Thursday, September 13, 2012 By: ဘ၀ဇာတ်ခုံ

ခရီး

ကြယ်မစုံတဲ့ ကောင်းကင်အောက်မှာ
ညတွေက
ပိုမှောင်လာတယ်။
အပင်လေးတစ်ပင်ဖြစ်ဖို့
ရှင်းပစ်လိုက်ရတဲ့ ၀ိညာဉ်များစွာ
ဒီအရိပ် ဘယ်လိုမှမအေးဘူးရယ်။
တန်ရာတန်ကြေးပေးတယ်ပြောရအောင်
အသွေးအသားဆိုတာ
ရောင်းကုန်မဟုတ်ဘူးလေ။
မုန်တိုင်းကတော့
ရောက်တဲ့အရပ်တိုင်းမှာ မွှေလိမ့်မယ်။
လက်သည်းကိုဆိတ်ရင်
လက်ထိပ်က နာတတ်နေပြီပဲ။
နေပြင်းပြင်းပူနေတဲ့
အဲဒီအနာတရတွေကို ကာကွယ်ဖို့
ငါတို့ခရီးဆက်ကြမယ်။

ကိုသစ်
(13/9/2012)
မှတ်ချက် (ကဗျာရှင်က ကဗျာကို ခေါင်းစဉ်ပေးမထားပါ။ သူမပေးသော်လည် ကိုယ်ပေးလိုက်မိသည်။ နားလည်နိုင်ကြပါစေ)

0 အကြံပြုစာ: