး သက်လုံကောင်းပါစေ။

လှိုင်းဒဏ် လှေဒဏ်တွေကြားမှာ
အရာရာအားလုံးဟာ သင်္ခါရပေါ့။
အခုတော့
မြူတွေလွှမ်းခြုံထားတဲ့
မဖြစ်ထွန်းသေးတဲ့ အဲဒီယာခင်းထဲမှာ
ကြယ်တွေ အစင်းစင်းကြွေနေပြီ။
ရောက် ရာ ဘုံ ဘ ၀ မှာ
မော် ဖူး ရ ခြင်း တွေ နဲ့ ဝေး ပါ စေ။

ကိုသစ် (သီတဂူ)
20/8/2013

0 အကြံပြုစာ: