ကမ်းခြေနဲ့ အပန်းဖြေသူ
ငေးသူ ငေး
ပြေးသူ ပြေး
တွေးသူ တွေး
ကူးသူ ကူး
ပလူသူ ပလူ
မြှူသူ မြှူ
ခြူသူက ခြူတယ်
ပျော်သူပျော်
ခေါ်သူက ခေါ်တယ်
ပုံစံတွေကွဲပြားလှတဲ့ ဒီဝန်းကျင်မှာ
ဘာဘာ ညာညာ
ဟာတာတာလို့
ထင်လေမလား
ဒါပေမဲ့ အနှစ်လား အစစ်လား အဖြစ်လား
လားတွေ လားတွေ မေးချင်ရာမေး
ဖြေချင်ရာ ဖြေလို့ရတယ်
မြင်ကွင်းက
သံဝေဂရစရာ
တစက်မှ မရှိဘူးတဲ့
ဒီတော့မှ
အသိဉာဏ်ကို ကော်ထုတ်
ငါ့ကိုငါ မီးဖုတ်ကြည့်မိတော့မှ
ရေစိုမခံတဲ့ အာမခံပစ္စည်းဆိုတာ ကောက်ရသွားတယ်။
0 အကြံပြုစာ:
Post a Comment