Tuesday, October 19, 2010 By: ဘ၀ဇာတ်ခုံ

ဒီနေ့အသိ

ဒီနေ့ (၁၁-၁၀-၂၀၁၀) မြန်မာနိုင်ငံမှ ဒေါက်တာ အရှင်ပညိဿရ ရောက်သည်။
သံအမတ်ကတော် ဒေါ်ထွေးရီက အဓိကထားလို့ပင့်ကာ ရက်တိုတရားစခန်းလုပ်သည်။ ဒေါက်တာ ဒေါ်ကြည်ကြည်တင်ကလဲ ကူညီဆောင်ရွက် ပေးသည်။
နေရာက Assumption University- အေပစ်တက္ကသိုလ် C-building -အထပ်-12 မှာပါ။ ကိုသူ တက်နေတဲ့ တက္ကသိုလ်မှာ လာကျင်းပတော့ ကိုသူကိုလဲ ဖိတ်သည်။ အဓိကကတော့ အေပစ်တက္ကသိုလ်က ဆရာဆရာမတွေ မာစတာတွေ ဒေါက်တာတွေ လာထိုင်ကြသည်။ 

အားလုံးကို ဖိတ်တာမဟုတ်တော့ လာရောက်ပြီး ဓမ္မရသကို ခံစားချင်သူတွေရှိပေမဲ့ အခွင့်မရကြ။ ကိုသူရင်ထဲ တစ်မျိုးတော့ ဖြစ်မိသေးသည်။
နေရာအခက်အခဲဆိုရင်တော့ ကိစ္စမရှိ။
အင်း ကိုသူလဲ မနက်ပိုင်းက နာရီဝက် အချိန်လေးမှီလို့ အားပေးခဲ့သည်။ လာရောက်တဲ့ပရိတ်သတ်ကို စေနာရှင်တွေနှင့် ဒေါ်ထွေးရီတို့က အကုန်ဧည့်ခံ ကျွေးမွေးသည်။
ဆရာတော်ကိုလဲ အေပစ်မှာပဲ အဆင်ပြေစွာထားသည်။

 အခုတော့ နေ့ခင်း မလှိုင်တို့ မြန်မာထမင်းဆိုင်မှာ ကိုသူတို့ သူငယ်ချင်းတစ်စု နေလည်စာစားခဲ့သည်။
နေ့ခင်း သွားရောက်လို့ တရားနဲ့ကိုယ့်ဘ၀ကို အရောင်တင်မည်။
တရားနဲ့ ကိုယ့်သူဘ၀ကို မြင့်တင်မည်။
အပျော်တွေထဲမှာ ဓမ္မပီတိရသနဲ့ ပျော်လိုက်မည်။ ကိုယ့်အကြောင်းကိုယ်လေ့လာချင်းသည် အဓိပ္ပါအရှိအဆုံးဖြစ်သည်။ ကိုယ့်အကြောင်းကိုယ်မေ့ထား သူများအကြောင်းပဲ တွေးခဲ့မိလို့ ကိုယ်သူတို့ဘ၀ ရင်မောခဲ့ရသည်။ ငိုခဲ့ရသည်။ ဆွေးခဲ့ရသည်။ နာကျည်းခဲ့ရသည်။ အမုန်းမီးတွေ တောင်လောင်ခဲ့ရသည်။
မာနတွေနဲ့ ပတ်ဝန်းကျင်ကို အရောင်ဆိုးခဲ့ကြသည်။

စိတ်အေးချမ်းချိန်မှာတော့ ဒါတွေဟာ ဘာမှမဟုတ်ပါလား သဘောထား မှားနေတာတာပါလား ငါဒိလို့ပြောရင် တွေးရင်ရနေ အဆင်ပြေနေတာပဲ သူလဲ အဆင်ပြေ ငါလဲပေါ့ပါး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်နေတာပါလား လို့သတိထားမိလာသည်။
စိတ်ဆိုတာဟာ ပကတိမှာဖြူစင်သည်။ ညစ်နွမ်းတဲ့ကိလေသာ အမှိုက်သရိုက်တွေ ၀င်လာတာနဲ့အမျှ စိတ်က အရောင်းပြောင်းသည်။
ရင်ထဲလဲပူသည်။ စိတ်လဲလှုပ်ရှားသည်။ တည်ငြိမ်မှုလဲမရှိ။ 

တည်ငြိမ်နေတဲ့ရေကို ခဲနဲ့ပစ်ပေါက်တော့ ရေလှိုင်းဂယက်လေးတွေ ကမ်းစပ်ထိခတ်သည်။ လှုပ်သည်။ ကိုယ့်စိတ်မငြိမ်းချမ်းတော့ ရင်လဲပူသည်။
ပြောလာတဲ့စကား အပြုအမူလဲ ပူတာနဲ့ရောစပ်သည်။ ကြားရသူ ထိတွေ့ရသူတိုင်းလဲ စိတ်မောရတာများသည်။
ကိုယ့်ကြောင့် ကိုယ့်ဘ၀အေးချမ်းသင့်သည်။ ကိုယ်နေထိုင်ရာ မိသားစု အသိုင်းဝိုင်းလဲ ကိုယ့်ကြောင့်ငြိမ်းငြိမ်းချမ်းချမ်းရှိသင့်သည်။ 

ကိုယ့်စိတ်နဲ့ကိုယ်လဲ မညှင်းဆဲသင့်  ကိုယ့်စိတ်မငြိမ်းချမ်းရင် အကောင်းမမြင်တတ်။
စိတ်ထဲမှာ ဓမ္မခွန်အားရှိနေရင် အပြစ်ပြော ဆဲဆိုတာတောင် ခံနိုင်ရည်ရှိသည်။ ခွန်အားဆိုတာ ပူလောင်စေတတ်တဲ့ ကိလေသာတရားမှာ လုံးဝမရှိ။
အရှိနဲ့ အသိကိုညှိ ပေးတတ်တဲ့ စိတ်ရဲ့စွမ်းရည်ကို မြင့်တင်ပေးတဲ့ သဒ္ဓါ၊ သတိ၊ ပညာ၊ သမာဓိ၊ ၀ီရိယတို့သာ တကယ့်ခွန်အားတွေဆိုတာ မှတ်သားသင့်သည်။

ဘ၀မှာ ခွန်အားလိုသည်၊ ခွန်အားမရှိ သတ္တိမရှိရင် တိုက်ပွဲတိုင်းဟာ ကိုယ့်အတွက် အရူံးပင်။ ဘ၀မှာ မရူံးစေချင်။ ဤစကားကြားရင် ခွန်းအားတစ်စုံတရာ ရရင်ကျေနပ်သည်။ ကိုသူစေတနာကို ဒိနေ့ မျှဝေလိုက်သည်။
အားလုံး ပျာ်ရွှင်ချမ်းမြေ့ ကြပါစေ။

0 အကြံပြုစာ: