ကိုယ့်ကိုယ် ၀မ်းနဲ့လွယ်မွေးခဲ့တာမဟုတ်ပေမဲ့ အမေတစ်ယောက်ကဲ့သို့ ချစ်တဲ့သူကို
ရေးပါ ဖော်ပြပါဟုဆိုလျှင် အမေစုပဲ ဖြစ်သည်။ အမေစုလို့ စိတ်ထဲ ပုံဖော်လိုက်သည်နှင့် စွန့်လွတ်နိုင်သူ မေတ္တာကြီးမားသူ စိတ်ဓာတ်ခိုင်မာသူ အမျှော်အမြင် ဉာဏ်ပညာကြီး၍ ထက်မြက်သူ စာရိတ္တ သတ္တိခိုင်မာသူ ရိုးသားဖြောင့်မတ်သူဟု ငါသည်ကား အမြဲယုံထားသူဖြစ်သည်၊ အနာဂတ်မျိုးဆက်သစ်ကို လှပအောင် ပုံဖော်နိုင်ဖို့ အမြဲနှလုံးသွင်းထားသူဟုလည်း နားလည်မိထားသည်။
အခက်အခဲတွေကတော့ အမေ့အတွက် အမြဲရှိနေဆဲ။ အခက်အခဲ အတိုက်အခိုက်များသည် အမေ့အတွက် ဖွါးဖက်တော်ဟု ဆိုလျှင် လွန်အံ့မထင်၊ စင်စစ် အမေသည် စံပြုထိုက်သူတို့တွင် အထူးစံပြုထိုက်သူသာ ဖြစ်သည်။ အမေသည် အနားယူသင့်သော အရွယ်ဟု ငါသည်ကား နားလည်မိသည်၊ အေးအေးလူလူ စိတ်ချမ်းသာမှုကို သစ္စာအသိနဲ့ နေရမည့် အချိန်အခါဟု စာနာမိသည်။ သို့သော် ----- အမေသည်ကား ထို့သို့မဟုတ်နိုင်ခဲ့။
အမေစုကို နီးနီးကပ်ကပ် မြင်ရမှ ကံကောင်းသည်ဟု ဆိုခဲ့လျှင် ထိုအထဲ ငါမပါနိုင်၊ ငါလေးစားသော ထိုအမေကို နီးနီးကပ်ကပ် တခါမှ မမြင်ဘူးခဲ့သောကြောင့်ဖြစ်သည်။ ငါသည်ကား ဤနေ့ထိ အမေစုကို ဓာတ်ပုံ တီဗွီ သတင်း၌သာ တွေ့ဘူးသူမြင်ဘူးသူသာ ဖြစ်ခဲ့သည်။
မှတ်မှတ်ရရ ၁၉၉၆ လောက်က ဖြစ်သည်၊ ကိုရင်ငယ်ဘ၀က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာ
အငယ်တန်းဝင်ခါစဖြစ်သည်။ အမေစု မထင်မှတ်ပဲ အင်းစိန်ဆရာတော်ကို
ဖူးမျှော်ဖို့ရန် ကျောင်းသို့ ရောက်လာသည်၊ ထိုအချိန်က
အင်းစိန်စာသင်တိုက်သည် စာတော်ပြီး ဆင်းရဲသော
ကလေးငယ်တစ်ယောက်သာဖြစ်နေခဲ့သည်။
ထို့နေ့မနက် ကားတွေ လူတွေ အခြံအရံတွေ များများနဲ့ ဆရာတော် ကျောင်းရှေ့
ပျားအုံပမာ ဖြစ်နေခဲ့သည်။ မိုးလေး ဖွဲဖွဲကျနေခဲ့သည်ကိုလည်း မှတ်မိနေသေးသည်။
ကိုရင်လေးဖြစ်ပေမဲ့ အမေစုကို တွေ့ချင်သည်၊ မြင်ချင်သည်။ မြင်ခွင့်ရရန် နည်းမျိုးစုံသုံးကာ ချောင်းသည်၊ ဇွဲကောင်သလောက် အဟောသိကံသာ ဖြစ်ခဲ့သည်။ ဘာဖြစ်လဲ မတွေ့ရလဲ အမေသည်သာ ကျန်းမာချမ်းသာပါစေဟု နှုတ်က ရွရွ မေတ္တာပို့ခဲ့သည်။ ဤသည်ကား ယနေ့တိုင်ပင်။
အမေစု ထောင်ကလွတ်လာတာပဲဟု ကလေးအတွေးနဲ့ ကိုရင်သူငယ်ချင်းတွေ့ကို ပြောနေဖြစ်ခဲ့သည်၊ အမေစု ပြန်သွားပြီးနောက် (၇) ရက်ကြာတော့ န၀တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရောက်လာခဲ့သည်၊ ထိုနှစ် ၀ါဆိုသင်္ကန်းကပ်သည်။ မှတ်မှတ်ရရ စောင်တွေ ဟောလစ်တွေ သင်္ကန်းတွေ တော်တော်စုံသည်၊ ဂန္ထ၀င်ကျောင်းဆောင်သစ် သုံးထပ်ဆောင်ကိုပါ လျှောက်ထားလှူဒါန်းသွားခဲ့သည်၊ ထိုနှစ်မှစ၍ ရွာမစာသင်တိုက်သည်လည်း ပိုပို၍ အဆင်ပြေပြေ အောင်မြင်လာခဲ့သည်။
အလတ်တန်းရောက်တော့ ဆူးလေအဘိဓမ္မာပြန့်ပွါးရေးအသင်ြး ကီးမှာ
အဘိဓမ္မာယမိုင်းပဋ္ဌာန်းတွေ ၀ါတွင်း သွားသွားပြန်ကြသည်၊ ဖြေကြသည်၊
ဖြေပြီးတိုင်း သူငယ်ချင်းတွေက အမေစု ဟောပြောပွဲရှိသည်ဟု ဆိုကာ
အင်းလျှားကန်ဖက် အမေစု အိမ်ရှိရာ သွားရောက်နားထောင်ကြသည်၊ ငါသည်က
ကျောင်းတိုက်စည်းကမ်းကြောက်၍ မလိုက်ပဲ နေခဲ့သည်၊
အပြန်သတ်မှတ်ထားချိန်ကျော်လွန်ပါက
တိုက်တာစည်းကမ်းအရ ထိုကျောင်း၌ နေခွင့်မရှိတော့၊ သူငယ်ချင်းတွေအတွက်
ထိုအချိန်က စိုးရိမ်းစိတ် ပိုခဲ့ရသည်ကို မှတ်မိနေသေးသည်၊ ဒါကိုသိသိနဲ့
အမေစုကို သူငယ်ချင်းတွေက ချစ်အားပို့ခဲ့ကြသည်၊ သူတို့ပြန်လာတော့လဲ ကိုယ်က
နားထောင်ပေးရသည့် ထုံစံရှိခဲ့သည်။ အခုတော့ သူငယ်ချင်းတွေလဲ ဘယ်နန်းစံနေသည်
မသိတော့။
အကြီးတန်းရောက်တော့ ကျောင်းမဖွင့်ခင် ခြောက်ထပ်ကြီးမှာ သူငယ်ချင်းနဲ့ ခဏလိုက်နေသည်၊ ပတ်ဝန်းကျင်က အမေစုပရိတ်သတ်ဖြစ်နေခဲ့သည်၊ ဒကာကြီး တစ်ယောက်က ဗဟန်း NLD ရုံးချုပ်ကို သွားသွား နားထောင်သည်၊ အပြန်သူက ဖောက်သည်ချ ပြောပြလေ့ရှိသည်၊ အမေစု မနက်ဖြန်လာမည်ကို သူကပြောပြသည်၊ ကိုရင်လဲ လိုက်မယ် လိုက်ချင်တယ် ပြောတော့ ကိုရင်လိုက်ရင် ဒကာကြီးနောက်က ကပ်မလိုက်နဲ့ မိရင် ကိုရင်ကို အဖမ်းခံရလိမ့်မယ်၊ စုံထောက်တွေ ရှိတယ်၊ နောက်ယောင်ခံ လိုက်ခဲ့တဲ့၊ ကြောက်စိတ်တွေ ၀င်ခဲ့ပေမဲ့ တွေ့ချင်သူမို့ နောက်ယောင်ခံ လိုက်သွားဘူးသည်။
ကိုယ့်ကိုယ် ဇတ်ဝင်ခန်းတခုလို သဘောထား ဖြစ်ခဲ့သည်၊ နိုင်ငံရေးလုပ်သူတွေကို အဲဒီအချိန်ကစ ချီးကျူးမိခဲ့သည်။ ရုံးရောက်တော့ ပေးတဲ့ ထိုင်ခုံမှာ ထိုင်ကာစောင့်မျှော်ခဲ့သည်၊ ကံကောင်းချင်တော့ အမေစု ရောက်မလာ။ စိတ်ထဲ ဟိုလိုလို သည်လိုလို ဘာလိုလို၊ ထို့နေ့ ဦးတင်းဦးက နှုဆက်စကား ဆိုကာ ပြန်သွားခဲ့သည်။
ထို့နေ့မှစ၍ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကာ အဝေးက အမေစု ကျန်းမာစေကြောင်း အန္တရာယ်ကင်းစေကြောင်းသာ မေတ္တာပို့ခဲ့သည်၊ နောက်ပိုင်း အမေစု ထောင်ကျပြန်သည်၊ လွတ်တော့မည်၊ ထပ်တိုးပြန်သည်ဟု လေလိုင်းက တဆင့်ကြားခဲ့ရသည်၊ အားလုံးက လွတ်ရက်ကို မျှော်လင့်ခဲ့ကြသည်ကား ဘုရားလောင်းတို့ ပါရမီပြည့်ရာကာလကို စောင့်ရသည့်နယ်။
အမေစုလွတ်လာတော့လဲ ၀မ်းသာလို့ ပျော်မိသည်၊ ရဟန်းတို့နှလုံးသားသည် ဒုက္ခ၀ါစားတာတွေ မြင်နေရရင် ကရုဏာစိတ်ဖြင့် တုန်လှုပ်မိသည်၊ ဒုက္ခမှ လွတ်မြောက်သွားလျှင်လဲ မုဒိတာစိတ်နဲ့ ပျော်မိနေကြပြန်သည်၊ ဘုရားရဲ့သားတော်မှန်ရင် အားလုံးရင်ကို အေးစေ နွေးစေ ငြိမ်းစေ ချမ်းသာစေချင်ခဲ့တာ ဗြဟ္မ၀ိဟာရ တရားပဲ မဟုတ်လားဟု တစ်ယောက်တည်း အမေးအဖြေလုပ်ဘူးသည်။
သူငယ်ချင်းကိုသစ်ကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာလှပတဲ့ အရည်အသွေးတွေ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းအပေါင်းသင်းကြား၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစားကြား ကုန်ကုန်ပြောရရင် ဘာသာတစ်ခုနဲ့ တစ်ခုကြားမှာ တာဝန်ကင်းကွာ ကျဆင်းလာတာတွေ့ရတော့ ဗြဟ္မာကြီးတွေ အသည်းကွဲနေကြတယ်လို့ တင်စားကာ ရေးပြဘူးသည်။
တကယ်တော့ အားလုံးဟာ ကိုယ့်စိတ်ကို သွေးရင် အဆင့်တန်းမြင့်တဲ့ ဗြဟ္မာကြီးတွေ ဖြစ်နိုင်သည်၊ လူ့စိတ်သဘောမှာ နိမ့်ရင် နိမ့်သည်၊ မြင့်ရင် မြင့်သည်၊ ထို့ကြောင့် လူတိုင်းကိုလဲ မြင့်မြတ်သူ နေ့စဉ်ဘ၀မှာ ဗြဟ္မာတွေဖြစ်စေချင်သည်၊ အုပ်ချုပ်သူတွေကိုလဲ ဖြစ်စေချင်သည်၊ အုပ်ချုပ်ခံ လူတန်းစားကိုလဲ ဖြစ်စေချင်သည်၊ ငြိမ်းချမ်းရေးဆိုတာ ဗြဟ္မာလက်နဲ့ ရေးမှ ပိုပီပြင်ပြီး လှပနိုင်မည်ဟု နားလည်မိသည်။
ငါ့သဘောထားကတော့ အမေစုပဲ အုပ်ချုပ်ချုပ်၊ သမ္မတကြီး ဦးသိန်းစိန်ပဲ အုပ်ချုပ်ချုပ်၊ စစ်တပ်ဖက်ကပဲ အုပ်ချုပ်ချုပ် အရပ်ဖက်ကပဲ အုပ်ချုပ်အုပ်ချုပ် တက်လာတဲ့ အစိုးရသည် ကိုယ့်အစိုးရပဲ ဖြစ်သည်၊ ဗြဟ္မာလက်နဲ့ရေးပြီး ဗြဟ္မာစိတ်နဲ့ အုပ်ချုပ်ရင် ဒီပြည်သူနဲ့ ဒီအုပ်ချုပ်သူကြားမှာ ကိုသစ်ပြောသလို ဗြဟ္မာတွေ အသည်းကွဲစရာ အကြောင်းမရှိ။ အသည်းမကွဲသော တိုင်းပြည်ကို မြန်မာပြည်ဟု ဂုဏ်ယူစွာ ခေါ်ချင်မိသည်။ ဒါဆို ဘယ်သူပဲ အုပ်ချုပ်ချုပ် စံထားနိုင်သည်။
ပြောချင်သည်ကား အမေစုကို မတွေ့ဘူးပေမဲ့ အမေ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ မလျှော့ခဲ့။ စံပြုထိုက်သောသူဟု တင်စားမိသည်။ အခုတော့ အမေရင်းလို ချစ်ရမဲ့ အမေစုတော့ ရနေပါပြီ။ အမေစုကို ချစ်သလို တိုင်းပြည်အတွက် အဖေရင်းကဲ့သို့ ချစ်ရမဲ့ အဖေတစ်ယောက်ကိုလည်း အမြဲ မျှော်နေမိသည်။ ထိုအဖေသည် ဗြဟ္မာလိုစိတ်ဓာတ်မျိုး ဖခင်ဖြစ်ရင် ပိုကောင်းသည်။ ကိုယ့်ကိုယ် မွေးပေးလိုက်သော အဖေရင်း မဟုတ်ပေမဲ့ တိုင်းပြည်အတွက် အဖေရင်းကဲ့သို့ ကိုယ်စားပြုနိုင်တဲ့ အဖေရင်းကို ဖော်ပြပါဟုဆိုလျှင် ---------။ ။ ။
ဘ၀ဇတ်ခုံ
(၃၀။ ၆။ ၂၀၁၃။)
ရေးပါ ဖော်ပြပါဟုဆိုလျှင် အမေစုပဲ ဖြစ်သည်။ အမေစုလို့ စိတ်ထဲ ပုံဖော်လိုက်သည်နှင့် စွန့်လွတ်နိုင်သူ မေတ္တာကြီးမားသူ စိတ်ဓာတ်ခိုင်မာသူ အမျှော်အမြင် ဉာဏ်ပညာကြီး၍ ထက်မြက်သူ စာရိတ္တ သတ္တိခိုင်မာသူ ရိုးသားဖြောင့်မတ်သူဟု ငါသည်ကား အမြဲယုံထားသူဖြစ်သည်၊ အနာဂတ်မျိုးဆက်သစ်ကို လှပအောင် ပုံဖော်နိုင်ဖို့ အမြဲနှလုံးသွင်းထားသူဟုလည်း နားလည်မိထားသည်။
အခက်အခဲတွေကတော့ အမေ့အတွက် အမြဲရှိနေဆဲ။ အခက်အခဲ အတိုက်အခိုက်များသည် အမေ့အတွက် ဖွါးဖက်တော်ဟု ဆိုလျှင် လွန်အံ့မထင်၊ စင်စစ် အမေသည် စံပြုထိုက်သူတို့တွင် အထူးစံပြုထိုက်သူသာ ဖြစ်သည်။ အမေသည် အနားယူသင့်သော အရွယ်ဟု ငါသည်ကား နားလည်မိသည်၊ အေးအေးလူလူ စိတ်ချမ်းသာမှုကို သစ္စာအသိနဲ့ နေရမည့် အချိန်အခါဟု စာနာမိသည်။ သို့သော် ----- အမေသည်ကား ထို့သို့မဟုတ်နိုင်ခဲ့။
အမေစုကို နီးနီးကပ်ကပ် မြင်ရမှ ကံကောင်းသည်ဟု ဆိုခဲ့လျှင် ထိုအထဲ ငါမပါနိုင်၊ ငါလေးစားသော ထိုအမေကို နီးနီးကပ်ကပ် တခါမှ မမြင်ဘူးခဲ့သောကြောင့်ဖြစ်သည်။ ငါသည်ကား ဤနေ့ထိ အမေစုကို ဓာတ်ပုံ တီဗွီ သတင်း၌သာ တွေ့ဘူးသူမြင်ဘူးသူသာ ဖြစ်ခဲ့သည်။
မှတ်မှတ်ရရ ၁၉၉၆ လောက်က ဖြစ်သည်၊ ကိုရင်ငယ်ဘ၀က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ
ကိုရင်လေးဖြစ်ပေမဲ့ အမေစုကို တွေ့ချင်သည်၊ မြင်ချင်သည်။ မြင်ခွင့်ရရန် နည်းမျိုးစုံသုံးကာ ချောင်းသည်၊ ဇွဲကောင်သလောက် အဟောသိကံသာ ဖြစ်ခဲ့သည်။ ဘာဖြစ်လဲ မတွေ့ရလဲ အမေသည်သာ ကျန်းမာချမ်းသာပါစေဟု နှုတ်က ရွရွ မေတ္တာပို့ခဲ့သည်။ ဤသည်ကား ယနေ့တိုင်ပင်။
အမေစု ထောင်ကလွတ်လာတာပဲဟု ကလေးအတွေးနဲ့ ကိုရင်သူငယ်ချင်းတွေ့ကို ပြောနေဖြစ်ခဲ့သည်၊ အမေစု ပြန်သွားပြီးနောက် (၇) ရက်ကြာတော့ န၀တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရောက်လာခဲ့သည်၊ ထိုနှစ် ၀ါဆိုသင်္ကန်းကပ်သည်။ မှတ်မှတ်ရရ စောင်တွေ ဟောလစ်တွေ သင်္ကန်းတွေ တော်တော်စုံသည်၊ ဂန္ထ၀င်ကျောင်းဆောင်သစ် သုံးထပ်ဆောင်ကိုပါ လျှောက်ထားလှူဒါန်းသွားခဲ့သည်၊ ထိုနှစ်မှစ၍ ရွာမစာသင်တိုက်သည်လည်း ပိုပို၍ အဆင်ပြေပြေ အောင်မြင်လာခဲ့သည်။
အလတ်တန်းရောက်တော့ ဆူးလေအဘိဓမ္မာပြန့်ပွါးရေးအသင်ြး
အကြီးတန်းရောက်တော့ ကျောင်းမဖွင့်ခင် ခြောက်ထပ်ကြီးမှာ သူငယ်ချင်းနဲ့ ခဏလိုက်နေသည်၊ ပတ်ဝန်းကျင်က အမေစုပရိတ်သတ်ဖြစ်နေခဲ့သည်၊ ဒကာကြီး တစ်ယောက်က ဗဟန်း NLD ရုံးချုပ်ကို သွားသွား နားထောင်သည်၊ အပြန်သူက ဖောက်သည်ချ ပြောပြလေ့ရှိသည်၊ အမေစု မနက်ဖြန်လာမည်ကို သူကပြောပြသည်၊ ကိုရင်လဲ လိုက်မယ် လိုက်ချင်တယ် ပြောတော့ ကိုရင်လိုက်ရင် ဒကာကြီးနောက်က ကပ်မလိုက်နဲ့ မိရင် ကိုရင်ကို အဖမ်းခံရလိမ့်မယ်၊ စုံထောက်တွေ ရှိတယ်၊ နောက်ယောင်ခံ လိုက်ခဲ့တဲ့၊ ကြောက်စိတ်တွေ ၀င်ခဲ့ပေမဲ့ တွေ့ချင်သူမို့ နောက်ယောင်ခံ လိုက်သွားဘူးသည်။
ကိုယ့်ကိုယ် ဇတ်ဝင်ခန်းတခုလို သဘောထား ဖြစ်ခဲ့သည်၊ နိုင်ငံရေးလုပ်သူတွေကို အဲဒီအချိန်ကစ ချီးကျူးမိခဲ့သည်။ ရုံးရောက်တော့ ပေးတဲ့ ထိုင်ခုံမှာ ထိုင်ကာစောင့်မျှော်ခဲ့သည်၊ ကံကောင်းချင်တော့ အမေစု ရောက်မလာ။ စိတ်ထဲ ဟိုလိုလို သည်လိုလို ဘာလိုလို၊ ထို့နေ့ ဦးတင်းဦးက နှုဆက်စကား ဆိုကာ ပြန်သွားခဲ့သည်။
ထို့နေ့မှစ၍ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကာ အဝေးက အမေစု ကျန်းမာစေကြောင်း အန္တရာယ်ကင်းစေကြောင်းသာ မေတ္တာပို့ခဲ့သည်၊ နောက်ပိုင်း အမေစု ထောင်ကျပြန်သည်၊ လွတ်တော့မည်၊ ထပ်တိုးပြန်သည်ဟု လေလိုင်းက တဆင့်ကြားခဲ့ရသည်၊ အားလုံးက လွတ်ရက်ကို မျှော်လင့်ခဲ့ကြသည်ကား ဘုရားလောင်းတို့ ပါရမီပြည့်ရာကာလကို စောင့်ရသည့်နယ်။
အမေစုလွတ်လာတော့လဲ ၀မ်းသာလို့ ပျော်မိသည်၊ ရဟန်းတို့နှလုံးသားသည် ဒုက္ခ၀ါစားတာတွေ မြင်နေရရင် ကရုဏာစိတ်ဖြင့် တုန်လှုပ်မိသည်၊ ဒုက္ခမှ လွတ်မြောက်သွားလျှင်လဲ မုဒိတာစိတ်နဲ့ ပျော်မိနေကြပြန်သည်၊ ဘုရားရဲ့သားတော်မှန်ရင် အားလုံးရင်ကို အေးစေ နွေးစေ ငြိမ်းစေ ချမ်းသာစေချင်ခဲ့တာ ဗြဟ္မ၀ိဟာရ တရားပဲ မဟုတ်လားဟု တစ်ယောက်တည်း အမေးအဖြေလုပ်ဘူးသည်။
သူငယ်ချင်းကိုသစ်ကတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာလှပတဲ့ အရည်အသွေးတွေ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းအပေါင်းသင်းကြား၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ လူတန်းစားကြား ကုန်ကုန်ပြောရရင် ဘာသာတစ်ခုနဲ့ တစ်ခုကြားမှာ တာဝန်ကင်းကွာ ကျဆင်းလာတာတွေ့ရတော့ ဗြဟ္မာကြီးတွေ အသည်းကွဲနေကြတယ်လို့ တင်စားကာ ရေးပြဘူးသည်။
တကယ်တော့ အားလုံးဟာ ကိုယ့်စိတ်ကို သွေးရင် အဆင့်တန်းမြင့်တဲ့ ဗြဟ္မာကြီးတွေ ဖြစ်နိုင်သည်၊ လူ့စိတ်သဘောမှာ နိမ့်ရင် နိမ့်သည်၊ မြင့်ရင် မြင့်သည်၊ ထို့ကြောင့် လူတိုင်းကိုလဲ မြင့်မြတ်သူ နေ့စဉ်ဘ၀မှာ ဗြဟ္မာတွေဖြစ်စေချင်သည်၊ အုပ်ချုပ်သူတွေကိုလဲ ဖြစ်စေချင်သည်၊ အုပ်ချုပ်ခံ လူတန်းစားကိုလဲ ဖြစ်စေချင်သည်၊ ငြိမ်းချမ်းရေးဆိုတာ ဗြဟ္မာလက်နဲ့ ရေးမှ ပိုပီပြင်ပြီး လှပနိုင်မည်ဟု နားလည်မိသည်။
ငါ့သဘောထားကတော့ အမေစုပဲ အုပ်ချုပ်ချုပ်၊ သမ္မတကြီး ဦးသိန်းစိန်ပဲ အုပ်ချုပ်ချုပ်၊ စစ်တပ်ဖက်ကပဲ အုပ်ချုပ်ချုပ် အရပ်ဖက်ကပဲ အုပ်ချုပ်အုပ်ချုပ် တက်လာတဲ့ အစိုးရသည် ကိုယ့်အစိုးရပဲ ဖြစ်သည်၊ ဗြဟ္မာလက်နဲ့ရေးပြီး ဗြဟ္မာစိတ်နဲ့ အုပ်ချုပ်ရင် ဒီပြည်သူနဲ့ ဒီအုပ်ချုပ်သူကြားမှာ ကိုသစ်ပြောသလို ဗြဟ္မာတွေ အသည်းကွဲစရာ အကြောင်းမရှိ။ အသည်းမကွဲသော တိုင်းပြည်ကို မြန်မာပြည်ဟု ဂုဏ်ယူစွာ ခေါ်ချင်မိသည်။ ဒါဆို ဘယ်သူပဲ အုပ်ချုပ်ချုပ် စံထားနိုင်သည်။
ပြောချင်သည်ကား အမေစုကို မတွေ့ဘူးပေမဲ့ အမေ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ မလျှော့ခဲ့။ စံပြုထိုက်သောသူဟု တင်စားမိသည်။ အခုတော့ အမေရင်းလို ချစ်ရမဲ့ အမေစုတော့ ရနေပါပြီ။ အမေစုကို ချစ်သလို တိုင်းပြည်အတွက် အဖေရင်းကဲ့သို့ ချစ်ရမဲ့ အဖေတစ်ယောက်ကိုလည်း အမြဲ မျှော်နေမိသည်။ ထိုအဖေသည် ဗြဟ္မာလိုစိတ်ဓာတ်မျိုး ဖခင်ဖြစ်ရင် ပိုကောင်းသည်။ ကိုယ့်ကိုယ် မွေးပေးလိုက်သော အဖေရင်း မဟုတ်ပေမဲ့ တိုင်းပြည်အတွက် အဖေရင်းကဲ့သို့ ကိုယ်စားပြုနိုင်တဲ့ အဖေရင်းကို ဖော်ပြပါဟုဆိုလျှင် ---------။ ။ ။
ဘ၀ဇတ်ခုံ
(၃၀။ ၆။ ၂၀၁၃။)
0 အကြံပြုစာ:
Post a Comment