ဘ၀နဲ့ချည်ပြီးလောင်တဲ့ မီးက
အရေခွံလေး လဲလိုက်ရုံနဲ့
ငြိမ်းမသွားခဲ့ဘူး။
နယ်ခြားစည်းတွေမရှိတော့ဘူးဆိုတဲ့ ကမ္ဘာကြီးက
အခွန်အကောက်တွေ များများလာတယ်
သွေးထွက်သံယိုမှုတွေ တိုးတိုးလာတယ်
အားတိုးဆေးတွေ ပေါပေါလာတယ်။
အိမ်အပြန်နောက်ကျသူတွေ တိုးတိုးလာတယ်။
ပြီးတော့.....
.... များလာတယ်။
............တိုးလာတယ်။
............... ပေါလာတယ်။
(ဖြစ်နိုင်မယ်ဆိုရင် )
ဘ၀ကို အထိုင်ဖုံးတလုံးလို
ကျောက်ချမနေနဲ့ပေါ့။
အချိန်က ဘ၀ကို
ရင့်ကျက်မှုတွေပဲ ပေးပါစေ။
တန်ပြန်နိယာမတခုမှာ
အရင်ရောက်သောသူများ နောက်ကျတတ်၍
နောက်ကျသူများ အရင်ရောက်နေတတ်ပါသည်။
ကိုသစ် (သီတဂူ)
25/7/2013
0 အကြံပြုစာ:
Post a Comment