Thursday, October 18, 2012 By: ဘ၀ဇာတ်ခုံ

((( နှိုးစက် )))


ခေါင်းခေါင်းချင်းယှဉ်တဲ့ခေတ်ရောက်မှ
ငါတို့ခေါင်းတွေ ချောင်မှန်းပိုသိခဲ့ရ။
အိမ်နီးချင်းတွေ လိုသလောက်လင်းဖို့
ငါတို့က
ဘယ်လောက်ထိ မှောင်ပေးရမှာလဲ။
ကိုယ့်ဝန်းကျင် စိမ်းလန်းဖို့အရေး
ငါတို့အားလုံး
ခြောက်သွေ့ပေးခဲ့ရတယ်။
သမိုင်းထက်

ပထ၀ီကို စိတ်ဝင်စားသတဲ့။
အိမ်နီးချင်းက အလွန်ကောင်း
မောင်းမရတဲ့ ရထားစက်ခေါင်းဆို ပို့ပြီ။
တဖက်က အမျိုးပြုတ်တိုက်ပွဲ
လက်တွဲတဲ့သူက တွဲတယ်။
အဖြူနဲ့ အမည်းကြားမှာ
ရေကြည်လေးတပေါက်သောက်ဖို့
ထိုးကြွေးလိုက်ရတဲ့ နွမ်းကြွေဘ၀များစွာ
ကိုယ့်အိမ်နားက ကလေးတွေ အရိုက်ခံနေရတာတောင်
ငါတို့အိမ်က ကလေးတွေ
သင်္ခန်းစာမယူတတ်ကြသေးဘူး
အခုထိ ရေငတ်ကောင်းတုန်း။
အမျိုးကိုယုတ်မဲ့သား
ငါတို့ဝိုင်းတားမှဖြစ်မယ်။

ကိုသစ်
(15/10/2012)

0 အကြံပြုစာ: