Tuesday, October 19, 2010 By: ဘ၀ဇာတ်ခုံ

အကြည့်!

မိုးလင်းတော့ လမ်းလျှောက်ထွက်မိသည်။ နေ့တိုင်း ဘန်ကောက်ရောက်ကတည်းက တက္ကသိုလ်နဲ့ အဆောင် ကူးရုံကလွဲလို့ ဘယ်ကိုမှ မရောက်သေး။ တက္ကသိုလ်မှာလဲ စာအကြောင်းကလွဲပြီး ဘာမှ မပြောဖြစ်ကြ။ ရောက်တာ နောက်ကျတော့ ပိုကြိုးစားကြသည်။ စာတွေကလဲ မကျက်စားဖူးတဲ့ နယ်ပယ်တွေလဲ ပါသည်။ ကိုယ်နဲ့နီးစပ်တာတွေလဲပါသည်။ အမြင်သစ်တွေ တိုးတင်သလို ဟာကွက်တွေလဲ တွေ့သည်။

ပညာရေးကို အလေးထား မြတ်နိုးသူမို့ ပညာသင်ရတာကို မြတ်နိုးမိသည်။ ပင်ပန်းပေမဲ့ ကျေနပ်မိသည်။ ဒါပေမဲ့ မြန်မာမှာလို့ အခုနေတဲ့ဝန်ကျင်မှာ သထိထားနေရသည်။ အနေအထားမတူတဲ့ နယ်ပယ်မို့ပါ။ အခုလောလောဆယ် ကျောင်းတက်နေသည်မို့ အဆင်ပြေဆုံးအရာကို ရွေးချယ်ရသည်။ Temple မှာနေချင်ပေမဲ့ အခုလက်ရှိတက္ကသိုလ် တက်ရမှာမို့ မလွယ်ကူ။ ဒါကြောင့် အိမ်ငှါးနေကြသည်။ ပတ်ဝန်းကျင်အနေအထားအရ ဒိလိုမရှိခဲ့ဘူးဟုထင်သည်။ အားလုံးကတော့ စောင့်ကြည့်နေကြသည်။ ဘာလုပ်တာလဲ။ ဘာအတွက်လဲ။ စသည်စသည် မျက်လုံးပေါင်းများစွာနဲ့။

အခုတော့ အေပစ်-Assumption University-မှာ ကျောင်းတက်နေတယ်ဆိုတာ သိလာကြသည်။ လက်ခံလာကြသည်။ အားလုံးနာလည်ပေးရင် ၀မ်းသာသည်။ အတိတ်က ဒိဝန်းကျင်မှာ ဘာဖြစ်ခဲ့သည်ကို ကိုယ်လဲ မသိ။ ကိုယ်သိတာတစ်ခုကတော့ ကိုယ်ကျောင်းတက်မည်။ ဒိကပညာကို ရူထောင့်မျိုးစုံက ရယူမည်။ ခေတ်သစ်ပညာရေးစနစ်ကို စနစ်တကျလေ့လာမည်။ ပြန်သွားရင် ဟိုမှာ အကျိုးဖြစ်ထွန်းအောင် အကောင်အထည်ဖော်ဆောင်မည်။ ငွေကြေးမြောက်များစွာပေးထားရသည်မို့ ပေါ့လို့လုံးဝ မဖြစ်။ အချိန်ကိုလဲ မဖြုန်းချင်။ ငွေလဲ အလဟဿမဖြစ်ချင်။ ဆွေမျိုးမျက်နှာ ထောက်ပံသူတွေမျက်နှာ ကိုယ့်တိုင်းပြည့်ရဲ့ မျက်နှာ စသည်စသည် အလေးထားမိသည်။ ကိုယ်တန်ဘိုးထားသည်မှာ ဂုဏ်ဖြစ်သည်။

ကိုယ့်ကြောင့် မိမိရော မိမိလူမျိုးရော ဘာသာရော မှည့်လေးတစ်ပေါက်မစွန်းစေချင်။ ကိုယ့်ကြောင့်သာ ဂုဏ်တက်စေရမည်ဟု ခံယူမိသည်။ အတိုင်းအတာတစ်ခုထိပြီးသွားရင် ကိုယ်နိုင်ငံပြန်လို့ ကိုယ်လုပ်နိုင်ရာ ကိုယ်စွမ်းနိုင်ရာကနေ အတ္တပရ ဒိနှစ်ခုကို ကြိုးစားလုပ်ဆောင်မည်။ လောကကို ကောင်းကျိုးပြုတဲ့ သားကောင်းတစ်ယောက်သာ ဖြစ်ချင်သည်။ လောကကို ညှင်းဆဲ မျက်ရည်ကျစေတဲ့ သားမျိုးမဖြစ်ချင်။ ခုရော နောင်ရော ဘယ်သောအခါမှ မဖြစ်ချင်။ လောကကို ဘုရားသားတော်ပိပိ အမျက်အာရုံကောင်းအောင်သာ တပ်ဆင်ပေးချင်သည်။ အကြားအာရုံးတွေ ကောင်းအောင်သာ တပ်ဆင်ပေးချင်သည်။

ညဏ်မျက်စိ ညဏ်နား ကိုယ်လဲရချင်သလို လောကလူသားတွေကိုလဲ ရစေချင်သည်။ လောကကိုလဲ အကောင်းဖက်ကသာ ကြည့်ချင်မိသည်။ positive thinking and thought, ပဲဖြစ်ချင်သည်။ negative way မျိုးမဖြစ်ချင်။ အမှန်ကို အမှန် အရှိကို အရှိတိုင်း ယထာဘူတကျကျ realistic view ကိုလျှောက်လှမ်းမည်။ ရချင်သည်။ အတွေးအမြင်ကောင်းရင် အလုပ်အကိုင်ဆိုတာ ကောင်းပါသည်။ အခုလဲ အလုပ်အကိုင် အတွေးအမြင် ကောင်းသည်။ ဒါကိုသူတို့ဖက်က အကြည့်တွေ ဘယ်လိုဆိုတာ စောင့်ကြည့်ရပေအုန်းမည်။ ပတ်ဝန်းကျင်ကောင်း၍ နှလုံးလှ ပညာတတ်လူတွေသာ ဖြစ်ကြပါစေဟု ဆန္ဒပြုမိပါသည်။

0 အကြံပြုစာ: