Monday, October 25, 2010 By: ဘ၀ဇာတ်ခုံ

အပြုံးတစ်ချက်!

အိမ်မှာဆို မနက် အိပ်ရာကထရင် အမေက သားအိပ်ရာထပြီးလား အပြုံးနဲ့ ပြောတယ်။ သူငယ်ချင်းကို တွေ့ရင်လဲ နေကောင်းတယ်နော် အပြုံးလေးနဲ့။ လူတိုင်းက ဖော်ရွေတာကိုကြိုက်တယ်။ အပြုံးနဲ့ ဆီးကြိုတာကို လိုလားတယ်။ ရင်ထဲမှာလဲ နွေးထွေးတာကို ခံစားရတယ်။ စိတ်ကောက်နေရင်တောင် အပြုံးပန်းကို မြင်ရင် မနေနိုင်ဘူး။ ပြေတယ်။ သူငယ်ချင်း ကတော့ ပြောတယ်။ ever smile never die တဲ့လေ။

ဘာပဲဖြစ်ဖြစ် အပြုံးဆိုတာကို လိုလားတာပါ။ ချစ်သူအချင်းချင်းဆိုရင် အပြုံးကိုပဲ မြင်ချင်တယ်။ အပြုံးဟာ နှလုံးသားအတွက် အားဆေးပါ။ စိတ်ဆိုးနေရင် မပြုံးနိုင်ဘူး။ မာနဖြစ်နေရင်လဲ မပြုံးနိုင်ဘူး။ မနာလိုရင်လဲ မပြုံးနိုင်းဘူး။ ငိုရင်လဲ ဘယ်ပြုံးနိုင်မလဲ။ ငိုရင်းနဲ့ ပြုံးသူ ရယ်သူတွေရှိတယ်နော်။ ဒါလဲ တစ်မျိုးလှတာပါပဲ။ အပြုံးဟာ အဆင်ပြေမှု အာဃာတမရှိမှု စတာကိုဖော်ပြတယ်။

တစ်စုံးတစ်ယောက်ကို အထင်သေး အမြင်သေးရင် ဘယ်ပြုံးနိုင်တော့မလဲ။ ကိုယ်နဲ့အဆင်မပြေသူ ရှေ့တော်မှောက် လမ်းလျှောက်လာရင် လက်ရှိပြုံးနေတဲ့မျက်နာ ချက်ချင်းရပ်ပစ်တတ်တယ်။ စိတ်ကို နဂိုထက် နဲနဲတင်းလိုက်တယ်။ မျက်နှာကို လိုတာထက်ပိုလို့ တည်လိုက်တယ်။ မထီလေးစား ငါ့ကို ဘာများအောင့်မေ့လဲပေါ့။ မပြောတော့လဲ ပြောနေသလိုပါ။ စိတ်မှာ ပေါ့ပါးမူ လွတ်လပ်မူ မရှိတော့ဘူး။ တင်းမာမူတွေဖြစ်နေတယ်။

တစ်စုံးတစ်ယောက်ကို ကြောက်စေချင်ရင်လဲ ခိုင်းတာပဲ ဖြစ်ဖြစ်ပေါ့ မပြုံးတော့ဘူး။ ခပ်မာမာနဲ့ ပြောတာ ရှိတယ်။ အပြုံးလေးနဲ့ ခိုင်းရင်ကော မရတော့ဘူးလား။ ပြောရင်ကော ပိုအဆင်မပြေနိုင်ဘူးလား။ကိုယ့်ကို တစ်စုံတစ်ယောက် ဘယ်လိုပြောတာကို ပိုနှစ်သက်လဲ။ စဉ်းစားရင် သိမှာပါ။ ကိုယ်လိုချင်တာမျိုးကို သူများကိုပေးလိုက်ပါ။ ကိုယ့်ဖြစ်ချင်တာမျိုးကို သူများကို ဖြစ်ခွင့်ပေးလိုက်ပါ။

အပြုံးဟာ ဈေးကြီးသလား။ ၀ယ်ရတာလဲ မဟုတ်။ လျှော့သွားတာလဲ မဖြစ်နိုင်။ အပြုံးလေးနဲ့ ကိုယ်လိုရာကို ဆွဲဆောင်ယူပါ။ မိသားစုမှာ မိခင်ပဲဖြစ်ဖြစ် ဖခင်ပဲဖြစ်ဖြစ် လေချိုသွေး အပြုံးလေးနဲ့ ယဉ်ကျေးစွာ သားတွေသမီးတွေကို ပြောစေချင်ပါတယ်။ လင်မယားချင်းချင်းလဲ ဒိအတိုင်း အပြုံးလေးတွေ မခြောက်ခန်း စေချင်ဘူး။

သူငယ်ချင်းချင်းလဲ ပြောစေချင်တယ်။ ချစ်သူအချင်းချင်းလဲ အပြုံးလေးနဲ့ နွေးထွေးနေစေချင်တယ်။ အလုပ် လုပ်ရာမှာ ကိုယ့်ရဲ့ partners တွေကို အပြုံးလေးနဲ့ ချွေသိပ်စေချင်တယ်။ အပြုံးရဲ့ တန်ဘိုးကို လက်တွေ့လုပ်ကြည့်ရင် နောက်ကျနေတယ်ဆိုတာ သိလာမှာပါ။

ဈေးသည်တွေဆိုရင် ဈေးကြီးရင်တောင် အပြုံးနဲ့စကားသုံးချိုတဲ့သူက အောင်မြင်တာ ပိုရောင်းရတာ သိမှာပါ။ ကိုယ့်မှာ သောကတွေ အဆင်မပြေတာတွေ နောက်ပျင်းနေတာမျိုးမှာ အပြုံးလေးနဲ့ လက်ခံ ပြောတာ အားပေးတာ ကူညီတာကို ရလိုက်ရင် စိတ်ထဲမှာ ကျေနပ်သွားတယ်။ ရင်းနှီးနေပေမဲ့ တည်တည်ကြီးဆိုရင် ကိုယ့်အဖေနား အမေနားတောင် သွားဖို့ဝန်လေးတယ်။

တိရိစ္ဆာန်လေးတွေတောင် အပြုံးရှိတဲ့သူ မရှိတဲ့သူ ဘယ်သူကို ပိုချစ်သလဲ။ ခင်လဲ။ ကြိုက်လဲ။ သိပြီးသား တွေပါနော် ဒါတွေက။ ကိုယ့်ဘ၀အောင်မြင်ဖို့အတွက် အပြုံးဟာ မရှိမဖြစ်လိုအပ်တယ်။ ကူညီပါလိမ့်မယ်။ အပြုံးတစ်ချက်ကြောင့် သူငယ်ချင်းကောင်းတွေ ရောက်လာပါလိမ့်မယ်။

မိတ်ဆွေတွေ အနီးအဝေး တွေ့ဆုံးရပါလိမ့်မယ်။ association and environment အပေါင်အသင်းနဲ့ ပတ်ဝန်းကျင်မှာ အပြုံးလေးနဲ့သာ ဆည်းကြိုပါ။ ပြောပါ။ ဧည့်ခံပါ။ နှုတ်ဆက်ပါ။

လူတိုင်းဟာ သူနေရာနဲ့သူ အရာရောက်တာချည်းပဲ။ depression-စိတ်ဓာတ်ကျသူတွေရှိတယ်။ မကျစေချင်ဘူး။ စိတ်ဓာတ်ကျရင် ဘာမှလုပ်လို့မရတော့ဘူး။ အပြစ်မြင် အထင်သေး အပြုံးလေးတောင် မပေးနိုင်တော့ဘူး။

ရောက်တဲ့နေရာ အသိတရား ၀င်တဲ့အချိန်ကစ လေးလေးစားစား ပျော်ပျော်ရွှင်ရွှင် ကိုယ်လုပ်စရာကို ရိုသေစွာလုပ်စေချင်တယ်။ မိတ်ဆွေတွေဖွဲ့ပါ။ အောင်မြင်ဖို့အတွက် အပေါင်းအသင်းတွေလိုအပ်တယ်။

လိုအပ်ရင် သူတို့တတ်နိုင်သလောက် ကူညီနိုင်တယ်။ သူ့အစွမ်းအစ ကိုယ့်အစွမ်းအစတွေ ရှိတယ်။ လူတိုင်းကို ကြိုတင် ဟောကိန်းထုတ်လို့ မရဘူး။ သူဘာဖြစ်မယ် ငါဘာဖြစ်မယ်လို့။ လူတစ်ယောက်ကို တွေ့ရင် ကိုယ်ကစလို့ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်ပါ။ ကိုယ်ဖြစ်ချင်သလို လိုတဲ့ပုံစံ မရလို့လဲ စိတ်ထဲမှာ မကျေနပ်မူ မရှိစေရဘူး။ ဒါကိုပြန်လည် ခလှဲ့ စားချေလိုတဲ့ revenge ဆိုတာမျိုးလဲ မထားရဘူး။

ဒါကို psycho လို့ဆိုတယ်။ မထားနဲ့ မသိမ်းနဲ့။ သတိထားပါ။ သူကတစ်ချက်ထိုးရင် ငါက ငါးချက်လောက်ပြန် ထိုးမယ်ဆိုတဲ့ စိတ်မျိုးဟာ မကောင်းဘူး။ ဆုံးမှာလဲမဟုတ်တော့ဘူး။ နောက်ဆုံးရလာဒ်က ပျက်စီး ခြင်းပဲ။ ဒါကိုဖျောက်ပစ်ရမယ်။ သထိထားပါ။ ကိုယ်နဲ့ တစ်ယောက်အဆင်မပြေတိုင်း ကိုယ်အတွက် တစ်နေရာ နယ်ကျဉ်းသွားတယ်။ သူနဲ့မတွေ့ချင်ဘူး။ ရှောင်ရတယ်။ မသွားချင်ဘူး။ သွားဖို့ခက်ခဲတယ်။ ၀န်လေးတယ်။

ချစ်ရင်လဲ သတိရတယ်။ ကိုယ်နဲ့မတည့်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် ဒါလဲ သတိရတာပဲ။ ချစ်ရင်တော် သေးတယ်။ မုန်းရင် စိတ်မှာ အဆိပ်အတောက် ဖြစ်တယ်။ မအိပ်နိုင်ဘူး။ ဖြောင့်ဖြောင့် မသွားနိုင်ဘူး။ စိတ်မှာ တွေးတောမှုတွေ နေရာပေးရတယ်။ ပင်ပန်းတယ်။

ဒါကြောင့် အားလုံးနဲ့ အဆင်ပြေရင် ကိုယ့်အတွက် ကောင်းပါတယ်။ အဆင်ပြေတယ်။ တစ်ချို့အတွက် လွယ်ကောင်းမှ လွယ်မယ်။ ချစ်ရေးဆိုဆို မိတ်ဆွေဖွဲ့ဖွဲ့ အပြုံးဟာ ထိရောက်တယ်။ စူးရှတယ်။ အားပြင်းတယ်။ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတာ မမေ့နဲ့။

တစ်ယောက်တည်း အထီးကျန်စွာမနေပါနဲ့။ စောကပြောသလို သင့်တော်သလို အပေါင်းအသင်းဖွဲ့ပါ။ ပေါင်းတဲ့ အခါမှာလဲ ပေးပေါင်းတာကောင်းတယ်။ လူအများစုက ယူဖို့ပဲ စဉ်းစားနေချိန်မှာ ကိုယ်က စေတနာနဲ့ ပေးနိုင်ရင် စွန့်နိုင်ရင် ဝေနိုင်ရင် မကောင်းဘူးလား။

ဒါကြောင့် အပေးလေးနဲ့ပေါင်းပါ။ ကိုယ်တတ်နိုင်တာလေးနဲ့ပေါ့ဗျာ။ မကောင်းဘူးလား။ ဒိလောက်လေး မှမပေးနိုင်ရင်လဲ အပြုံးလေး တစ်ချက်တော့ပေးလိုပ်ပါဗျာ။ မွဲမသွားပါဘူး။ ပေးနိုင်တယ်မို့လား ဒိလောက်တော့။ အပြုံးတစ်ချက်နဲ့ အမုန်းမဖက်ပဲ အဆုံးထိတိုင်အောင် ချစ်နိုင် အောင်မြင်နိုင်လို့ပါ။

အခုတော့ အရင်က ကိုယ့်သူငယ်ချင်း old flame ကိုပေးခဲ့တဲ့ ကဗျာလေး အမှတ်ရပါတယ်။

ပြုံးလေး ပြုံးလေး၊ မဆုံးစေနဲ့၊ မုန်းမြေမရှိ၊ ဆုံးစေသည့်တိုင်၊ နှိုင်းဘိယှဉ်ရာ၊ မမြင်ပါဘူး။ အကြင်နာထူး၊ ချစ်ဦးသူရေ-------------။ ။ ။

0 အကြံပြုစာ: