Tuesday, October 19, 2010
at
4:53 PM
By:
ဘ၀ဇာတ်ခုံ
ကျောင်းတက်နေရတာနဲ့ စာတွေလဲ မရေးဖြစ်တာကြာပြီ။ နားရသည်လဲ မရှိ။ အခုတော့ နဲနဲကျောင်းပိတ်ထားသည်။ ဘာဘာ ညာညာ ဟိုဟို သည်သည် အဓိပ္ပါယ်ရှိသည်လဲ ရှိ၏။
အဓိပ္ပါယ်မရှိသည်လဲ ရှိ၏။ ကိုယ်ပိုင်ဆိုင်ထားတဲ့ နေ့ရက်တွေကို အရင်းနှီးလုပ်နေရသည်။
တန်ဘိုးရှိတဲ့အချိန်တွေကို ဘယ်လောက်ဖဲပေးလိုက်ရပြီးလဲ။ ဘယ်လောက်ကျန်သေးလဲ ငွေတွက်သလို့တွက်နေရသည်။ မတွက်လို့လဲ မရ။ တကယ်တွေးတော့ လုပ်စရာတွေ လုပ်ချင်တာတွေ များသည်။ နေ့ရက်တိုင်းလိုလို ကိုယ့်ကိုယ် မေးခွန်းတွေ မေးလာမိသည်။
ကိုယ်မေးတဲ့ မေးခွန်း ကိုယ်ဖြေနိုင်အောင်လဲ ကြိုးစားနေမိသည်။ ဒိအတွက် ရိုးသားဖို့လိုသည်။ သတ္တိရှိဖို့လိုသည်။ ကိုယ့်ကိုယ်မညာတမ်း မေးပြီး အရိုးသားဆုံးဝန်ခံမိသည်။ ဟုတ်သည် မှန်သည်။ လိုသည်၊ ပိုသည်၊ နားလည်သည်၊ ထင်သည်။ သည်ပေါင်းများစွာတွေမြင်လာသည်။
တစ်ချိန်ကတော့ မေးခွန်ဆိုတာ ကိုယ်ဖို့မဟုတ်။ လက်ညိုးညွန်ရာ ရေဖြစ်ချင်သလို လက်ညှိုးလဲ သူအတွက်သာ ဖြစ်စေခဲ့ အသုံးချခဲ့သည်။ အခုတော့ သူများကို တစ်ချေားထိုးရင် ကိုယ်ဖက်ကို လက်ချောင်းလေးချောင်းထိုးလာသည်ကို ရိပ်မိသည်။ အင်း --- ကဲ ဘာလုပ်မလဲဆိုတော့ တန်ဘိုးရှိတာလုပ်ပြီး အတွေးမှန်အမြင်မှန်နဲ့ လျှောက်တော့မည်။ တစ်နေ့တာကို ဘယ်လိုအကောင်းဆုံးဖြတ်သန်းမယ်ဆိုတာကို စဉ်းစားရင်းပဲ စိတ်ကသက်သာပေါ့ပါးပြီး သွက်လက်သည်။ မေတ္တာနဲ့ကူညီမည်။
ကရုဏာလက်တစ်စုံနဲ့ ဖေးမသည်။ အဆင်ပြေသွားရင် ပျော်လိုက်မည်။ စေတနာက ဖော်စပ်ပေးတဲ့ ပျော်ရွှင်မှုပီတိ ခံစားရတဲ့ဓမ္မရသ ကျေနပ်တဲ့အပြုံး ရင်းနှီးမြှုပ်နှံလိုက်ရတဲ့ စွမ်းအင် ခွန်းအား ဘ၀ဆုံးအောင် သယ်ဆောင်သွားတော့မည်။ ဒါဆိုငါဘ၀လောက် ပျော်ရွှင်သူ ဘယ်သူရှိမလဲလိုတောင်အော်လိုက်ချင်သေးသည်။ နောက်နောင်လဲ ကိုသူရဲ့ အတွေးအမြင်လေးတွေ တင်ပြသွားပါမည်။
0 အကြံပြုစာ:
Post a Comment