အသက်တိုတာလည်း မပြောနဲ့
အကုသိုလ်ကိုမှ မပယ်နိုင်သေးတာကိုး။
စိတ်က လေးရူးလို
စေတီမြင်ရင်လဲ
ဖူးလိုက်တာပဲ
သုရာဆိုလဲ
မူးလိုက်တာပဲ။
ဘ၀ကိုချည်တဲ့ ကြိုးဆိုတာ ဒါပေါ့
ရုန်းမထွက်နိုင်တဲ့
အလိုမပြည့်မူဟာ
သံသရာ။
ဘယ်ဆီဘယ်ဝယ်ထိ
လေဟာနယ်ထဲက
စင်္ကြာဝဠာအမှိုက်တစ်စလို
လွင့်မျောကြရအုံးမလဲ။
အဆုံးသတ်ကို ရှာဖွေဖို့ရာ
ဒိအစေးဓာတ်ကလေးကို ပယ်ခွါဖို့ဆိုတာ
အတော်အတန် ရင့်ကျမူနဲ့တော့
ဘယ်ဖြစ်မလဲ။
ပါရမီဆိုတာ
သင့်စိတ်သင် လျှော်ဖွတ်ခြင်းတစ်မျိုးပဲ
လုံးဝ ဆွတ်ဆွတ်ဖြူတဲ့ နေ့ဟာ
သင့်နွံထဲက သင်လွတ်မြောက်တဲ့
နေ့ပေါ့။ ။ ။
(နေမွန်းသင်)
0 အကြံပြုစာ:
Post a Comment