အမှောင်နဲ့အလင်းကြားမှာ
မနက်ခင်းတွေက လက်ရဲဇက်ရဲနိုင်လွန်းတယ်။
အ၀ိဇ္ဇာနဲ့ လူလားမြာက်ခဲ့ရတဲ့ ညတွေ
အစွန်းရောက် လိုချင်တပ်မက်မှုတွေ
ပုံစံအမျိုးမျိုးနဲ့ ကြွေတော့
ပွဲပြီးမီးသေ
စိတ္တဇဆန်ဆန်
လူတိုင်းထက် ပိုပြီးမှားတယ်။
မနက်ခင်းတွေက လက်ရဲဇက်ရဲနိုင်လွန်းတယ်။
အ၀ိဇ္ဇာနဲ့ လူလားမြာက်ခဲ့ရတဲ့ ညတွေ
အစွန်းရောက် လိုချင်တပ်မက်မှုတွေ
ပုံစံအမျိုးမျိုးနဲ့ ကြွေတော့
ပွဲပြီးမီးသေ
စိတ္တဇဆန်ဆန်
လူတိုင်းထက် ပိုပြီးမှားတယ်။
ကိုယ့်သွေးကိုယ့်သားကိုချစ်တတ်ဖို့
ဟန်ဆောင်နေတာတွေကိုချော့သိပ်
ပြတင်းပေါက်က ၀င်လာတဲ့အလင်းတန်းလို
ပိတ်လိုက်တာနဲ့ အမှောင်တွေက ဆီးကြိုမယ်။
သူများတွေလင်းဖို့
ငါတို့တမျိုးလုံး မှောင်ပေးရမယ်ဆိုရင်
အသွေးအသားနဲ့ ရင်းနှီးမြုပ်နှံရတဲ့
နေ၀င်ချိန် ဘ၀အမောတွေကို
မင်းဘယ်လို ကုစားမလဲလိပ်ပြာ။
အပြင်မှာ
မြူနှင်းတွေ တဖွဲဖွဲကြွေနေပြီ
အပေါ်ယံ ရှပ်ထိတဲ့ ဒဏ်ရာမဟုတ်ဘူးဆိုရင်
မနက်ဖြန်အတွက် ရင်ပူနေရတဲ့
ဝိညာဉ်တွေရဲ့ အတိမ်အနက်ကို
မင်းသိမှာပါ လိပ်ပြာ။
ငါတို့ မဖတ်လိုက်ရတဲ့ စာမျက်နှာတချို့က
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
လိပ်ပြာ…
မင်းဟာတော်တော် အရှက်မဲ့တဲ့အကောင်။
ကိုသစ် (သီတဂူ)
(11/11/2012)
ဟန်ဆောင်နေတာတွေကိုချော့သိပ်
ပြတင်းပေါက်က ၀င်လာတဲ့အလင်းတန်းလို
ပိတ်လိုက်တာနဲ့ အမှောင်တွေက ဆီးကြိုမယ်။
သူများတွေလင်းဖို့
ငါတို့တမျိုးလုံး မှောင်ပေးရမယ်ဆိုရင်
အသွေးအသားနဲ့ ရင်းနှီးမြုပ်နှံရတဲ့
နေ၀င်ချိန် ဘ၀အမောတွေကို
မင်းဘယ်လို ကုစားမလဲလိပ်ပြာ။
အပြင်မှာ
မြူနှင်းတွေ တဖွဲဖွဲကြွေနေပြီ
အပေါ်ယံ ရှပ်ထိတဲ့ ဒဏ်ရာမဟုတ်ဘူးဆိုရင်
မနက်ဖြန်အတွက် ရင်ပူနေရတဲ့
ဝိညာဉ်တွေရဲ့ အတိမ်အနက်ကို
မင်းသိမှာပါ လိပ်ပြာ။
ငါတို့ မဖတ်လိုက်ရတဲ့ စာမျက်နှာတချို့က
ရာဇ၀တ်မှုမြောက်တယ်ဆိုရင်
လိပ်ပြာ…
မင်းဟာတော်တော် အရှက်မဲ့တဲ့အကောင်။
ကိုသစ် (သီတဂူ)
(11/11/2012)
0 အကြံပြုစာ:
Post a Comment