အမှောင်ကျပြီးတဲ့နောက်
ငါ့မြို့လေးက ညံ့သွားတယ်။
ကျွန်းသစ်နဲ့ ပလပ်စတစ်
အရောင်းအ၀ယ်ဖြစ်တဲ့ခေတ်မှာ
ငါ့မြို့လေးက
ဘောဂဗေဒမှာ ညံ့တယ်။
မျက်နှာချင်းဆိုင်ပြီး
ချစ်ခြင်းပြိုင်ကြတဲ့ခေတ်မှာ
ငါ့မြို့လေးက ညံ့သွားတယ်။
ကျွန်းသစ်နဲ့ ပလပ်စတစ်
အရောင်းအ၀ယ်ဖြစ်တဲ့ခေတ်မှာ
ငါ့မြို့လေးက
ဘောဂဗေဒမှာ ညံ့တယ်။
မျက်နှာချင်းဆိုင်ပြီး
ချစ်ခြင်းပြိုင်ကြတဲ့ခေတ်မှာ
အခုထိ မျက်နှာချင်းမဆိုင်ရဲသေးတဲ့
ငါ့မြို့လေးက
Politic မှာ ညံ့တယ်။
ဧည့်သည်က အိမ်ရှင်ကို အရေးဆိုနေချိန်မှာ
အဖြူ အမည်း မကွဲတဲ့အထိ
ငါ့မြို့လေးက
History မှာ ညံ့တယ်။
ကိုယ်ယုံကြည်ရာ အသက်ဆက်ကြတဲ့အခါ
မဟာဗျူဟာမြောက်အကွက်တွေနဲ့
တကောင်ကျွေး သုံးကောင်ရိုက်နေချိန်မှာ
လှေကြီးထိုး ရိုးရိုး
ငါ့မြို့လေးက
ယုံကြည်ချက်အတွက်
အမြော်မြင်ရှိမှုမှာ ညံ့တယ်။
…….ညံ့တယ်…..
……..မှာ ညံ့တယ်…………
ငါ့မြို့လေးက ညံ့သလို
ဒီကဗျာကလည်း ညံ့ပါတယ်။
ရေငတ်နေချိန်မှာ
လက်ဝါးကြီးအုပ်ခံလိုက်ရတဲ့ ငါ့မြို့လေးလေ
အခုတော့
သူလည်း အသက်ငင်နေရှာပေါ့။
သင်္ခါရတရားတွေနဲ့
ရင်ဘောင်မတန်းနိုင်တဲ့အခါ
စိတ်ရဲ့ထွက်ပေါက်က ၀င်သက်ထွက်သက်
ဒီထက်မမှောင်ခင်
ငါတို့ ခရီးဆက်မှဖြစ်မယ်။
ကိုသစ်
(10/10/2012)
ငါ့မြို့လေးက
Politic မှာ ညံ့တယ်။
ဧည့်သည်က အိမ်ရှင်ကို အရေးဆိုနေချိန်မှာ
အဖြူ အမည်း မကွဲတဲ့အထိ
ငါ့မြို့လေးက
History မှာ ညံ့တယ်။
ကိုယ်ယုံကြည်ရာ အသက်ဆက်ကြတဲ့အခါ
မဟာဗျူဟာမြောက်အကွက်တွေနဲ့
တကောင်ကျွေး သုံးကောင်ရိုက်နေချိန်မှာ
လှေကြီးထိုး ရိုးရိုး
ငါ့မြို့လေးက
ယုံကြည်ချက်အတွက်
အမြော်မြင်ရှိမှုမှာ ညံ့တယ်။
…….ညံ့တယ်…..
……..မှာ ညံ့တယ်…………
ငါ့မြို့လေးက ညံ့သလို
ဒီကဗျာကလည်း ညံ့ပါတယ်။
ရေငတ်နေချိန်မှာ
လက်ဝါးကြီးအုပ်ခံလိုက်ရတဲ့ ငါ့မြို့လေးလေ
အခုတော့
သူလည်း အသက်ငင်နေရှာပေါ့။
သင်္ခါရတရားတွေနဲ့
ရင်ဘောင်မတန်းနိုင်တဲ့အခါ
စိတ်ရဲ့ထွက်ပေါက်က ၀င်သက်ထွက်သက်
ဒီထက်မမှောင်ခင်
ငါတို့ ခရီးဆက်မှဖြစ်မယ်။
ကိုသစ်
(10/10/2012)
0 အကြံပြုစာ:
Post a Comment