Monday, July 1, 2013 By: ဘ၀ဇာတ်ခုံ

ဆုတောင်း

(၁)
အတ္တတခုနဲ့ အတ္တတခုကို မျှား
လွှတ်သွားတဲ့ငါးကြီးတာ
အမေသိတယ်။
သားဟာ အမေ့အတွက် ဓားတလက်
ဗိုနေမြဲ ကျားနေမြဲ
လှေခါးမှာတောင် အဆင့်ရှိသေးတာ
ဒီတခါ ပွင့်ခွင့်ရရင်
ကိုင်းကြီးကြီးမှာ နား ငါ့သား။
(၂)
နေ၀င်ခါနီးပြီ
ဆင်စီးမြင်းရံ
နေနဲ့လ ရွှေနဲ့ မြ
ဘုရားအရိပ်က အေးပါတယ်သားရယ်။
(၃)
ဘုရားစင်ရှေ့မှာ
ဖယောင်းတိုင်မီးလေးလင်းလို့
ဆုတောင်းသံ သဲ့သဲ့ကြားနေရတယ်။
.........
...........
ဖြစ်ရပါလို၏။
မဖြစ်ပါရစေနဲ့ဘုရား။
အရုဏ်တက်စ ပြုပြီ
ကြေးစီသံလေး ညံလို့
အမျှ.... အမျှ.....အမျှ

ကိုသစ် (သီတဂူ)
17/12/ 2012

0 အကြံပြုစာ: