Monday, September 5, 2011
at
10:28 AM
By:
ဘ၀ဇာတ်ခုံ
ဒုက္ခကို
ပိုက်ဆံပေးဝယ်တာမဟုတ်ဘူး
သုခကိုလဲ
အကြွေးစနစ်နဲ့ တွေးမနေတတ်ဘူး
ဒါပေမဲ့
ဝတ်ရတာလဲ ကျပ်တယ်
စားရတာလဲ ကျပ်တယ်
ကားစီးရတာလဲ ကျပ်တယ်
ကျောင်းတက်ရတာလဲ ကျပ်တယ်
နေထိုင်ရတာလဲ ကျပ်တယ်
အကြည့်တွေကလဲ ကျပ်တယ်
ခပ်ကျပ်ကျပ်ဘ၀ထဲမှာ
လေတိုက်ခံနေရတဲ့
ငါရင်ဘတ်ကြီး
အခုတော့ အကျပ်ကြီးကျပ်နေမိတယ်။
0 အကြံပြုစာ:
Post a Comment