
အဓိကကတော့ စာပေလုပ်ငန်းတိုးတင်လာရင် ပါမောက္ခချုပ်ကဆရာတော်လဲ သြဝါဒတိုင်း ပါလေရှိတယ်ပါတယ်ဘုရား၊ စာပေကိုလုပ်ကြပါလို့ဆိုတဲ့စကားလေး အဲဒီစာပေလုပ်ငန်း တနည်းတက္ကသိုလ်လုပ်ငန်း တနည်းတက္ကသိုလ်ကြီးပွားရေးလုပ်ငန်း အတွက်ဆိုရင် ကောင်းမွန်းတဲ့ အစောင့်အဆောက် တံတိုင်းအကာအရန်ဆိုတာ ဥပသမော ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ၍လုပ်ကိုင်ခြင်းပဲ အဲသလိုဆိုလိုပါတယ်၊
ဒါကြောင့်တပည့်တော်တို့ တက္ကသိုလ်ကြီးတိုးတက်ဘို့ဆိုလိုရှိရင် အားလုံးဥပသမဖြစ်ဘို့လိုပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဥပသမ အေးမြတဲ့မျက်စိလေးတွေနဲ့ ကြည့်ပြီးတော့ ညီးရင်းအကိုလို၊ ကြီးရင်လဲအကို ငယ်ရင်လဲညီ၊ ညီရင်းအကို မျက်စိနဲ့ကြည့်ပြီးတော့ တနည်းငြိမ်းချမ်းအေးမြတဲ့ မျက်စိနဲ့ကြည့်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်နဲ့ လုပ်သွားရင် နေသွားရင် ထိုင်းသွားရင် တပည့်တော်တို့ တက္ကသိုလ်ကြီးဟာ အောင်မြင်လိမ့်မယ်လို့ တပည့်တော် ထင်ပါတယ်ဘုရား၊ ဒါကြောင့် ဥပသမဖြစ်အောင် တပည့်တော်လဲကြိုးစားခိုင်း အရှင်ဘုရားတို့လဲ ကြိုးစားပါလို့ပြောရင် တပည့်တော် သြဝါဒနိဂုံး ချုပ်ပါတယ်ဘုရား။
မှတ်ချက်။ (မေလ်ဖြင့်ပေးပို့လာသော သူငယ်ချင်းအား အထူးကျေးဇူးတင်ပါသည်)
အောက်တိုဘာ (၇) ရက်
0 အကြံပြုစာ:
Post a Comment