(၁)
ကာရံအလွဲများနဲ့
ကခုန်နေရတဲ့ ကပွဲတခုပါ။
ရေမြင့်တိုင်း ကြာမမြင့်ဘူးရယ်။
apple အသစ်တွေ ထွက်နေပြီတဲ့
I Phone နဲ့မှပဲ အဆင်ပြေတော့တယ်။
မိုးလင်းခါနီးပြီ
အမေ ဈေးထွက်လိုက်ဦးမယ်
ယူကြဦးမလား ပဲပြုတ်။
(၂)
ဝင်ဒါမီယာထဲရောက်နေပြီလေ
ကားလည်း အသစ်လဲလိုက်ရတယ်
မော်ဒယ်လ် မနိမ့်စေနဲ့ ကိုယ့်လူ။
ရော့ ဆန်လေးဘာလေးဝယ်ပေါ့
ငါလား
အဆင်ပြေတယ် မဟုတ်ပါဘူး
ရရ စားစားပေါ့
စားပြီးသောက်ပြီး ခြေသလုံးကြီးတဲ့
ရပါတယ် အေ
ခေါင်းထဲ မထည့်ထားနဲ့
အဆင်ပြေမှ ပြန်ပေးပေါ့
လက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေ မဟုတ်လား
ဟိုဘက်လမ်းထဲ သွားလိုက်ဦးမယ်
ဟောဒီမှာ
ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်တွေ ရမယ်။
(၃)
သားလေးက ၂ တန်းလေ
T T C မှာပဲ အပ်လိုက်တယ်။
အိမ်က ကားနဲ့ပဲ အကြိုအပို့လုပ်ရတယ်
ဒဂုံ အထက (၁) လည်း မဆိုးပါဘူး
ငါ့တော့ ILBC မှာ ပို့ထားတယ်
၁၀ တန်းအောင်ရင်တော့
အမေရိကားပို့ရမယ်။
ဒီနေ့ပဲ ဘုန်းဘုန်းဦးဇ၀နနဲ့တွေ့တယ်။
စရိတ်ငြိမ်းတဲ့လေ
ကျောင်းအပ်လို့ ရပြီတဲ့
ဘ က မှာ သင်လည်း ပညာတတ်ပါတယ်သားရယ်
ငါ့သားတယောက်ထဲမှ မဟုတ်တာ
ကျောင်းဆင်းရင် အိမ်ကို တန်းပြန်ခဲ့နော် သား။
(၄)
ဟလို ဆီဒိုးနားမှာလား
ထရိတ်ဒါးဆို ပိုကောင်းတာပေါ့
ပျင်းတာနဲ့ အင်းယားလိတ်မှာပဲ စားလိုက်တယ်
မနက်ဖြန် ဖူးခက်သွားမလို့။
ငါးပိရည်ကြိုလေး ကောင်းလိုက်တာ
အကြော်ပူပူလေးနဲ့ စားလိုက် ငါ့သား
အမေလည်း အသက်ကြီးလာပြီ
တရက်တလေလည်း နားပါဦး အမေရယ်
အမေ့ကိုကြည့်ရတာ ပင်ပန်းလိုက်တာ။
ရပါတယ် သားရယ်
အမေ့မှာ အားရှိပါသေးတယ်
လိမ်လိမ် မာမာနေနော် သား။
(၅)
SSC မှာလား
အခန်းနံပါတ် ဘယ်လောက်လဲ
ဘာရယ် မဟုတ်ပါဘူး
ခေါင်းမူးတာနဲ့ အာရှတော်ဝင်သွားလိုက်တာ
ဘန်ကောက်မသွားချင်ဘူး
စင်္ကာပူမှတဲ့လေ။
ဟာ.. သား ကိုယ်တွေပူပြီး အဖျားတွေ အရမ်းတက်နေတာပဲ
မပူနဲ့ ငါ့သား
အမေ လမ်းထိပ်ကဆိုင်မှာ ငန်းနီကျော် သွားဝယ်လိုက်ဦးမယ်
ဖျားရဲ ဖျားကြည့် ယူပစ်သလို ပျောက်သွားစေရမယ်
ရော့ ရေနွေး ပူပူလေးနဲ့ မှုတ်သောက်လိုက်။
(၆)
ဒီနေ့ နာရေးရှိတယ်လေ
ကားတွေအားလုံး
အိမ်ကနေ ၂ နာရီမှာ ထွက်မယ်တဲ့
စည်လိုက်တဲ့ အသုဘ အေ
ငါ့တော့ တခါမှ မမြင်ဖူးဘူး။
ကျမလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး
ဟာ ဒီလို နေလို့ ဘယ်ဖြစ်မလဲ
ကိုကျော်သူကို ဖုံးဆက်လိုက်လေ
ဘာမှ အားမငယ်နဲ့သိလား
သူအကုန်စီစဉ်ပေးလိမ့်မယ်။
(၇)
ပြီးတော့လည်း ပြီးတာပါပဲအေ
တကယ်တော့
သုဿာန်ဆိုတာ............။
ကိုသစ် (သီတဂူ)
ကာရံအလွဲများနဲ့
ကခုန်နေရတဲ့ ကပွဲတခုပါ။
ရေမြင့်တိုင်း ကြာမမြင့်ဘူးရယ်။
apple အသစ်တွေ ထွက်နေပြီတဲ့
I Phone နဲ့မှပဲ အဆင်ပြေတော့တယ်။
မိုးလင်းခါနီးပြီ
အမေ ဈေးထွက်လိုက်ဦးမယ်
ယူကြဦးမလား ပဲပြုတ်။
(၂)
ဝင်ဒါမီယာထဲရောက်နေပြီလေ
ကားလည်း အသစ်လဲလိုက်ရတယ်
မော်ဒယ်လ် မနိမ့်စေနဲ့ ကိုယ့်လူ။
ရော့ ဆန်လေးဘာလေးဝယ်ပေါ့
ငါလား
အဆင်ပြေတယ် မဟုတ်ပါဘူး
ရရ စားစားပေါ့
စားပြီးသောက်ပြီး ခြေသလုံးကြီးတဲ့
ရပါတယ် အေ
ခေါင်းထဲ မထည့်ထားနဲ့
အဆင်ပြေမှ ပြန်ပေးပေါ့
လက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေ မဟုတ်လား
ဟိုဘက်လမ်းထဲ သွားလိုက်ဦးမယ်
ဟောဒီမှာ
ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်တွေ ရမယ်။
(၃)
သားလေးက ၂ တန်းလေ
T T C မှာပဲ အပ်လိုက်တယ်။
အိမ်က ကားနဲ့ပဲ အကြိုအပို့လုပ်ရတယ်
ဒဂုံ အထက (၁) လည်း မဆိုးပါဘူး
ငါ့တော့ ILBC မှာ ပို့ထားတယ်
၁၀ တန်းအောင်ရင်တော့
အမေရိကားပို့ရမယ်။
ဒီနေ့ပဲ ဘုန်းဘုန်းဦးဇ၀နနဲ့တွေ့တယ်။
စရိတ်ငြိမ်းတဲ့လေ
ကျောင်းအပ်လို့ ရပြီတဲ့
ဘ က မှာ သင်လည်း ပညာတတ်ပါတယ်သားရယ်
ငါ့သားတယောက်ထဲမှ မဟုတ်တာ
ကျောင်းဆင်းရင် အိမ်ကို တန်းပြန်ခဲ့နော် သား။
(၄)
ဟလို ဆီဒိုးနားမှာလား
ထရိတ်ဒါးဆို ပိုကောင်းတာပေါ့
ပျင်းတာနဲ့ အင်းယားလိတ်မှာပဲ စားလိုက်တယ်
မနက်ဖြန် ဖူးခက်သွားမလို့။
ငါးပိရည်ကြိုလေး ကောင်းလိုက်တာ
အကြော်ပူပူလေးနဲ့ စားလိုက် ငါ့သား
အမေလည်း အသက်ကြီးလာပြီ
တရက်တလေလည်း နားပါဦး အမေရယ်
အမေ့ကိုကြည့်ရတာ ပင်ပန်းလိုက်တာ။
ရပါတယ် သားရယ်
အမေ့မှာ အားရှိပါသေးတယ်
လိမ်လိမ် မာမာနေနော် သား။
(၅)
SSC မှာလား
အခန်းနံပါတ် ဘယ်လောက်လဲ
ဘာရယ် မဟုတ်ပါဘူး
ခေါင်းမူးတာနဲ့ အာရှတော်ဝင်သွားလိုက်တာ
ဘန်ကောက်မသွားချင်ဘူး
စင်္ကာပူမှတဲ့လေ။
ဟာ.. သား ကိုယ်တွေပူပြီး အဖျားတွေ အရမ်းတက်နေတာပဲ
မပူနဲ့ ငါ့သား
အမေ လမ်းထိပ်ကဆိုင်မှာ ငန်းနီကျော် သွားဝယ်လိုက်ဦးမယ်
ဖျားရဲ ဖျားကြည့် ယူပစ်သလို ပျောက်သွားစေရမယ်
ရော့ ရေနွေး ပူပူလေးနဲ့ မှုတ်သောက်လိုက်။
(၆)
ဒီနေ့ နာရေးရှိတယ်လေ
ကားတွေအားလုံး
အိမ်ကနေ ၂ နာရီမှာ ထွက်မယ်တဲ့
စည်လိုက်တဲ့ အသုဘ အေ
ငါ့တော့ တခါမှ မမြင်ဖူးဘူး။
ကျမလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး
ဟာ ဒီလို နေလို့ ဘယ်ဖြစ်မလဲ
ကိုကျော်သူကို ဖုံးဆက်လိုက်လေ
ဘာမှ အားမငယ်နဲ့သိလား
သူအကုန်စီစဉ်ပေးလိမ့်မယ်။
(၇)
ပြီးတော့လည်း ပြီးတာပါပဲအေ
တကယ်တော့
သုဿာန်ဆိုတာ............။
ကိုသစ် (သီတဂူ)
0 အကြံပြုစာ:
Post a Comment