
မှားခြင်းကို ထပ်ထပ်မှားခြင်းသည် အထက်မရောက်နိုင် လူတော်မဖြစ်နိုင် ယုံကြည်မှုလဲ မခံရနိုင်သလို
သူတစ်ပါးရဲ့ အရည်အသွေး အရည်အချင်းကို အသိမှတ်ပြုမပေးတာ ချောင်ထိုးထားတာ အပြစ်မြင်ရင် လွန်လွန်ကဲကဲ အပြစ်တင်တတ်တာလဲ စိတ်ပိုင်းဆိုင်ရာအရ အားနည်းချက်များသာ ဖြစ်ပါတယ်၊ အထက်မရောက်နိုင်သလို မြင့်မြတ်သူတို့ နှလုံးသားစာရင်းမှာ မပါနိုင်ပါ။
ဘ၀မှာအပျော်ရွှင်ဆုံးသူဆိုတာ ကိုယ့်ဝါသနာပါတဲ့အလုပ်ကို အကျိုးရှိရှိ စိတ်ရော ကိုယ်ရော လုပ်ခွင့်ရသူသာ ဖြစ်ပါတယ်၊ လုပ်ခွင့်ရရင်လဲ ကိုယ်အရည်အသွေးကို နားလည်ပြီး တန်ဘိုးထား အားပေးစကား ကြားခွင့်ရခဲ့ရင် ထိုသူ့အတွက် ကံကောင်းသလို ဘယ်အရာနဲ့မျှ မလဲနိုင်တဲ့ စိတ်ဓာတ်ခွန်အားလဲ ဖြစ်ပါတယ်၊ ပျော်စရာဆိုတာ ဒါပဲလေ၊ အရာရာခပ်သိမ်း ငွေလို့ မမြင်စေချင်ပါ။
လူတော်တွေ များစွာရှိပါတယ်၊ တန်ဘိုးထားခြင်း အသိမှတ်ပြုခြင်း မခံရသူက များပါတယ်၊ မအောင်မြင်တော့လဲ အပြောခံရတယ်၊ တကယ်တော့ ၀ါသနာနဲ့ နေရာ စည်းချက်မကိုက်လို့သာ မအောင်မြင်ကြတာပါ၊ လမ်းကြောင်းမှန်မှန် မောင်းနှင်းခွင့်ပေးလိုက်ပါ၊ အဆင်ပြေတာ မြင်ရမှာပါ။
အထက်လူကြီးများ လူငယ်တွေရဲ့ အရည်အသွေးကို သိပါ၊ တန်ဘိုးကိုနားလည်းပါ၊ လုပ်ကိုင်ခွင့် ဖန်တီးခွင့်ပေးပါ၊ အသိအမှတ်ပြုပေးခြင်း ဂုဏ်ပြုချီးကျူးစကားဆိုခြင်းဖြင့် လူငယ်တွေရဲ့ အနာဂတ်ကို ပိုတောက်ပြောင်အောင် အရောင်တင်ပေးပါ။ ဒါဆို လူငယ်တွေ ပျိုဇာတာ ကောင်းနိုင်သလို လူကြီးတွေလည်း အိုဇာတာ ပိုကောင်းလာမှာပါ။
0 အကြံပြုစာ:
Post a Comment