သူများစကားပြောမပြီးခင် ကြားဖြတ်ဝင်ပြီး မပြောသင့်ဘူး
မယဉ်ကျေးရာ ကြတတ်တယ်
အလိုက်သိတာကောင်းပါတယ်
ကိုယ်ချင်းစာနာစိတ်နဲ့ အချင်းအချင်းအပေါ်မေတ္တာရှိပါ
ကိုယ့်စိတ်ကို ပေါ့ပါးလွတ်လပ်စွာနေပါ
ပြုံးတတ်တဲ့ အလေ့အကျင့်ကို မွေးပါ
စိတ်ညစ်စရာ စိတ်အားငယ်စရာတွေကို ကြာရှည် ရင်ထဲမှာ သိမ်းမထားပါနဲ့
အမေ အဖေတွေရှိသေးရင် ဖုန်းဆက်ပါ
သူငယ်ချင်းတွေကိုလဲ အဆက်အသွယ်လုပ်ပါ
ချစ်သူရှိရင် အမှတ်ရစရာလေးတွေနဲ့ ပြုံးပျော်ရွှင်ပါစေ
ကိုယ့်ထက် သာနေတာတွေ့ရင် ၀မ်းမြောက်နိုင်အောင်ကြိုးစားပါ
ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေကို တန်ဘိုးထားပါ
ကောင်းကွက်ကို ရှာပြီး ချီးကျူးပါ
ကိုယ့်ကိုယ် ထိခိုက်နင့်နာအောင် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော မလုပ်မိပါစေနဲ့
ကိုယ့်ကြောင့် သူတစ်ပါး အသိဉာဏ်ကော စိတ်နေစိတ်ထားကော ဘ၀ကော မြင့်သွားနိုင်တဲ့ အပြုအမူ အပြောအဆိုကိုသာ ဆောင်ရွက်ပါ
အလုပ်ကို မကြောက်ပါနဲ့ ကိုယ့်အတွက် အရည်အချင်းတက်လာမှာဖြစ်လို့ပါ
ကောင်းတဲ့အရည်အချင်းကို ထိန်းထားပါ
မကောင်းတဲ့အတွေး အပြုအမူ မကြာခဏဖြစ်တတ်ရင် ချက်ချင်းကောင်းတဲ့ တခြားအရာ တခုခုနဲ့ အစားထိုးလိုက်ပါ
အလုပ်လုပ်လို့ ပင်ပန်းရင် ဆယ်မိနစ်လောက် တရားထိုင်ပေးပါ
ခွန်းအားတွေ ပြန်ရပါလိမ့်မယ်
ကျန်းမာရေး လိုက်စားပါ
မဖြစ်နိုင်ပါဘူးကွာလို့ မပြောပဲ ကြိုးစားမှုတိုင်းဟာ ရလာဒ်တခုရှိတယ်ဆိုတာရယ်
ဒါဟာ ငါလုပ်ရမဲ့ တာဝန်ပဲ ဆိုတာရယ် သိပြီး လုပ်ကြည့်ပါ
ဘ၀ကို ပျော်ပျော်နေတတ်အောင်ရယ် အဓိပ္ပါယ်ရှိရှိနေတတ်အောင်ရယ် လေ့ကျင့်ပါ
အရာရာကို မျှမျှတတတွေး မျှမျှတတနေ မျှမျှတတစားပါ
လမ်းလျှောက်တဲ့ အကျင့်လေးလဲ မွေးပါ
စိတ်ညစ်စရာရှိရင် စိတ်ညစ်စရာပတ်ဝန်းကျင်မှာ ကြာကြာမနေပါနဲ့
မဖြစ်နိုင်ရင် ကိုယ့်အတွက် အကျိုးရှိအောင်သာ ဖန်တီးရယူပါ
စာများများဖတ်ပါ ၀ါသနာမပါရင် မွေးယူပါ
ကိုယ်ရထားတဲ့ ပိုက်ဆံငွေကြေးနဲ့ တတ်နိုင်သလောက် လှူပါ
အိပ်ရာထတိုင်း စိတ်ချမ်းသာစရာ အရင်တွေးပါ မေတ္တာပို့ပါ
ကိုယ့်အလုပ်ပြီးမြောက်ဖို့ အတွက် စိတ်ကို ငြိမ်ငြိမ်ထားပါ ခွန်းအားရှိပါ
အဓိကနဲ့ သာမညကိုနားလည်ပါ
ကိုယ့်ကိုယ့် လေးစားအောင်နေပါ
ကိုယ့်ဘ၀နိမ့်ကျအောင်လုပ်တာ ကိုယ့်စိတ်ဓာတ်နဲ့လုပ်ရပ်ဆိုတာ သတိထားပါ
ဂုဏ်သိက္ခာရှိရှိပြောပါ ချိုသာတဲ့စကားနဲ့ စည်းလုံးနိုင်တဲ့စွမ်းအားကို စမ်းသပ်ကြည့်ပါ
ရရှိလာတဲ့ လူဘ၀ဟာ အရာအားလုံးထက် သာလွန်တဲ့ အနှိုင်းမဲ့ ရတနာတစ်ပါးဆိုတာ မမေ့ပါနဲ့
တန်ဘိုးရှိတဲ့ လူဝဘ၀မှာ တန်ဘိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် အစဉ်သဖြင့်ကြိုးစားနေပါ
အခွင့်အရေးကို ဘယ်တော့မှ အဆုံးရှုံးမခံပါနဲ့
ဘ၀တန်ဘိုး များများစုဆောင်းနိုင်အောင်ကြိုးစားပါ
တန်ဘိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်ပါစေ။

0 အကြံပြုစာ:
Post a Comment