မုသားတွေ လှိုင်လှိုင်ပေါနေတဲ့ နယ်မြေမှာ
သစ္စာပန်းတစ်ပွင့်ဟာ အနှိုင်းမဲ့တစ်ခုပါ။
မာယာတွေ မင်းမူနေတဲ့ တောအုပ်မှာ
ရိုးသားခြင်းသစ်ပင်ဟာ အနှိုင်းမဲ့တစ်ခုပါ။
ရင်ခုန်သံတွေနဲ့ ဆူညံနေတဲ့ နှလုံးသားမှာ
တိတ်ဆိတ်ခြင်းဆိုတာ အနှိုင်းမဲ့တစ်ခုပါ။
သံစဉ်တွေနဲ့ စိတ်ဝမ်းကွဲနေတဲ့ ပတ်ဝန်းကျင်မှာ
ညီညွတ်ခြင်း rhythm ဟာ အနှိုင်းမဲ့တစ်ခုပါ။
ဝိ၀ါဒတွေနဲ့ ငြင်းခုံနေတဲ့ လေလွင့်သူရဲ့ ရင်မှာ
ဥပေက္ခာတရားဟာ တကယ့်အနှိုင်းမဲ့တစ်ခုပါ။

0 အကြံပြုစာ:
Post a Comment