အမှန်တရားဆိုတဲ့ ဆုံမှတ်ကို ရောက်ဖို့
ခရီးရှည်ထွက်ခဲ့တာ ကြာပေါ့
အရပ်လေးမျက်နှာ တပြိုင်နက်
ခြေချလို့ မရပေမဲ့
ရောက်မယ်ထင်လို့ လျှောက်ခဲ့တာတွေ
ကောင်းမယ်ထင်လို့ စမ်းခဲ့တာတွေ
လှမ်းရင်း စမ်းရင်းနဲ့
ငါနင်းခဲ့တဲ့ ကမ္ဘာမြေဟာ
ခြေရာခြင်း ထပ်ကောင်းထပ်မယ်
အမြင်တွေ ထပ်ကောင်းထပ်မယ်
အကျင့်တွေ ထပ်ကောင်းထပ်မယ်
ရောက်တဲ့ နေရာ ရှိတဲ့အရပ်
ငါ့ကိုယ်ငါ အတွေးတွေကို ဖမ်းဖမ်းစစ်တယ်
အမှန်အတွက် အမှားများများ လုပ်နေသူပဲ
အမှန်ဆိုတာ နီရက်နဲ့ဝေးနေတာလား
အမှန်က ပါးလွန်းလို့ မြင်ရခက်တာလား
အပြောနဲ့ အလုပ် တိုင်ပင်ဖို့တော့လိုပြီ
ကောင်းကင်ပျံငှက်တွေက ကောင်းကင်မြင်ဖို့ဆိုတာနဲ့
ရေထဲသွားတဲ့ ငါး ရေတည်တာ မြင်ဖို့ဆိုတာ
မရှိလို့တော့ မဖြစ်နိုင်ဘူး
ခုလဲ
ငါ့ကိုယ်၌က ဆရာတင်မှားလို့ဖြစ်မယ်
ဟုတ်မှာပေါ့
အ၀ိဇ္ဇာ အဖေ
တဏှာက အမေတဲ့
မွေးလာတဲ့ အတ္တသား
အမှားတွေနဲ့ ကစားတတ်တာ နဲလား
ဒီဥခွံတွေမှ မဖောက်နိုင်သေးတာကို
ဘယ်တော့ ဘယ်တော့ ?????
ငှက်တွေက နှစ်ခါပြန်မွေးပြီးမှ လောကကို မြင်တယ်
ငါက အခုမှ အဖန်ဖန် တစ်ခါပဲ မွေးရသေးတာ
အမှန်ဆိုတဲ့ သစ္စာ
ငါ့တွက်တော့ ကောင်းကင်ပျံငှက်များ ဖြစ်နေပြီလား
အမှန်ဆိုတဲ့သစ္စာ သစ္စာဆိုတဲ့အမှန်
ခုထိတော့ နီးရက်နဲ့ဝေးနေအုန်းပေါ့။
0 အကြံပြုစာ:
Post a Comment