ဇီဝဇိုးငှက်တွေလို
မိုးကိုထိုးဖောက်လို့
လောကကြီးကို ငုံ့ကြည့်မယ့် သူငယ်ချင်းရေ...
လှေခါးဆိုတာ
တက်ဖို့ တခုတည်းအတွက် မဟုတ်သလို
စီးဝင်နေတဲ့ ရေတိုင်းဟာလည်း
သန့်စင်နေတာ မဟုတ်ဘူးနော်။
ညောင်သီးလည်းစား
လေးသံကြားလည်း နားစွင့်ထားပေါ့။
မိုးကိုထိုးဖောက်လို့
လောကကြီးကို ငုံ့ကြည့်မယ့် သူငယ်ချင်းရေ...
လှေခါးဆိုတာ
တက်ဖို့ တခုတည်းအတွက် မဟုတ်သလို
စီးဝင်နေတဲ့ ရေတိုင်းဟာလည်း
သန့်စင်နေတာ မဟုတ်ဘူးနော်။
ညောင်သီးလည်းစား
လေးသံကြားလည်း နားစွင့်ထားပေါ့။
လူလူချင်း ချနင်းတဲ့ခေတ်မှာ
နူးညံ့မှုတွေ
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတေးတွေကို
ထပ် ထပ်ပြီး သီဆိုဖို့ မမေ့နဲ့နော်။
အသက်ရှင်နေတဲ့ ကာလတခုမှာ
မြွေမလာရ၊ မြစ်မစီးရ
ခြင်မ၀င်ရ ကြွက်မကိုက်ရ
ဘ၀က ရှုပ်ထွေးတယ်ဆိုတာ မင်းသိပါတယ်။
တခါတရံ
ရင်ဘတ်ထဲက စကားလုံးတွေ မခုန်ဆင်းရဲတဲ့အဖြစ်မျိုးတွေ
မင်းဘ၀မှာ ရှိကောင်းရှိမယ်။
အရာရာကို ကြည့်တတ်ဖို့
ချိန်ခွင်လေးတလက်တော့ ဆောင်ထားပေါ့။
မင်းက ခုတ်လွယ်ရှလွယ်ရှိတဲ့သူ မဟုတ်လား။
သွားရမဲ့ခရီးက ဝေးသေးတယ်
မင်းတပ်လိုက်တဲ့ တောင်ပံတချပ်ဟာ
မင်းအသက်တွက် အရှက်မရပါစေနဲ့ သူငယ်ချင်း။
မင်းဘ၀မှာ အမြင့်ဆုံးက ကြည့်လို့
အနိမ့်ဆုံးကို မမြင်ရတဲ့အဖြစ်မျိုးလည်း
မရောက်စေနဲ့နော် ။
သူငယ်ချင်းရေ
ဘယ်မှာပဲ နားနား
ဘ၀တွေက
အလျော်အစားမများဖို့ပဲ လိုတာပါ။
ကိုသစ် (သီတဂူ)
နူးညံ့မှုတွေ
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတေးတွေကို
ထပ် ထပ်ပြီး သီဆိုဖို့ မမေ့နဲ့နော်။
အသက်ရှင်နေတဲ့ ကာလတခုမှာ
မြွေမလာရ၊ မြစ်မစီးရ
ခြင်မ၀င်ရ ကြွက်မကိုက်ရ
ဘ၀က ရှုပ်ထွေးတယ်ဆိုတာ မင်းသိပါတယ်။
တခါတရံ
ရင်ဘတ်ထဲက စကားလုံးတွေ မခုန်ဆင်းရဲတဲ့အဖြစ်မျိုးတွေ
မင်းဘ၀မှာ ရှိကောင်းရှိမယ်။
အရာရာကို ကြည့်တတ်ဖို့
ချိန်ခွင်လေးတလက်တော့ ဆောင်ထားပေါ့။
မင်းက ခုတ်လွယ်ရှလွယ်ရှိတဲ့သူ မဟုတ်လား။
သွားရမဲ့ခရီးက ဝေးသေးတယ်
မင်းတပ်လိုက်တဲ့ တောင်ပံတချပ်ဟာ
မင်းအသက်တွက် အရှက်မရပါစေနဲ့ သူငယ်ချင်း။
မင်းဘ၀မှာ အမြင့်ဆုံးက ကြည့်လို့
အနိမ့်ဆုံးကို မမြင်ရတဲ့အဖြစ်မျိုးလည်း
မရောက်စေနဲ့နော် ။
သူငယ်ချင်းရေ
ဘယ်မှာပဲ နားနား
ဘ၀တွေက
အလျော်အစားမများဖို့ပဲ လိုတာပါ။
ကိုသစ် (သီတဂူ)
1 အကြံပြုစာ:
မင်းက ခုတ်လွယ်ရှလွယ်ရှိတဲ့သူ မဟုတ်လား။
သွားရမဲ့ခရီးက ဝေးသေးတယ်
မင်းတပ်လိုက်တဲ့ တောင်ပံတချပ်ဟာ
မင်းအသက်တွက် အရှက်မရပါစေနဲ့ သူငယ်ချင်း။
ကဗျာလေးကို ခံစားပြီး ဖတ်သွားပါတယ်ရှင်။
Post a Comment