ရှင်နေမင်းကြီးက
သူ့သက်တမ်း ကာလအတွင်းမှာ
သူ့ရင်ငွေ့ကို ဖြန့်ကျက်
နွေးထွေးစွာ ပွေ့ဖက်လို့
လောကကို အလှဆင်ခဲ့ပေါ့။
သူ့သက်တမ်း ကုန်ဆုံးလို့
ပျောက်ကွယ်သွားချိန်မှာ
ဖြာလင်းမှု စွမ်းအင် အပြည့်အ၀နဲ့
နွေးထွေးတဲ့ ရင်ငွေ့တွေ့ကို
စနစ်တကျ သိုလှောင်ထိန်းသိမ်းပြီး
အေးမြတဲ့ အလင်းနဲ့
“မှောင်မိုက်ခြင်းကို ဖြိုခွင်းပါ”
“လောကကြီးကို သာယာနိုင်ပါစေ” တဲ့
သူမှာခဲ့တာ “လမင်း” ကိုပဲ။
အဆူဆူသော နေမင်းတွေရဲ့
အနွေးဓာတ်တွေကို
အစင်းစင်းသော “လမင်း” တွေက
ရင်တွင်းမှာ သိုလှောင်ကာ
ကမ္ဘာကို ငြိမ်းချမ်းအေးမြစေခဲ့။
မြန်မာတို့ ကောင်းကင်မှာ
“လ” တစ်စင်းသာခဲ့ပြီ
ကမ္ဘာကြီးပေါ်ကို စင်္ကြလျှောက်ဖို့
မြန်မာတို့ မွေးဖွားခဲ့တဲ့
“သီတဂူ” တဲ့။
သူရဲ့မေတ္တာစက်ကွင်းကြောင့်
ကမ္ဘာကြီးဖျန်းကနဲ့ ကြက်သီးထ
ဒါ --- လမင်းပဲ
ဘယ်သူငြင်းနိုင်မလဲ။
နေမင်းရဲ့ အနွေးဓာတ်တွေနဲ့
သူ့မေတ္တာတွေကို ကျိုချက်
ကျောက်စက်ရေစင်တွေကို
ကမ္ဘာပေါ် သွန်ချလိုက်ပြီ ---
အဲဒါ ---
ဗုဒ္ဓတက္ကသိုလ်က “သီတဂူ လမင်း” ပေါ့ ။ ။ ။
သူ့သက်တမ်း ကာလအတွင်းမှာ
သူ့ရင်ငွေ့ကို ဖြန့်ကျက်
နွေးထွေးစွာ ပွေ့ဖက်လို့
လောကကို အလှဆင်ခဲ့ပေါ့။
သူ့သက်တမ်း ကုန်ဆုံးလို့
ပျောက်ကွယ်သွားချိန်မှာ
ဖြာလင်းမှု စွမ်းအင် အပြည့်အ၀နဲ့
နွေးထွေးတဲ့ ရင်ငွေ့တွေ့ကို
စနစ်တကျ သိုလှောင်ထိန်းသိမ်းပြီး
အေးမြတဲ့ အလင်းနဲ့
“မှောင်မိုက်ခြင်းကို ဖြိုခွင်းပါ”
“လောကကြီးကို သာယာနိုင်ပါစေ” တဲ့
သူမှာခဲ့တာ “လမင်း” ကိုပဲ။
အဆူဆူသော နေမင်းတွေရဲ့
အနွေးဓာတ်တွေကို
အစင်းစင်းသော “လမင်း” တွေက
ရင်တွင်းမှာ သိုလှောင်ကာ
ကမ္ဘာကို ငြိမ်းချမ်းအေးမြစေခဲ့။
မြန်မာတို့ ကောင်းကင်မှာ
“လ” တစ်စင်းသာခဲ့ပြီ
ကမ္ဘာကြီးပေါ်ကို စင်္ကြလျှောက်ဖို့
မြန်မာတို့ မွေးဖွားခဲ့တဲ့
“သီတဂူ” တဲ့။
သူရဲ့မေတ္တာစက်ကွင်းကြောင့်
ကမ္ဘာကြီးဖျန်းကနဲ့ ကြက်သီးထ
ဒါ --- လမင်းပဲ
ဘယ်သူငြင်းနိုင်မလဲ။
နေမင်းရဲ့ အနွေးဓာတ်တွေနဲ့
သူ့မေတ္တာတွေကို ကျိုချက်
ကျောက်စက်ရေစင်တွေကို
ကမ္ဘာပေါ် သွန်ချလိုက်ပြီ ---
အဲဒါ ---
ဗုဒ္ဓတက္ကသိုလ်က “သီတဂူ လမင်း” ပေါ့ ။ ။ ။
(ကိုကိုနှင်းဝေ)
0 အကြံပြုစာ:
Post a Comment