ရွှေလဲ အတုနဲ့
ကုသိုလ်လဲ အတုနဲ့
သူငယ်ချင်းလဲ အတုနဲ့
လူကလဲ အတုနဲ့
ငြိမ်းချမ်းရေးလဲ အတုနဲ့
ဘာသာရေးလဲ အတုနဲ့
ဘုန်းကြီးတောင် အတုရှိနေမှတော့
ဘာကျန်သေးလဲ
မြန်မာလူမျိုးတောင် အတုတွေ ပေါ်ကုန်ပြီ
ဒီလိုနဲ့ အတုတွေ အတုတွေ
အတုတွေက အခွင့်အရေးဆို
အစစ်တွေက အိပ်ရေပျက်
ဈေးဆက်တာက ပွဲးစားခ
ရိုင်းတယ်တော့ မထင်နဲ့
နွားထီးငါးကျပ်
နွားမငါးကျပ်တော့ မရဘူး
ငါ့ဘကြီးပြောသလိုဘဲ
ဒူးနေရာဒူး တော်နေရာ တော်ပဲဗျ
ဝိသမကို အဆုံးမသတ်နိုင်ရင်
အဲဒါ သေလမ်း၊
ဒါဟာ ဇှူဇကာတို့မျိုး
ကိုယ့်လောဘ ကိုယ့်အစားက ကိုယ်ပြန်သတ်သွားတတ်တယ်
ရသင့်တာ ရှိသင့်တာထက် ပိုမလိုချင်ကြနဲ့
အတုဟာ အတုပါပဲ။
မှတ်ချက်- ကဗျာမဟုတ်တဲ့ကဗျာပါ။ ရေးတတ်သလို ရေးမိတာ၊ နားလည်ပေးနိုင်ကြပါစေ
0 အကြံပြုစာ:
Post a Comment