အော်စတင် တက်ဆက်ကို မသွားခင် ၀ါရှင်တန်ဒီစီနားက ဘောလ်တီမိုးမြို့က
ဝေဇယန္တာကျောင်းမှာ ခေတ္တရောက်ရှိနေပါတယ်။ ဘော်လ်တီမိုးကနေ ဗာဂျီးနီးယားကို
ကိစ္စတစ်ခုနဲ့သွားဖြစ်တယ်။ မိုင် ၃၀၀ကျော်ခရီးတလျှောက် အမြန်ကားလမ်းမကြီးရဲ့
ဘယ်ညာတွေမှာ သစ်တွေတွေ ရှိနေတာကို တွေ့ရတော့ အံ့သြနေ မိတယ်။
ကိုယ့်ကိုယ်ကို ပဲခူးရိုးမထဲရောက်နေသလားလို့တော င် ကားစီးရင်း တွေးနေမိတယ်။
ဒါကြောင့် ၀ါရှင်တန်ဒီစီရဲ့ ရာသီဥတုဟာ မေမြို့လို အေးနေပါတယ်။ ဒီမြို့လေးမှာ ရာသီဥတုက အေးချမ်းသလို လူ့တွေကလည်း တော်တော် အေးချမ်းကြပုံပေါ်ပါတယ်။ ကိုယ်က ဗေဒင်ဆရာတစ်ယောက်မဟုတ်လို့ သူတို့စိတ်ကို အတိအကျ မဖတ်နိုင်ပေ မယ့် ယေဘုယျအများစုကတော့ အေးအေးချမ်းချမ်းရှိနေကြတယ်လို့ ဆိုရင်
ရပါတယ်။ သစ်တောတွေ ကောင်းလို့ ရာသီဥတုအေးချမ်းနေတဲ့ မြို့လေးကို တွေ့မှ
သစ်တောတွေပြု န်း တီးသွားလို့ ပူလောင်နေတဲ့ ငါ့မြို့လေးကို လွမ်းတယ်။
ထားပါတော့ ပြောချင်တာက မြို့ကြီးမှာ သစ်တောတွေ တွေ့နေရလို့
အံ့သြရတဲ့အကြောင်းကို ပြောချင်တာ။
ဗာဂျီးနီးယားဟာ ပင်လယ်ဆိပ်ကမ်းမြိဲ့လည်း ဖြစ်တယ်။ လေယာဉ်တင်သင်္ဘောကြီးတွေ ပင်လယ်ပြင်မှာ ၂နှစ် ၃နှစ်စသည် တာဝန်ထမ်းဆောင်ပြီးရင် ဒီဗာဂျီးနီးယား ဆိပ်ကမ်းမှာ လာပြီး ပြင်ဆင်ကြတယ်လို့ပြောပါတယ်။ မြို့အ၀င် အတ္တလန္တိတ်သမုဒ္ဒရာအစွန်း ပင်လယ်အောက်ထဲမှာ ဖောက်ထားတဲ့ ကားလမ်းက တော်တော်ရှည်ပါတယ်။ ဒါလည်းအံ့သြစရာပဲပေါ့။ ပင်လယ်အောက်မှာ ကားလမ်းဖောက်တယ်ဆိုတာ ကြားရုံကြားဖူးခဲ့တာ။ ဟုတ်တယ် အခု ကိုယ်တိုင်တွေ့ရတော့ အံ့သြစရာ။ အပေါ်ကနေ သင်္ဘောတောင် မောင်းလို့ရသတဲ့။ ပင်လယ်အောက် ဘယ်လောက်အနက်မှာ ကားလမ်းဖောက်ထားတယ်ဆိုတာကိုတော့
အင်တာနက်မှာ ရှာဖတ်ကြည့်ရဦးမယ်။
အဲဒီမြို့မှာနေတဲ့ မြန်မာဆရာဝန်လေး ကိုပြည့်ကိုမေးကြည့်တော့ သူလည်း အတိအကျတော့ မသိဘူးတဲ့လေ။ ပင်လယ်ပြင်ကြီးကိုဖြတ်ကျော်ပြီး
ဖောက်ထားတဲ့ တံတားအရှည်က (၂၂) မိုင်ရှည်ပါတယ်။ John Denver ဆိုထားတဲ့
country roads သီချင်းထဲ့က ဗာဂျီးနီးယားက အနောက်ဗာဂျီးနီးယားဖြစ်တယ်။
တောင်တွေထူထပ်ပြီး လှပတဲ့ သဘာဝရှုခင်းတွေ ပေါများတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။
မူလတိုင်းရင်းသားအမေရိကန်တွေ စတင်အခြေချနေထိုင်ခဲ့တဲ့ ပြည်နယ် (၁၃)ခုထဲမှာ
ဒီဗာဂျီးနီးယားဟာလည်း တခုအပါအ၀င်ဖြစ်တယ်။
အင်္ဂလိပ်တွေ အစောဆုံးရောက်လာပြီါ်အခြေချနေထို င်ခဲ့တဲ့နေရာတွေထဲမှာ ဗာဂျီးနီးယားဟာ အစောဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်တင် ပင်လယ်ကူးစစ်သင်္ဘောကြီးရှိတဲ့နေရာကို လိုက်ပို့မယ်ပြောပေမယ့် အချိန်မရလို့ မသွားဖြစ်ခဲ့ပါ။ နောက်တကြိမ် ဗာဂျီးနီးယာကို ရောက်ခွင့်ကြုံခဲ့ဦးမယ်ဆိုရင်ေ တာ့ သဘာဝရဲ့ အေးမြမှုတွေကို တွေ့မြင်ရဦးမှာပေါ့လေ။
ကိုသစ် (သီတဂူ)
13/5/2013
ဒါကြောင့် ၀ါရှင်တန်ဒီစီရဲ့ ရာသီဥတုဟာ မေမြို့လို အေးနေပါတယ်။ ဒီမြို့လေးမှာ ရာသီဥတုက အေးချမ်းသလို လူ့တွေကလည်း တော်တော် အေးချမ်းကြပုံပေါ်ပါတယ်။ ကိုယ်က ဗေဒင်ဆရာတစ်ယောက်မဟုတ်လို့ သူတို့စိတ်ကို အတိအကျ မဖတ်နိုင်ပေ မယ့် ယေဘုယျအများစုကတော့ အေးအေးချမ်းချမ်းရှိနေကြတယ်လို့
ဗာဂျီးနီးယားဟာ ပင်လယ်ဆိပ်ကမ်းမြိဲ့လည်း ဖြစ်တယ်။ လေယာဉ်တင်သင်္ဘောကြီးတွေ ပင်လယ်ပြင်မှာ ၂နှစ် ၃နှစ်စသည် တာဝန်ထမ်းဆောင်ပြီးရင် ဒီဗာဂျီးနီးယား ဆိပ်ကမ်းမှာ လာပြီး ပြင်ဆင်ကြတယ်လို့ပြောပါတယ်။ မြို့အ၀င် အတ္တလန္တိတ်သမုဒ္ဒရာအစွန်း ပင်လယ်အောက်ထဲမှာ ဖောက်ထားတဲ့ ကားလမ်းက တော်တော်ရှည်ပါတယ်။ ဒါလည်းအံ့သြစရာပဲပေါ့။ ပင်လယ်အောက်မှာ ကားလမ်းဖောက်တယ်ဆိုတာ ကြားရုံကြားဖူးခဲ့တာ။ ဟုတ်တယ် အခု ကိုယ်တိုင်တွေ့ရတော့ အံ့သြစရာ။ အပေါ်ကနေ သင်္ဘောတောင် မောင်းလို့ရသတဲ့။ ပင်လယ်အောက် ဘယ်လောက်အနက်မှာ ကားလမ်းဖောက်ထားတယ်ဆိုတာကိုတော့
အဲဒီမြို့မှာနေတဲ့ မြန်မာဆရာဝန်လေး ကိုပြည့်ကိုမေးကြည့်တော့ သူလည်း အတိအကျတော့ မသိဘူးတဲ့လေ။ ပင်လယ်ပြင်ကြီးကိုဖြတ်ကျော်ပြီး
အင်္ဂလိပ်တွေ အစောဆုံးရောက်လာပြီါ်အခြေချနေထို
ကိုသစ် (သီတဂူ)
13/5/2013
0 အကြံပြုစာ:
Post a Comment