တေးရေးဆရာ မင်းချစ်သူ, သူ့မိခင်နှင့် Master, Ph.D ကျောင်းသားဦးဇင်းတွေနဲ့အမှတ်တရ
မင်းချစ်သူ ကြိုစားနေတဲ့ 7 online Radio ပုံစံ။
သူက 7online radio အစီးအစဉ်ကိုလဲ စတင်စမ်းသပ်နေပြီဖြစ်ကြောင်းပြောသွား ပါတယ်။ မြန်မာသီချင်းကောင်းများကို မိမိကွန်ပျူတာနဲ့ I phone -များမှာ ဤ http://61.91.6.231/7OnlineRadio.exe (For PC) http://61.91.6.231:88/broadwave.mp3 (For iPhone & Android) လင့်ကို ဒေါင်းလော့လုပ်ပြီး ဖမ်းယူနားဆင်နိုင်ပါတယ်။ သူတို့ဘ၀ လက်ရှိအနေအထား ကြုံတွေ့နေရတာ ရပ်တည်နေရတာ အခက်အခဲ ခေတ်ကာလအခြေအနေတွေကို သူအမြင်အရ ပြောပြသွားပါတယ်။ ခိုးကူးခွေတွေကိုလဲ ပြောသွားပါသေးတယ်။ သူပြောသွားတဲ့ထဲမှာ အရည်အချင်းရှိတဲ့သူတွေ အရည်အချင်းတွေကို ထုပ်ပြခွင့်တွေ ရစေချင်တယ်တဲ့။ အရည်အချင်းရှိပြီး အခွင့်မသာလို့ စွမ်းရည်သတ္တိတွေ ပြသခွင့်မရရင် ဘ၀ဟာပျော်ရွှင်မှုမပြည့်စုံနိုင်ဘူးလို့ ပြောပါတယ်၊ အခု သူလုပ်နေတဲ့ 7online radio အစီအစဉ်အောင်မြင်ရင် သူကူညီဖြည့်ဆည်းပေးချင်တဲ့ ပါရမီရှင်တွေကို အခွင့်ရစေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဒီနေ့တော့ မွေ့နေ့ရှင်က သီလတွေခံယူကျင့်သုံးတယ်၊ တရားတွေနားတယ်။ ကောင်းမှုတွေ သူသန္တာန်မှာ ထပ်မံမွေးဖွါးပေးလိုက်ပါတယ်။ သူမိခင်က ဦးစွာဘ၀ထဲရောက်အောင် မွေးဖွါးပေးခဲ့တာပါ။ အခုတော့ မွေးနေ့ရှင်က မိခင်ကိုလဲ ကောင်းမှုတွေနဲ့ ကျေးဇူးဆပ်တယ်။ သူကိုယ်တိုင်လဲ ကောင်းမှုနဲ့ ထပ်မံမွေးဖွါးပြီး ဘ၀မှာ ရှေ့လျှောက်အောင်မြင်မှုတွေ ရအောင် အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေပါပြီ။ ဒါကြောင့် မွေးနေ့ရှင် တေးရေးဆရာ မင်းချစ်သူ မွေ့နေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ရှည်မှန်းချက်တွေ အသီးသီးအောင်မြင်ပါစေ။ တိုင်ပြည်နဲ့လူမျိုး သာသနာကို ကိုယ်စွမ်းနိုင်ရာက ကိုယ်တတ်တဲ့ပညာနဲ့ ကူညီစောင့်ရှောက်နိုင်ပါစေလို့ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။
0 အကြံပြုစာ:
Post a Comment