အလင်္ကာသင်စဉ် ကဗျာတစ်ခုက “ငါ၏ကိုယ်သည်
ကျေမွစုတ်ပြတ်
ကလပ်စည်းမျှင်
တပင်ကျန်စေ
ငါမသေ”တဲ့
နတ္ထိက “ငါ၏ နှုတ်သီး, ခြေထောက်, တောင်ပံတို့ ကျိုးပဲ့…။
ငါ၏ ဇီဝိန်ကား မယိုင်မနဲ့…။
အို…ရင့်ရဲလေစွ’’တဲ့
မောနေယျကတော့ “ဘယ်သူမှ မခူးလည်း နေပစေ
ဖရိုဖရဲတော့ ပွင့်မသွားပါရစေနဲ့..။
အမတ ဆိုတာ
အလေ့ကျပေါက်တဲ့ ပန်းမှ မဟုတ်ပဲ”တဲ့
ကြိုက်မိတဲ့ စသားတွေနဲ့အတူ
အမတပန်းရနံ့
ရှူရှိုက်ခွင့်ရမယ်ဆိုရင်
ဘယ်လောက်ထိ ရဲရင့်လိုက်ရမလဲ
ဧကာယနနဲ့ငါ
ငါနဲ့ဧကာယန
မူးမူး
စူးစူး
ပူပူ
ဆူဆူ
ခိုင်မာတဲ့ကြိုးတစ်ချောင်းနဲ့
ငါ့ကိုယ်ငါ အရောက်မောင်းမယ်။
0 အကြံပြုစာ:
Post a Comment