Monday, July 1, 2013 By: ဘ၀ဇာတ်ခုံ

ငါသာ သမ္မတဖြစ်ရင်ကွယ်



ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
လူတိုင်းမှာ သမ္မတဖြစ်ခွင့်ရှိရင် ဘာဖြစ်မလဲ။

ယုံကြည်မှုကင်းမဲ့နေတဲ့ ညနေခင်းမှာ
လေတိုက်နှုန်းက အနီရောင်အဆင့်မှာရှိတယ်
ငါတို့ တကယ်ပဲ ပြောင်းလဲသွားပြီလား။

ဂလိုဘယ်စီးပွါးရေးထက်
လိုကာယ်ကြီးပွါးရေးကို သွေးဆာ
ရေမလာ မီးမ၀င်း
ကိုယ့်ကိုယ်ကို မနဲအားတင်းပြီး
လင်းလင်းနေရတယ်
ငါတို့တကယ်ပဲ အမှောင်ထဲမှာ လင်းနေတုန်းပဲလား။

လူပြောသူပြောများတဲ့
မပြောင်းလဲသေးတဲ့ အပြောင်းအလဲတွေကြားမှာ
ဒုံရင်းတွေကတော့ ဒုံရင်းပါပဲ
တကယ်ပါ
တကိုယ်ကောင်းဆန်တယ်လို့ ပြောချင်လဲ ပြောပေါ့
ငါသာ သမ္မတဖြစ်ရင်ကွယ်......

ကိုသစ် (သီတဂူ)
10/6/2013

0 အကြံပြုစာ: