စကားပြော ကြမ်းတမ်းရင် ဘယ်သူမှ မကြိုက်ကြပါဘူး။ ယုတ်စွဆုံး ကိုယ့်အနီးရှိ တိရိစ္ဆာန်တောင် မကြိုက်ပါဘူး။ ဒါကို ပြောတာက ဖရုသ၀ါစာတဲ့။ ဖရုသ၀ါစာဖြစ်ရင် မိစ္ဆာဝါစာ ဖြစ်တယ်။ မကောင်းသဖြင့် ပြောတဲ့စကားပါ။ ဒါကြောင့် စကားပြောရမှာ သိမ်မွေ့ဖို့လိုမယ်။ နုညံ့လေ ပိုကာင်းလေ ဖြစ်တယ်၊ သိမ်မွေ့ရင် ကျက်သရေရှိတယ်။ မင်္ဂလာနဲ့ ပြည့်စုံတယ်၊ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှင်မြတ်ကလဲ ဒါတွေကို သတိထာဖို့ ဆုံးမလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓကတော့ မှန်ကန်ကျိုးများ ကောင်းတဲ့ စကားကိုပဲပြောဖို့ အမြဲတိုက်တွန်းတယ်။ မှန်ကန်နေရင်တောင်မှ မြတ်ဗုဒ္ဓကတော့ ကာလကြည့်ပြော။ ဒေသကြည့်ပြော။ အခြေအနေ ပုဂ္ဂိုလ်ကိုလဲကြည့်ပြောအုန်းတဲ့။ မှန်တယ် ကောင်းတယ်ဆိုပြီး အခြေအနေမသိပဲ စွပ်ပြောရင်လဲ အကျိုးမပြီးဖြစ်တတ်လို့ ဖြစ်မှာပါ။ စကားပြောရာမှာ ဘယ်လိုစကားမျိုးပြောရမှာလဲဆိုရင် ကိုယ်ပြောမဲ့စကားဟာ
(၁) နေလာ - ကိုယ်ပြောတဲ့စကားဟာ အပြစ်ကင်းရမယ်
(၂) ကဏ္ဏသုခါ - ကြားလိုက်ရသူတွေနားမှာ ချမ်းသာရမယ်၊ တင်စားထားတဲ့စကားပါ၊ စိတ်ချမ်းသာမှုကို ပေးနိုင်စွမ်းရှိရမယ်ကို ပြောတာ
(၃) ပေမနီယ - ပြောလိုက်တဲ့စကားကိုလဲ လူတိုင်းက နှစ်ချိုက်ကြတယ်
(၄) ဟဒယင်္ဂမာ - စိတ်ထဲနှလုံးထဲ ရင်ထဲထိ ရောက်သွားတဲ့စကား ဆောင်သိမ်းထားသင့်တဲ့စကားမျိုး ဖြစ်ရမယ်
(၆) ဗဟုဇန ကန္တာ - လူအများက ကြိုက်တယ်
(၇) ပေါရီ - ယဉ်ကျေးတဲ့ မြို့သူ မြို့သားတွေပြောတဲ့ စကားမျိုး ဖြစ်ရမယ်
(၈) သဏှာ - သိမ်မွေ့ရမယ်
(၉) သခိလာ- ပြေပြေ ပြစ်ပြစ် ပြောတတ်ရမယ်
(၁၀) ဘိန္နာနံ သန္ဓတာ - ကိုပြောတဲ့စကားဟာ ကွဲနေသူတွေကိုတောင် စေ့စပ်ပေးတဲ့ စကားမျိုး ဖြစ်ရမယ်၊ ပိုဝေးသွားမဲ့ စကားမျိုး မဖြစ်ရပါဘူ။
(၁၁) သံဟိတာန - ချစ်ခင်နေရင်လဲ ပိုချစ်ခင်သွားစေတဲ့ စကားမျိုး ဖြစ်ရမယ်
ပိုအမုန်းပွါးတဲ့ စကားမျိုး မဖြစ်ရပါဘူး
(၁၂) သမဂ္ဂကရဏ- အချင်းအချင်း ညီညွတ်မှုကိုသာ အားပေးတဲ့ ပြောတဲ့ စကားမျိုးဖြစ်ရမယ်
ဒါတွေဟာ သူတော်ကောင်းတွေ တန်ဘိုးထားတဲ့ စကား ချီးမွန်းတဲ့ စကားတွေပါ၊ နတ်ကောင်းနတ်မြတ်တွေကလဲ သူတော်ကောင်းလို့ သတ်မှတ်တဲ့ စကားတွေပါ။
ကိုယ်ပြောတဲ့ စကားတွေဟာ တန်ဘိုးရှိ ချစ်ခင်မှုကို တိုးပွါးတဲ့ စကားတွေပဲ ဖြစ်စေချင်ပါတယ်။ စကားတွေမှာ စွမ်းအားတွေ ရှိပါတယ်။ နှုတ်ကြောင့် ကျေတာမျိုး ကွဲတာမျိုး ဆုံးရှုံးတာမျိုး မဖြစ်စေချင်ပါဘူး။ ချစ်အောင်လုပ်တာလဲ ဒီနှုတ် မုန်းအောင်လုပ်တာလဲ ဒီနှုတ် ကိုယ့်အလုပ် ကိုယ့်ထံ ကိုယ်ပြန်ခံစားရတဲ့ နိယာမတရားရှိနေလေတော့ ကိုယ့်ဘ၀အထက်တန်းကျ အကျိုးရှိအောင်သာ စကားစွမ်းအားတွေကို မိမိဘ၀အတွက် APPLY လုပ်သင့်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ။

0 အကြံပြုစာ:
Post a Comment