Wednesday, September 7, 2011 By: ဘ၀ဇာတ်ခုံ

လေရိုင်း

တည်ငြိမ်နေတဲ့ ရေပြင်ကို
ဘာလို့ ခဲနဲ့ ပစ်ပေါက်ချင်ကြတာလဲ
ကိုယ်လမ်းကိုယ်သွား
အယဉ်ကျေးဆုံးအနေအထားမှာ
မေတ္တာနဲ့ ကရုဏာ
ကာရံထားတာတောင်
ဘ၀က အခုထိ မလုံခြုံသေးဘူး
စကားလုံးတွေကို
ကိုယ်လိုရာ ပုံစံသွင်း
ကိုယ့်လူကို သူဇတ်ခင်းမှတော့
အမြင်နဲ့လေသံက
မာနသံတွေ
မနာလိုမှုတွေ 
မကျေနပ်မှုတွေ
ခြိမ်းခြောက်မှုတွေ ×××
လေသံကြောင့် ခဏခဏ
သတိထားနေရတယ်
လေသံကြောင့် ခဏခဏ
အမှန်ခံနေရတယ်
လေသံကြောင့်
သမာဓိတွေ ဖိတ်စင်ကုန်တယ်
လေသံကြောင့်
ပျော်ရွှင်မူတွေ ဆိတ်ငြိမ်ကုန်တယ်
လေသံကြောင့်
တွေးတွေးပူတတ်လာတယ်
လေသံကြောင့်
စိုတဲ့လက်တွေ
ခြောက်ခြောက်လာတယ်
လေသံကြောင့်
အကြည့်တွေ ခံနေရတယ်
ငါဟာ ရန်သူမဟုတ်ဘူး
ငါဟာ ရန်မလိုသူ
ငါဟာ ဖြူစင်သူ
ငါဟာ ကြည်လင်သူ
ငါဟာ အေးချမ်းသူပဲ
ငါဟာ ကျေးဇူးပြုတတ်သူပဲ
ဒါပေမဲ့ လေသံကြောင့်
အေးချမ်းမူတွေ
ငါ့ရင်မှာ မေ့မြောကုန်တယ်

0 အကြံပြုစာ: