ဒိနေ့တော့ ရောက်တတ်ရာရာ ရေးပါရစေ။ အိပ်ရာဘေးက Dictionary ကိုကောက်ပြီးဖတ်လိုက်တယ်။ စကားလေးတစ်လုံး တွေ့လို့ ဆက်စပ်စဉ်းစားမိတာပါ။ Drill - ဆိုတာလွန်လို့ပြောတယ်။ မာကျောတဲ့ အရာတွေကို စူးရှတဲ့ဒိလွန်နဲ့ ဖောက်တယ်။ ကိုယ်လိုရာရဖို့ပါ။
အမှန်တော့ Drill- ဆိုတာက Exercise or Practice or Train လို့လဲရတယ်။ လက်တွေ့မှာ How to solve the problem ဘယ်လိုဖြေရှင်းရမယ် ဆိုတာကို ပြင်ဆင်တဲ့သဘောပါ။
ဥပမာ Oral drill- ဆိုရင် နှုတ်လေ့ကျင့်တာ။ နှုတ်ကဘာလိုလေ့ကျင့်ရတာလဲ။ အသုံးဝင်ဖို့လေ။ လူလူချင်း ပေါင်းသင်းတဲ့အခါ ဆက်ဆံတဲ့အခါ လှလှပပ ပြောတတ်အောင်ပေါ့။ လူရာဝင်တဲ့သူဟာ အပြောကောင်းတယ်။ စကားပရိယာယ်ကြွယ်တယ်။
ချစ်ခင်သူပေါတယ်။ မကောင်းလဲနှုတ် ကောင်းလဲ နှုတ်ဆိုတာ သိပြီးသာပါ။ နေ့စဉ်ကောင်းတာလေးတော့ နှုတ်နဲ့စိုက်ပျိုးပေါ့ဗျာ။ နှုတ်ကြောင့်ကျေကုန်မာစိုးလို့ပါ။ စကားလုံးတွေမှာ အားတွေပါတာ သတိထားပါ။
နောက်တစ်ခုက Physical drill- ဆိုရင် ခန္ဓာကိုယ်လေ့ကျင့်တာ။ အားကစားသမားတွေ ကြည့်ပေါ့။ မိန်းခလေးဆိုရင် သူတို့ခန္ဓာကိုယ်ကြော့ရှင်း လှပအောင် လေ့ကျင့်နေတာ အားလုံးသိပြီးသာပါ။ ပြောချင်တာက ရုပ်လှအောင်လဲ ပြင်ရမယ်။ ကြံ့ခိုင်အောင် သန်မာအောင်ပေါ့။ မနက်ဖျန်အတွက် အားတွေလိုတယ်မို့လား။ ရုပ်ကို ပျက်စီးစေတာက ကိုယ်လုပ်ခဲ့တဲ့ ကံတွေကလဲ ပျက်စီးစေတတ်တယ်။ ရှားတော့ရှားပါတယ်။
စိတ်ကြောင့်လဲ ပျက်စီးတတ်တယ်။ ဒေါသဖြစ်ရင် ကိုယ်ရုပ်ဘယ်လိုနေလဲ သိပါတယ်။ စိတ်သောက ရောက်ရင် ကိုယ့်ရုပ်ဘယ်လိုနေလဲ သိမှာပါ။ ငိုရင်ကော ဘယ်လိုရှိလဲ။ မကြည်လင်တော့ဘူးမို့လား။ သတိထားပေါ့။ ဥတုလဲ ပါတာပဲ။ တအား အေးနေရင် ရုပ်ကတစ်မျိုး ပူလွန်ရင် တစ်မျိုးလေ။ အပူအအေး ညီမျှအောင်နေလိုက်ပါ။
အစား အသောက်ကလဲ ရှိသေးတယ်။ မတည့်တာစားရင် သွေးတိုးတာ မသက်မသာဖြစ်တာရှိတယ်။ အဆင်မပြေရင် ရောဂါရတယ်။ ဖျားမယ်။ အဲဒိတော့ ဖျားရင် တစ်မျိုး ကျန်းမာရင် တစ်မျိုး။ ပြောရင်တော့ များတယ်။ အရာရာမျှမျှတတ နေတတ် ထိုင်တတ်ရင် ကိုယ်ကာယ ချမ်းသာတယ်။ ကျန်းမာတယ်။ ရေရှည်သုံးလို့ရတယ်။
နောက်တစ်ခုက Mental drill -ဆိုရင် စိတ်ကိုလေ့ကျင့်တာပါ။ စိတ်ကိုလေ့ကျင့်တာတော့ တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ဘူး။ စိတ်ကိုသေချာလေ့ကျင့်ရင် အရာရာအောင်မြင်တယ်။ လိုရာကိုပဲ စနစ် တကျထားတတ်တယ်။ ဘယ်လိုနေရမယ်ဆိုတာကစ သိတယ်။ မြင့်ဆုံးအသိညဏ်ကိုရတယ်။
သူများမမြင်တာမြင်တယ်။ မကြားတာကို ကြားတယ်။ မသိတာကို သိတယ်။ ရှေ့နောက်အကုန် မြင်နိုင်စွမ်း အားရှိတယ်။ လက်တွေ့မှာ လေ့ကျင့်သူနဲ့ မကျင့်သူ ကွာဟတာသိမှာပါ။ စိတ်ဆိုတာ ချုံပြောတာ။ ကောင်းတာကို လေ့ကျင့်ပါ။ မကောင်းတာကို မွေးမြူ လေ့ကျင့်ရင် အဖျက်သမားဖြစ်မယ်။
အခုစစ်ပွဲတွေဟာ လက်နက်ကစတာမဟုတ်ဘူး။ လောဘ ဒေါသ မောဟ အခြေခံ ဒိတရားခံ သုံးယောက်က စတာပါ။ ဖန်တီးတာ။ သူတို့မှာ destructive power တွေရှိတယ်။ ဒါတွေကိုတော့ မလေ့ကျင့်စေချင်ဘူး။ အကျိုးမရှိဘူး။ ဘယ်သူစိတ်ချမ်းသာလို့လဲ။ ဒိတော့ လောဘနေရာမှာ အလောဘဆိုတဲ့ ပေးကမ်းတာ လှူဒါန်းဒါ ကူညီတာ စောင့်ရှောက်တာ ပရဟိတ လောကစီးပွား များများလုပ်တာတွေ အစားထိုးပါ။
ဒေါသနေရာမှာတော့ မေတ္တာနဲ့အစားထိုး။ လူလူချင်း သတ္တ၀ါချင်းချင်း စောင့်ရှောက်ပါ။ ချစ်ပါ။ လေးစားပါ။ ဂုဏ်ယူပါ။ မောဟနေရမှာတော့ ပညာနဲ့အစားထိုးပေါ့။ အရာရာကို အမှားအမှန်ခွဲခြားတတ်ရမယ်။ သိရမယ်။ ခန့်ခွဲတတ်ရမယ်။ clear understanding detail ဆိုတာပညာပဲ။ မောဟအားကြီးရင် အကမ်းကမ္ဘာဖြစ်မယ်။ ဒေါသကြီးရင် သေကျေပျက်စီးမယ်။ လောဘကြီးရင်တော့ ငတ်ကြမယ်ဗျာ။
သူတို့သုံးယောက်က မသိဘူး။ သတ်မယ်။ ကိုယ့်ဖို့ပဲကြည့်မယ်။ ဒါကြောင့် ပြောတာပါ။ ဘ၀ဆိုတာ ကောင်းဆိုး ဒွန်တွဲနေလေတော အခက်အခဲဆိုတာရှိနေမှာပါ။ ရူပ်ထွေးမူတွေရှိနေမှာပါ။ အကျပ်အတည်း တွေရှိနေမှာပါ။ ဒါတွေကို ဖြေရှင်းတတ်ဖို့ လူတွေမှာ အသိညဏ်ဆိုတာပါလာတယ်။ ဖြေရှင်းတတ်ဖို့ပဲ လိုမယ်။ ဘယ်လိုဖြေရှင်းမလဲ။
စိတ်ကို စနစ်တစ်ကျလေ့ကျင့်ပါ။ အသိညဏ်ကိုသွေးပါ။ မလိုအပ်တာတွေကို အချိန်ပေးမစဉ်းစားပါနဲ့။ ရည်ရွယ်ချက်ရှိ ရည်မှန်းချက်ရှိရင် စိတ်တန်ခိုးကြီးလာတာနဲ့အမျှ အောင်မြင်မှာ ဗေဒင်ကြည့်စရာ မလိုပါဘူး။ ကိုယ်လျှောက်တဲ့ လမ်းတိုင်းမှာ သတိမရှိ အသိမရှိ ဇွဲမရှိရင် သေမယ်။ တည်တည်ငြိမ်ငြိမ် သတ္တိရှိရှိ စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်ပါ။
ဒေါသ အာဃာတ ရှေ့မထားပါနဲ့။ ခြေထောက်လို အကျင့်စရဏ မျက်လုံးလို အမြင်ဝိဇ္ဖာရှိပါစေ။ ငှက်ဟာ တောင်ပံကောင်းပြီး မျက်စိမမြင်ရင် မျက်စိကောင်းပြီး တောင်ပံမကောင်းရင် လိုရာမရောက်နိုင်ဘူး။ မေတ္တာထား သစ္စာဆို ယုံကြည်ချက်ခိုင်မာ ဒါဆို အခက်အခဲတွေ ကျော်လွှားနိုင်ပါတယ်။
ပြောလိုတာက လွန်ပူဟာ မာတယ်။ ထက်တယ်။ မာကျောတဲ့နံရံကို ဖောက်လို့ရတယ်။ ဒိလိုပဲ အခက်အခဲ ဘယ်လိုပင် မာကျောပါစေ။ ရူပ်ပါစေ။ ကြမ်းပါစေ။ လုပ်ပြလိုက်စမ်းပါ။ လွန်လိုဖောက်လို့ ရအောင် ကိုယ့်စိတ်ကို ခိုင်မာအောင် အသိညဏ်ကို sharp ဖြစ်အောင်သွေးစေချင်တယ်။ လေ့ကျင့်စေချင်တယ်။
Physical , Verbal , Mental ကောင်းကောင်း Drill လုပ်နိုင်ရင်တော့ အောင်မြင်ဖို့အတွက် အရည်အသွေး ကောင်းတွေပါဆိုတာ ပြောလိုက်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ်ပေါ့။ ဘ၀အတွက် အသုံးဝင်တဲ့သူတွေ ခုလိုနေ တယ်နော်။ မမေ့နဲ့။ ။ ။

0 အကြံပြုစာ:
Post a Comment