The world without frontier နယ်ခြားစည်းမရှိတော့သောကမ္ဘာဆိုတဲ့စကား
ဟာ ဒီနေ့ခေတ်မှာ အတော်လေးကို ပေါ်ပြူလာ ဖြစ်နေတာကို တွေ့ရပါတယ်။
အထူးသဖြင့် ခေတ်ဆန်တဲ့ လူငယ်တွေကြားမှာ ဒီစကားလုံး ဟာ
အလွန်ရေးပန်းစားနေတာကို တွေ့ရပါ တယ်။ ဒီနေ့ကမ္ဘာကြီးဟာ နယ်ခြားစည်းမရှိတော့
ဘူး-တဲ့။ ဒီစကားလုံးနဲ့ အဓိပ္ပါယ်သိပ်မကွာတဲ့ စကားလုံးလည်း ရှိပါသေးတယ်။
ကမ္ဘာကြီးဟာ ရွာဖြစ်နေပြီ-တဲ့။
ဒီစကားကတော့ ရေပန်းစားနေတာ ကြာပါပြီ။ ကမ္ဘာကြီးဟာ ရွာဖြစ်နေပြီတဲ့၊ နောက် ကမ္ဘာကြီးဟာ နယ်စည်းမရှိတော့ဘူးဆိုတဲ့ စကား လုံးတွေနဲ့ ကမ္ဘာကြီးက ဖေါင်းပွလို့ နေပါပြီ။ ကမ္ဘာကြီးဟာ နယ်ခြားစည်း မရှိတော့ဘူးဆိုတဲ့ စကားကို ကြားပြီးတဲ့နောက်ပိုင်းမှာ တကယ် ထိတ်လန့်မိတာတော့ အမှန်ပါပဲ။
နည်းပညာတွေ တနေ့တခြား တိုးတက် လာနေတဲ့ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသား တဦးအနေနဲ့ နည်းပညာတွေရဲ့ အားသာချက် တွေကိုတော့ အသိမှတ်ပြုဖို့ လိုတာတော့ အမှန် ပါပဲ။
ဘာကြောင့်လဲဆိုတော့ နည်းပညာတွေက လူသားတွေအတွက် အချိန်ကုန် လူပန်းဖြစ်စေတဲ့ အရာတွေကို ကူညီနေတာ လူတိုင်းအသိပဲ ဖြစ်ပါ တယ်။ ပညာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျောင်းသားတယောက်ဟာ ကျောင်းသင်ခန်းစာ တွေကိုသင်ယူဖို့ ကျောင်းကိုတောင် သွားဖို့မလို တော့ဘူး-တဲ့။ ကိုယ်အိမ်မှာ ကိုယ်အခန်းထဲမှာပဲ နေပြီး သင်ယူလို့ ရနေပြီတဲ့။
ပြီးတော့ဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေ ကိုယ်သင်ယူတဲ့ ဘာသာရပ် အတွက် အထောက်အကူပြုစေတဲ့ သင်ရိုးညွန်း တမ်းတွေ စာအုပ်စာတန်းတွေ အချက်လက်ပေါင်း များစွာတွေကို နည်းပညာအကူအညီနဲ့ တထိုင် တည်းမှာပဲ ယူလို့ရနေတာဟာ နည်းပညာရဲ့ ကျေးဇူးကြောင့်ဆိုတာ ဘယ်သူမှ ငြင်းပယ်နိုင် မယ်မထင်ပါဘူး။
နိုင်ငံရေးရှုထောင့်ကနေ ကြည့် မယ်ဆိုရင်လည်း အချိန်နဲ့ စက္ကန့်တိုင်းမှာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှာ ဘယ်သူက ဘာစကားတွေကို ပြောတယ်။ ဘယ်နိုင်ငံမှာ ဘာတွေဘယ်လို ပြောင်း လဲနေပြီဆိုတာတွေကို နည်းပညာအကူအညီနဲ့ တထိုင်အတွင်းမှာ အကုန်သိနိုင်တာဟာ နည်း ပညာရဲ့အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လည်း ဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာ ရေး အသိပညာတွေကို အလွယ်တကူနဲ့ ဖတ်ရှု နိုင်ပါတယ်။ ဘာသာရေးရှုထောင့်ကနေ ကြည့် မယ်ဆိုရင်လည်း ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဘာ သာကြီးများကို အလွယ်တကူနဲ့ လေ့လာနိုင် တာဟာ နည်းပညာရဲ့ အကျိုးကျေးဇူးလို့ ဆိုရမှာပါ။
ဒီလိုပါပဲ ဘယ်ဘာသာရပ်မှာမဆို လိုအပ်တဲ့ အချက်အလက် တွေကို အလွယ်တကူနဲ့ ရှာဖွေ လို့ရနေပါပြီ။ ကျနော်ဆရာ လုပ်တာ မဟုတ်ပါဘူး ခင်များ။ တခါတလေမှာ ကျနော်တို့ တ တွေရဲ့ အတွေးအခေါ်တွေက တော်တော်လေးကို ချော် တော့ငေါ့ပါတယ်။ ကမ္ဘာကြီး ဟာ နယ်ခြားစည်းမရှိတော့ ဘူးဆိုတဲ့ စကားဟာ လုံးဝပြီး ပြည့်စုံတဲ့ မှန်ကန်တဲ့ စကားလို့တော့ ပြောလို့ မရ ဘူးလို့ပဲထင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကမ္ဘာမှာရှိကြတဲ့ လူမျိုးစုတွေ ယုံကြည်ကိုးကွယ် နေကြတဲ့ ဘာသာတရားတွေ လက်ခံကျင့်သုံး နေကြတဲ့ ရိုးရာယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်း စဉ်လာတွေဟာ လူမျိုးစုတွေ မတူကြတာနဲ့အမျှ အမြဲတစေ ပြောင်းလဲမှုတွေ ရှိနေကြလို့ပဲ ဖြစ်ပါ တယ်။
ကျနော် လူမျိုးရေးခွဲခြားတဲ့စိတ်နဲ့ ပြော နေတာ မဟုတ်ပါခင်များ။ လူမျိုးရေးခွဲခြားတဲ့ စနစ်တွေမရှိတော့ဘူးဆိုပေမဲ့လို့
လူမျိုးကွဲသွား တာနဲ့အမျှ ဘာသာယုံကြည်မှုတွေ ဓလေ့ထုံး တမ်းစဉ်လာတွေက
အလိုလို ကွာခြားနေတာကို လူတိုင်း သတိပြုမိမယ်လို့ ထင်ပါတယ်။ ဥပမာ အားဖြင့်
မြန်မာလူမျိုးတို့နဲ့မတူတဲ့ သီဟိုဠ်လူမျိုး တို့ရဲ့
ဓလေ့ထုံးတမ်းစဉ်လာလေးတခုကို ကြည့်ရ အောင်ပါ။ သီရိလင်္ကာနိုင်ငံမှာရှိကြတဲ့
ဗုဒ္ဓဘာသာ ဝင်တွေဟာ ဘာသာရေးအခန်းအနားတွေနဲ့ ဥပုသ်
နေ့တွေမှာဆိုရင်ထိုင်ကြတဲ့အခါ ဘုရားရှိတဲ့ ဘက် နဲ့ သံဃာတော်တွေရှိတဲ့ဘက်ကို
ခြေဆင်းပြီး ထိုင် လေ့ရှိကြပါတယ်။ ဒါကသီရိလင်္ကာနိုင်ငံရဲ့ ဓလေ့ တခုပါ။
ဒါကို ဘယ်သူမှ ယဉ်ကျေးမှုမရှိဘူး ရိုင်း တယ်လို့ မပြောကြပါဘူး။ ဒါပေမဲ့ ဒီဓလေ့ကို မြန် မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ နေတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို မှ လက်ခံကျင့်သုံးလို့ မရနိုင် ပါဘူး။ မြန်မာဗုဒ္ဓဘာသာ အနေ နဲ့ဘယ်လိုမှလက်မခံနိုင်တဲ့ ဓ လေ့တခုပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လူမျိုးမတူ နိုင်ငံမတူတဲ့အတွက် ရိုးရာ ဓလေ့ ဟာလည်း အလိုလိုကွဲသွား တာပဲ ဖြစ်ပါတယ်။
နောက်ထိုင်းနိုင်ငံမှာ ဆိုလို့ရှိရင်လည်း ထိုင်းလူမျိုးတွေဟာ ဘုရားပရဝဏ်အတွင်းမှာ ဖိနပ်တွေ စီးလေ့ရှိပါတယ်။ ထိုင်းဘုရင်နဲ့ မိဖုရား စတဲ့ နန်းတွင်းသူ နန်းတွင်းသားတွေဟာ ဘုရား ရှေ့မှာ ထိုင်ကြရတဲ့အခါ ဖိနပ်မချွတ်ပဲထိုင်ကြတဲ့ ဓလေ့တခုရှိပါတယ်။ ဒါကို ဘာသာရေးခေါင်း ဆောင်နဲ့ အစိုးရပိုင်းကလည်း ခွင့်ပြုထားပါတယ်။ သူတို့နိုင်ငံမှာတောင် ဘုရားရှေ့ ဖိနပ်ပါမချွတ်ပဲ ထိုင်ကြသေးတာပဲ တို့လည်းထိုင်သင့်တာပေါ့ဆို ပြီး လိုက်တုလို့မရပါဘူး။ ဒီဓလေ့ကို မြန်မာပြည် မှာ ကျင့်သုံးလို့ မရနိုင်ပါဘူး။ ဒီနိုင်ငံတွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေပါ။ ဒါပေမဲ့ လူမျိုးကွဲတာနဲ့ ကျင့်သုံးကြတဲ့ ဓလေ့ဟာလည်း အလိုလိုကွဲသွား တာပဲ ဖြစ်ပါတယ်။
နောက်တခုက အနောက်နိုင်ငံတွေမှာ sex-free လုပ်တာရှိပါတယ်။ အထူးသဖြင့် အမေရိကလိုတိုင်းပြည်မျိုးမှာ ဒီကိစ္စက အတော် လေးကို ခေတ်စားပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာ လူသားများရဲ့လွတ်လပ်ခွင့်ကို ကန့်သတ် တဲ့ အချုပ်အနှောင်တခုသာ ဖြစ်တယ်။ ဒါကြောင့် လက်မထပ်ပဲ အတူတကွ နေထိုင်ကြတဲ့ စနစ်ကို (Living Together) ဆိုပြီး တွင်တွင် ကျယ် ကျယ် အသုံးပြုနေကြပါပြီ။ ဆရာကြီးလူထုစိန်ဝင်း ပြော သလို ဘယ်သူ့ဘယ်သူမှချုပ်နှောင်မထားတဲ့ 
အတူ နေချင်စိတ်ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ်မ ရှိတဲ့အခါ
ကိုယ့်ဟာကိုယ်နေဆိုတဲ့ အယူအဆ ကိုလက်ခံကျင့်သုံးပြီး “အဖော်”လို့ ခေါ်ကြတဲ့
နေနည်းမျိုးနဲ့ နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေး ကျင့်သုံး
နေကြတယ်။ ပြင်သစ်က တွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့
ဆီမွန်ဒီဘူ ဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တစ်သက်လုံး (Living
Together)ဆိုပြီး နေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေးတစ်ယောက်
နှစ်ယောက်မွေးပြီးမှ လက်ထပ်တာမျိုးလည်း ရှိ တယ်။
ဒီအလေ့အကျင့်ကို မြန်မာအပါဝင် အာရှ တိုင်းပြည်တွေမှာ လိုက်နာကျင့်သုံးလို့ မဖြစ်နိုင်ပါ ဘူး။
ကမ္ဘာကြီးဟာ တကယ်ပဲ နယ်ခြားစည်း မရှိတော့ဘူးဆိုရင် နိုင်ငံတနိုင်ငံက နိုင်ငံတနိုင် ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်တာေ တွ၊
ဘာသာတခုက ဘာသာတခုကို ကျူးကျော်တိုက် ခိုက်တာတွေဟာ တကယ့်အမှန်တရား
ဟုတ်နိုင် ပါ့မလား။ တကယ်ကော အတိုက်ခံကြရတဲ့ တိုင်း ပြည်တွေ
ဘာသာရေးခေါင်းဆောင်တွေက နယ် ခြားစည်း မရှိတော့ဘူးဆိုပြီး လိုက်ပိုက်ကြည့်နေ
နိုင်ကြပါ့မလားဆိုတာ မေးခွန်းထုတ်စရာ မလိုဘူး လို့ပဲ ထင်ပါတယ်။
လူသားတွေဖြစ်လေ့ဖြစ်ထရှိတဲ့ အပြောင်း အလဲတခုကို ယဉ်ကျေးမှုတွေ မိရိုးဖလာ အစဉ် အလာဆိုတာတွေနဲ့ ချုပ်နှောင်နေတာ မဟုတ်ပါ ဘူးခင်များ။
ကမ္ဘာ့ရွာဖြစ်နေတဲ့ ဒီနေ့ခေတ်မှာ ပြောင်းလဲမှုတွေ ဘယ်လောက်ပဲ မြန်မြန်၊ အရှေ့ နဲ့ အနောက်ကြားမှာ လူသားကွန်ယက်(Human Network) ဆိုတဲ့ လူလူချင်းထိတွေ့ဆက်ဆံမှု တွေ ဘယ်လောက်ပဲမြန်မြန် လူမျိုးတမျိုးနဲ့တမျိုး၊ နိုင်ငံတခုနဲ့ နိုင်ငံတခုအကြားမှာ ရှိကြတဲ့ ယုံ ကြည်ကိုး ကွယ်မှု ရိုးရာယဉ်ကျေးမှုတွေကိုတော့ နယ်ခြားစည်း မထားလို့ မရနိုင်ပါဘူး။
ဒါကြောင့် ကမ္ဘာကြီးဟာ နယ်ခြားစည်း မရှိတော့ဘူးလို့ ဘယ်လိုပဲ ပြောပြော ကိုယ့်လူမျိုး ကိုယ့်ရိုးရာ ကိုယ့်ဘာသာသနာနဲ့ ယဉ်ကျေးမှုတွေ ကိုတော့ ထိမ်းသိမ်း စောင့်ရှောက်ရမှာပဲ ဖြစ်ပါ တယ်။ ဒီအချက်ကို ဘယ်လိုမှ မေ့ထားလို့ မရပါ ဘူး။ နိုင်ငံအလိုက် လူမျိုးအလိုက် ဒေသအလိုက် ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ ကြီးဟာ နယ်ခြားသည်းမရှိတော့ဘူးလို့ ဘယ်လိုပဲ ပြောနေပါစေ၊ မိမိတို့ရဲ့ ရိုးရာတွေကို တန်းဖိုးထား ထိမ်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။ ရိုးရာ ယဉ်ကျေးမှုဆိုတာတွေကိုတော့ စည်းမခြားထား လို့တော့ မရပါဘူး။
နယ်ခြားစည်း မရှိတော့တဲ့ မျက်မှောက် ကမ္ဘာကြီးမှာ နည်းပညာပိုင်းတွေ၊ အချက်အလက် တွေကို မျှဝေမှုတွေနဲ့ပတ်သက်လို့ နယ်ခြား စည်း မရှိတော့ဘူးဆိုတာကိုတော့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ လူမျိုးရေးတွေ ဘာသာရေးနယ်ပယ်တွေ မှာတော့ နယ်ခြားစည်းဟာ မရှိလို့မဖြစ်တဲ့ အရာ တခုပဲဖြစ်ပါတယ်။ ဒါကြောင့် The world without frontier ကမ္ဘာကြီးမှာ နယ်ခြားစည်းမရှိတော့ ဘူးဆိုတဲ့ စကားဟာ လုံးဝအပြည့်အစုံ မှန်ကန် တယ်လို့ တထစ်ချ ပြောလို့ မရနိုင်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။
ပြီးတော့ ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်းဟာ အဓိပ္ပါယ်ခြင်း လုံးဝမတူပါဘူး။ ခေတ်ဆန်တာက အပေါ်ယံဆန်ပါတယ်။ ယနေ့ကမ္ဘာမှာ အောင်မြင် ကျော်ကြားနေကြတဲ့ တိုင်းတပါး သို့မဟုတ် ပြည် တွင်းနာမည်ကြီး အဆိုတော်တွေ ရုပ်ရှင် သရုပ် ဆောင်တွေစတဲ့ အနုပညာရှင်တွေရဲ့ ပြုမူပြော ဆိုပုံတွေ၊ ဆင်ယင်ဝတ်စား ပုံတွေကို အတုလိုက် ပြီး ပြုမူတာဟာ ခေတ်ဆန်တာပဲဖြစ်ပါတယ်။
ခေတ်မီတာကတော့ ကမ္ဘာမှာ ဖြစ်ပေါ် နေတဲ့ နည်းပညာတွေ, အတွေးအခေါ် အယူအဆ တွေနဲ့ ပညာရေးနယ်ပယ်မှာ မျက်ချည်မပြတ် အမြဲတမ်း ကြိုးစာလေ့လာနေတာကို ခေတ်မီ တယ်လို့ ဆိုရပါမယ်။ ဒီတော့ ကျနော်တို့တတွေ က ခေတ်ဆန်ဖို့ မလိုပါဘူး၊ ခေတ်မီဖို့ပဲ လိုအပ်ပါ တယ်။ ယဉ်ကျေးမှုတွေ ကျဆင်းလာပါပြီ။ ယဉ် ကျေးမှုတွေ ကျဆင်းလာတာနဲ့အတူ ကိုယ်ကျင့် တရားတွေ ကျဆင်းမသွားဖို့တော့ လိုအပ်လှပါ တယ်ဗျာ။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာဟာ တိုင်း ပြည်နဲ့ လူမျိုးရဲ့ အသက်လို့ပဲ ယုံကြည်မိပါတယ်။
ကိုသစ်
( သီ တ ဂူ က မ္ဘာ့ ဗု ဒ္ဓ တ က္က သို လ် )
ဒီစကားကတော့ ရေပန်းစားနေတာ ကြာပါပြီ။ ကမ္ဘာကြီးဟာ ရွာဖြစ်နေပြီတဲ့၊ နောက် ကမ္ဘာကြီးဟာ နယ်စည်းမရှိတော့ဘူးဆိုတဲ့ စကား လုံးတွေနဲ့ ကမ္ဘာကြီးက ဖေါင်းပွလို့ နေပါပြီ။ ကမ္ဘာကြီးဟာ နယ်ခြားစည်း မရှိတော့ဘူးဆိုတဲ့ စကားကို ကြားပြီးတဲ့နောက်ပိုင်းမှာ တကယ် ထိတ်လန့်မိတာတော့ အမှန်ပါပဲ။
နည်းပညာတွေ တနေ့တခြား တိုးတက် လာနေတဲ့ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသား တဦးအနေနဲ့ နည်းပညာတွေရဲ့ အားသာချက် တွေကိုတော့ အသိမှတ်ပြုဖို့ လိုတာတော့ အမှန် ပါပဲ။
ဘာကြောင့်လဲဆိုတော့ နည်းပညာတွေက လူသားတွေအတွက် အချိန်ကုန် လူပန်းဖြစ်စေတဲ့ အရာတွေကို ကူညီနေတာ လူတိုင်းအသိပဲ ဖြစ်ပါ တယ်။ ပညာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျောင်းသားတယောက်ဟာ ကျောင်းသင်ခန်းစာ တွေကိုသင်ယူဖို့ ကျောင်းကိုတောင် သွားဖို့မလို တော့ဘူး-တဲ့။ ကိုယ်အိမ်မှာ ကိုယ်အခန်းထဲမှာပဲ နေပြီး သင်ယူလို့ ရနေပြီတဲ့။
ပြီးတော့ဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေ ကိုယ်သင်ယူတဲ့ ဘာသာရပ် အတွက် အထောက်အကူပြုစေတဲ့ သင်ရိုးညွန်း တမ်းတွေ စာအုပ်စာတန်းတွေ အချက်လက်ပေါင်း များစွာတွေကို နည်းပညာအကူအညီနဲ့ တထိုင် တည်းမှာပဲ ယူလို့ရနေတာဟာ နည်းပညာရဲ့ ကျေးဇူးကြောင့်ဆိုတာ ဘယ်သူမှ ငြင်းပယ်နိုင် မယ်မထင်ပါဘူး။
နိုင်ငံရေးရှုထောင့်ကနေ ကြည့် မယ်ဆိုရင်လည်း အချိန်နဲ့ စက္ကန့်တိုင်းမှာ ကမ္ဘာ မှာ ဘယ်နိုင်ငံမှာ ဘယ်သူက ဘာစကားတွေကို ပြောတယ်။ ဘယ်နိုင်ငံမှာ ဘာတွေဘယ်လို ပြောင်း လဲနေပြီဆိုတာတွေကို နည်းပညာအကူအညီနဲ့ တထိုင်အတွင်းမှာ အကုန်သိနိုင်တာဟာ နည်း ပညာရဲ့အကျိုးကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လည်း ဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာ ရေး အသိပညာတွေကို အလွယ်တကူနဲ့ ဖတ်ရှု နိုင်ပါတယ်။ ဘာသာရေးရှုထောင့်ကနေ ကြည့် မယ်ဆိုရင်လည်း ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဘာ သာကြီးများကို အလွယ်တကူနဲ့ လေ့လာနိုင် တာဟာ နည်းပညာရဲ့ အကျိုးကျေးဇူးလို့ ဆိုရမှာပါ။
ဒီလိုပါပဲ ဘယ်ဘာသာရပ်မှာမဆို လိုအပ်တဲ့ အချက်အလက် တွေကို အလွယ်တကူနဲ့ ရှာဖွေ လို့ရနေပါပြီ။ ကျနော်ဆရာ လုပ်တာ မဟုတ်ပါဘူး ခင်များ။ တခါတလေမှာ ကျနော်တို့ တ တွေရဲ့ အတွေးအခေါ်တွေက တော်တော်လေးကို ချော် တော့ငေါ့ပါတယ်။ ကမ္ဘာကြီး ဟာ နယ်ခြားစည်းမရှိတော့ ဘူးဆိုတဲ့ စကားဟာ လုံးဝပြီး ပြည့်စုံတဲ့ မှန်ကန်တဲ့ စကားလို့တော့ ပြောလို့ မရ ဘူးလို့ပဲထင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကမ္ဘာမှာရှိကြတဲ့ လူမျိုးစုတွေ ယုံကြည်ကိုးကွယ် နေကြတဲ့ ဘာသာတရားတွေ လက်ခံကျင့်သုံး နေကြတဲ့ ရိုးရာယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်း စဉ်လာတွေဟာ လူမျိုးစုတွေ မတူကြတာနဲ့အမျှ အမြဲတစေ ပြောင်းလဲမှုတွေ ရှိနေကြလို့ပဲ ဖြစ်ပါ တယ်။
ကျနော် လူမျိုးရေးခွဲခြားတဲ့စိတ်နဲ့ ပြော နေတာ မဟုတ်ပါခင်များ။ လူမျိုးရေးခွဲခြားတဲ့ စနစ်တွေမရှိတော့ဘူးဆိုပေမဲ့လို့
ဒါကို ဘယ်သူမှ ယဉ်ကျေးမှုမရှိဘူး ရိုင်း တယ်လို့ မပြောကြပါဘူး။ ဒါပေမဲ့ ဒီဓလေ့ကို မြန် မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ နေတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို မှ လက်ခံကျင့်သုံးလို့ မရနိုင် ပါဘူး။ မြန်မာဗုဒ္ဓဘာသာ အနေ နဲ့ဘယ်လိုမှလက်မခံနိုင်တဲ့ ဓ လေ့တခုပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လူမျိုးမတူ နိုင်ငံမတူတဲ့အတွက် ရိုးရာ ဓလေ့ ဟာလည်း အလိုလိုကွဲသွား တာပဲ ဖြစ်ပါတယ်။
နောက်ထိုင်းနိုင်ငံမှာ ဆိုလို့ရှိရင်လည်း ထိုင်းလူမျိုးတွေဟာ ဘုရားပရဝဏ်အတွင်းမှာ ဖိနပ်တွေ စီးလေ့ရှိပါတယ်။ ထိုင်းဘုရင်နဲ့ မိဖုရား စတဲ့ နန်းတွင်းသူ နန်းတွင်းသားတွေဟာ ဘုရား ရှေ့မှာ ထိုင်ကြရတဲ့အခါ ဖိနပ်မချွတ်ပဲထိုင်ကြတဲ့ ဓလေ့တခုရှိပါတယ်။ ဒါကို ဘာသာရေးခေါင်း ဆောင်နဲ့ အစိုးရပိုင်းကလည်း ခွင့်ပြုထားပါတယ်။ သူတို့နိုင်ငံမှာတောင် ဘုရားရှေ့ ဖိနပ်ပါမချွတ်ပဲ ထိုင်ကြသေးတာပဲ တို့လည်းထိုင်သင့်တာပေါ့ဆို ပြီး လိုက်တုလို့မရပါဘူး။ ဒီဓလေ့ကို မြန်မာပြည် မှာ ကျင့်သုံးလို့ မရနိုင်ပါဘူး။ ဒီနိုင်ငံတွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေပါ။ ဒါပေမဲ့ လူမျိုးကွဲတာနဲ့ ကျင့်သုံးကြတဲ့ ဓလေ့ဟာလည်း အလိုလိုကွဲသွား တာပဲ ဖြစ်ပါတယ်။
နောက်တခုက အနောက်နိုင်ငံတွေမှာ sex-free လုပ်တာရှိပါတယ်။ အထူးသဖြင့် အမေရိကလိုတိုင်းပြည်မျိုးမှာ ဒီကိစ္စက အတော် လေးကို ခေတ်စားပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာ လူသားများရဲ့လွတ်လပ်ခွင့်ကို ကန့်သတ် တဲ့ အချုပ်အနှောင်တခုသာ ဖြစ်တယ်။ ဒါကြောင့် လက်မထပ်ပဲ အတူတကွ နေထိုင်ကြတဲ့ စနစ်ကို (Living Together) ဆိုပြီး တွင်တွင် ကျယ် ကျယ် အသုံးပြုနေကြပါပြီ။ ဆရာကြီးလူထုစိန်ဝင်း ပြော သလို ဘယ်သူ့ဘယ်သူမှချုပ်နှောင်မထားတဲ
ဒီအလေ့အကျင့်ကို မြန်မာအပါဝင် အာရှ တိုင်းပြည်တွေမှာ လိုက်နာကျင့်သုံးလို့ မဖြစ်နိုင်ပါ ဘူး။
ကမ္ဘာကြီးဟာ တကယ်ပဲ နယ်ခြားစည်း မရှိတော့ဘူးဆိုရင် နိုင်ငံတနိုင်ငံက နိုင်ငံတနိုင် ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်တာေ
လူသားတွေဖြစ်လေ့ဖြစ်ထရှိတဲ့ အပြောင်း အလဲတခုကို ယဉ်ကျေးမှုတွေ မိရိုးဖလာ အစဉ် အလာဆိုတာတွေနဲ့ ချုပ်နှောင်နေတာ မဟုတ်ပါ ဘူးခင်များ။
ကမ္ဘာ့ရွာဖြစ်နေတဲ့ ဒီနေ့ခေတ်မှာ ပြောင်းလဲမှုတွေ ဘယ်လောက်ပဲ မြန်မြန်၊ အရှေ့ နဲ့ အနောက်ကြားမှာ လူသားကွန်ယက်(Human Network) ဆိုတဲ့ လူလူချင်းထိတွေ့ဆက်ဆံမှု တွေ ဘယ်လောက်ပဲမြန်မြန် လူမျိုးတမျိုးနဲ့တမျိုး၊ နိုင်ငံတခုနဲ့ နိုင်ငံတခုအကြားမှာ ရှိကြတဲ့ ယုံ ကြည်ကိုး ကွယ်မှု ရိုးရာယဉ်ကျေးမှုတွေကိုတော့ နယ်ခြားစည်း မထားလို့ မရနိုင်ပါဘူး။
ဒါကြောင့် ကမ္ဘာကြီးဟာ နယ်ခြားစည်း မရှိတော့ဘူးလို့ ဘယ်လိုပဲ ပြောပြော ကိုယ့်လူမျိုး ကိုယ့်ရိုးရာ ကိုယ့်ဘာသာသနာနဲ့ ယဉ်ကျေးမှုတွေ ကိုတော့ ထိမ်းသိမ်း စောင့်ရှောက်ရမှာပဲ ဖြစ်ပါ တယ်။ ဒီအချက်ကို ဘယ်လိုမှ မေ့ထားလို့ မရပါ ဘူး။ နိုင်ငံအလိုက် လူမျိုးအလိုက် ဒေသအလိုက် ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ ကြီးဟာ နယ်ခြားသည်းမရှိတော့ဘူးလို့ ဘယ်လိုပဲ ပြောနေပါစေ၊ မိမိတို့ရဲ့ ရိုးရာတွေကို တန်းဖိုးထား ထိမ်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။ ရိုးရာ ယဉ်ကျေးမှုဆိုတာတွေကိုတော့ စည်းမခြားထား လို့တော့ မရပါဘူး။
နယ်ခြားစည်း မရှိတော့တဲ့ မျက်မှောက် ကမ္ဘာကြီးမှာ နည်းပညာပိုင်းတွေ၊ အချက်အလက် တွေကို မျှဝေမှုတွေနဲ့ပတ်သက်လို့ နယ်ခြား စည်း မရှိတော့ဘူးဆိုတာကိုတော့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ လူမျိုးရေးတွေ ဘာသာရေးနယ်ပယ်တွေ မှာတော့ နယ်ခြားစည်းဟာ မရှိလို့မဖြစ်တဲ့ အရာ တခုပဲဖြစ်ပါတယ်။ ဒါကြောင့် The world without frontier ကမ္ဘာကြီးမှာ နယ်ခြားစည်းမရှိတော့ ဘူးဆိုတဲ့ စကားဟာ လုံးဝအပြည့်အစုံ မှန်ကန် တယ်လို့ တထစ်ချ ပြောလို့ မရနိုင်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။
ပြီးတော့ ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်းဟာ အဓိပ္ပါယ်ခြင်း လုံးဝမတူပါဘူး။ ခေတ်ဆန်တာက အပေါ်ယံဆန်ပါတယ်။ ယနေ့ကမ္ဘာမှာ အောင်မြင် ကျော်ကြားနေကြတဲ့ တိုင်းတပါး သို့မဟုတ် ပြည် တွင်းနာမည်ကြီး အဆိုတော်တွေ ရုပ်ရှင် သရုပ် ဆောင်တွေစတဲ့ အနုပညာရှင်တွေရဲ့ ပြုမူပြော ဆိုပုံတွေ၊ ဆင်ယင်ဝတ်စား ပုံတွေကို အတုလိုက် ပြီး ပြုမူတာဟာ ခေတ်ဆန်တာပဲဖြစ်ပါတယ်။
ခေတ်မီတာကတော့ ကမ္ဘာမှာ ဖြစ်ပေါ် နေတဲ့ နည်းပညာတွေ, အတွေးအခေါ် အယူအဆ တွေနဲ့ ပညာရေးနယ်ပယ်မှာ မျက်ချည်မပြတ် အမြဲတမ်း ကြိုးစာလေ့လာနေတာကို ခေတ်မီ တယ်လို့ ဆိုရပါမယ်။ ဒီတော့ ကျနော်တို့တတွေ က ခေတ်ဆန်ဖို့ မလိုပါဘူး၊ ခေတ်မီဖို့ပဲ လိုအပ်ပါ တယ်။ ယဉ်ကျေးမှုတွေ ကျဆင်းလာပါပြီ။ ယဉ် ကျေးမှုတွေ ကျဆင်းလာတာနဲ့အတူ ကိုယ်ကျင့် တရားတွေ ကျဆင်းမသွားဖို့တော့ လိုအပ်လှပါ တယ်ဗျာ။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာဟာ တိုင်း ပြည်နဲ့ လူမျိုးရဲ့ အသက်လို့ပဲ ယုံကြည်မိပါတယ်။
ကိုသစ်
( သီ တ ဂူ က မ္ဘာ့ ဗု ဒ္ဓ တ က္က သို လ် )
0 အကြံပြုစာ:
Post a Comment