ဖြစ်ပုံတွေ
ဖြစ်နေပုံတွေပေါ့
သတ်ပုံကလဲ မှားဆဲ
ငါလဲ ရေးချင်ရာ ရေးတာ
တွေးချင်တာ တွေးတာ
ငါချမ်းသာတာက ဒါပဲ
မရှိချမ်းသာ ရှိချမ်းသာ
စိတ်ချမ်းသာဖို့ပဲမို့လား
သမုဒ္ဒရာ ၀မ်းတထွာနဲ့တော့
ကျားမကစားချင်ဘူး
မျက်လှည့်မပြချင်ဘူး
လက်ရှိ မြေကမ္ဘာ ခြားတာတောင်
ဆွဲငင်အားတွေက ကောင်းနေမှာတော့
ရေကြည်ရာ မြက်နုရာ မရှာချင်ဘူး
ရေမကြည်ရင် ကြည်အောင်လုပ်မယ်
မြက်မနုရင် နုအောင်လုပ်မယ်
အပြောသန်တယ် ပြောပြော
"သဒ္ဓါယ တရတိ သြဃံ"
ခါကျင်ကောင်မာန်ထက်တော့ သန်တယ်
ကူးမယ် ကူးမယ်
ဒါပဲ ××× ဒါပဲ
1 အကြံပြုစာ:
ဟရိတဉ္စ အနာဝိလံ၊ တိဏံ ခါဒီ ပိဝီ ဇလံ။
မြက်ခင်းစိမ်းနဲ့ သောက်ရေသန့်...။
Post a Comment