
တပည့်တွေကိုလဲ မျော်မှန်းချက် ကြီးကြီးနဲ့ ငွေကြေးဓန အကုန်အကျခံပြီးတော့လွတ်ခဲ့တယ်။
တပည့်တော်တို့သွားတဲ့ အချိန်တုန်းက ဆရာတော်က ဝတ္ထု ဒီလောက်ငွေကြေးမကုန်ဘူး နုတ်နဲ့ တိုက်တွန်းတာလောက်တင်ပဲ၊ ဆရာတော်က အများကြီး ပိုက်ဆံအကုန်ခံပြီး လွတ်တဲ့အနေထားမဟုတ်ဘူး၊ အများကြီးထောက်ပံ့နိုင်တာလဲမဟုတ်ဘူး သူ့အနေနဲ့ သို့သော်နောက်ပိုင်း လွတ်တဲ့ကိုယ်တော်တွေကြတော့ အားလုံး ဆရာတော်က သူ့ရဲ့ကုန်ကျ စရိတ်တွေနဲ့ အများကြီးလွတ်တယ်ဆိုတာသိရတယ်၊ အဲဒီလိုကုန်ကျ စရိတ်တွေ မြောက်များစွာခံပြီးတော့ မျော်လင့်ချက် အင်မတန်မှကြီးကြီးမားမား လုပ်ပြီးတော့ထားတာ၊ ဆရာတော်ရဲ့ မျော်လင့်ချက်အတိုင်း နောက်ဆုံးမှာ အကောင်းဆုံးမဖြစ်တောင်မှ အကောင်းဆုံးထိပ်တန်းမရောက်တောင်မှ ထိပ်တန်းရောက်အောင်တော့မျော်မှန်းရမှာပဲ၊ သို့သော် ထိပ်တန်းမရောက်တောင်မှ အကောင်းဆုံး နီးနီးဖြစ်အောင်တော့ ကြိုးစားသင့်တယ်လို့ အမြဲတန်းစိတ်ထဲမှာ ယုံကြည်ယူဆထားတယ်။
တပည့်တော်တို့သွားတဲ့ အချိန်တုန်းက ဆရာတော်က ဝတ္ထု ဒီလောက်ငွေကြေးမကုန်ဘူး နုတ်နဲ့ တိုက်တွန်းတာလောက်တင်ပဲ၊ ဆရာတော်က အများကြီး ပိုက်ဆံအကုန်ခံပြီး လွတ်တဲ့အနေထားမဟုတ်ဘူး၊ အများကြီးထောက်ပံ့နိုင်တာလဲမဟုတ်ဘူး သူ့အနေနဲ့ သို့သော်နောက်ပိုင်း လွတ်တဲ့ကိုယ်တော်တွေကြတော့ အားလုံး ဆရာတော်က သူ့ရဲ့ကုန်ကျ စရိတ်တွေနဲ့ အများကြီးလွတ်တယ်ဆိုတာသိရတယ်၊ အဲဒီလိုကုန်ကျ စရိတ်တွေ မြောက်များစွာခံပြီးတော့ မျော်လင့်ချက် အင်မတန်မှကြီးကြီးမားမား လုပ်ပြီးတော့ထားတာ၊ ဆရာတော်ရဲ့ မျော်လင့်ချက်အတိုင်း နောက်ဆုံးမှာ အကောင်းဆုံးမဖြစ်တောင်မှ အကောင်းဆုံးထိပ်တန်းမရောက်တောင်မှ ထိပ်တန်းရောက်အောင်တော့မျော်မှန်းရမှာပဲ၊ သို့သော် ထိပ်တန်းမရောက်တောင်မှ အကောင်းဆုံး နီးနီးဖြစ်အောင်တော့ ကြိုးစားသင့်တယ်လို့ အမြဲတန်းစိတ်ထဲမှာ ယုံကြည်ယူဆထားတယ်။
လုပ်ဖြစ်တာရှိသလို လုပ်မဖြစ်တာတွေလဲရှိတယ် သိုသော် ဒီအတိုင်း ထိုင်ကြည့်နေရင် ဘာမှလဲဖြစ်လာမှာ မဟုတ်ဘူး တစ်ဦးတစ်ယောက်တည်းလုပ်လို့လဲ ဒီကိစ္စမျိုးတွေက ဖြစ်တာမဟုတ်ဘူး၊ အများတညီးတည်း ဝိုင်းပြီးတော့ ညီညီညွတ်ညွတ်လုပ်ဘို့ အင်းမတန်မှ အရေးကြီးတယ်၊ သီတဂူဆရာတော်ကြီးက အင်မတန်မှ ခေတ်စကားနဲ့ ပြောမယ်ဆိုလိုရှိရင် လူလိုပြောရင်တော့ အင်မတန် ချစ်စရာကောင်းတယ် စိတ်နေသဘောထားက အင်မတန်မှ ချစ်စရာကောင်းတယ် အများပေါ်မှာ ကူညီစရာရှိရင် လိုလေသေးမရှိကူညီတဲ့ဆရာတော် သူရဲ့ရည်ရွယ်ချက် ကြီးကြီးမားမား အောင်မြင်အောင် တပည့်တော်တွေက ဘာမှ ပညာရေးဘက်က လုပ်မပေးနိုင်ဘူးဆိုရင် ရှက်စရာကောင်းတဲ့ အနေအထားမျိုးရှိတယ်ပေါ့။
ဒီတက္ကသိုလ်ကြီး ပီပီပြင်ပြင်မဖြစ်ဘူးဆိုလို့ရှိရင် ဆရာတော်ကြီးအပြစ်တင်ခံရမှာမဟုတ်ဘူး၊ အားလုံးအပြစ် တင်ခံရမယ်၊ ဘာပြုလို့တုန်းဆိုရင် အာလုံးဆိုင်တယ် ဒီကိစ္စ၊ ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ဆရာတော်ကြီးရဲ ရည်ရွယ်ချက်အတိုင်း အကောင်းထည်ဖေါ်နိုင်အောင် တလုံးတစည်း ညီညီညွတ်ညွတ်နဲ့ ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာ တိုင်ပင်ဆွေနွေးပြီး ကိုယ်လုပ်သမျှလဲ ဆရာတော်ကြီးကိုတင်ပြ၊ တင်ပြပြီးတဲ့အခါမှာ ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို အားလုံးသိနေကြတာပဲ international Buddhist academy လို့ဆိုကတည်းက ဒီဗုဒ္ဓဘာသာသင်ကြားတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ခေတ်မီတိုးတက်တဲ့ တက္ကသိုလ်ကြီးဖြစ်ဘို့ဆိုတာ သူ့ရည်မှန်းချက်ပဲ။
အဲဒီရည်မှန်းချက်ကို တပည့်တော်တို ၁၀၀ ရာခိုင်နုန်းပြည့် မစွမ်းဆောင်နိုင်တောင်မှ အနည်းဆုံး ၈၅ ရာခိုင်နှုန်းလောက် အောင်မြင်အောင် စနိုင်အောင် တပည့်တော်တို့ကြိုးစားဘို့ လိုအပ်တယ်လို့ ယုံကြည်တယ်၊ ဒီလိုဒီလိုနဲ့ အချိန်တွေ ကုန်လာတဲ့နှစ်တွေလဲ အင်မတန်မှ များလာပြီ၊ အချိန်တွေကုန် လာတယ်ဆိုတာ အချိန်ကတင်ကုန်သွားတာမဟုတ်ဘူး၊ လူတွေရဲ့အင်အားတွေကလဲ ကုန်ုသွားတယ် အသက်တွေကလဲကြီးလာကြတယ်၊
အသက်တွေကြီးလာတဲ့အခါမှာ စိတ်ဓာတ်တွေကလဲ ငယ်ငယ်တုန်းက စိတ်ဓာတ်မျိုးတွေ ပြန်မရနိုင်ဘူး၊ ရုပ်ခန္ဓာကျဆင်းသွားသလောက်ပဲ စိတ်ဓာတ်ရဲ့ အနေအထား တက်ကြွမှုဟာလဲ ကျဆင်းလာတယ်၊ ဒါလူတိုင်းလူတိုင်း ဒီအတိုင်းပဲအကုန်လုံး၊ အဲဒီကျဆင်းသွားတဲ့ စိတ်ဓာတ်တွေကို ပြန်လည်အားဖြည့်ပြီးတော့ ကိုယ်လုပ်နိုင်တာ ဘာတွေလုပ်နိုင်သလဲ အတတ်နိုင်ဆုံး ဒို့တတွေအသက်နဲ့ကိုယ် တည်ရှိနေသရွေ့ စနစ်တကျ ဒီတက္ကသိုလ်ကြီးဟာ တည်တည်မတ်မတ် ဖြစ်သွားအောင် တိုင်ပင်ဆွေးနွေးပြီး ကြိုးစားအားထုတ်မှဖြစ်မယ်လို့ ဒါကြောင့်မိုလို့ အခုအစည်းအဝေးကို အထူးခေါ်ဆိုတာဖြစ်ပါတယ်။
အခုမှပုံစံက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆို ဒါဆရာတော်ရဲ့ဘုန်းကံအလျောက် သူရဲ့ရည်ရွယ်ချက် ကြီးမားလို့ ဖြစ်ပေါ်လာတဲ့နေရာဌာနတွေဟာ ဆရာတော်အပေါ်မှာ ယုံကြည်လေးစားကြတဲ့ ပုဂ္ဂိုလ်တွေက ဆရာတော်ကို အပ်နှင်းလာတော့ အကျိုးရှိအောင် လုပ်တဲ့အနေနဲ့ မန္တလေး သီတဂူတက္ကသိုလ် ရန်ကုန်သီတဂူတက္ကသိုလ်ဆိုတာ ဒီလိုဖြစ်လာတာ၊ ဖြစ်လာတဲ့ဒီတက္ကသိုလ်ကြီး သုံးခုဟာ တလုံးတစုတည်း ဖြစ်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေမှ ပိုပြီးတော့အကျိုးရှိမယ်၊
ပြီးတော့ တဖွဖွပြောမိတယ်၊ လုံးဝအားရကြေနပ်ခြင်းမရှိဘူး၊ အားမရတော့ ဘုန်းကြီးတို့ ဘာလုပ်သလဲ ကိုယ်လုပ်နိုင်တာလုပ်လာခြဲ့ပီး၊ အခုချိန်မှာ လုပ်နိုင်တဲ့အားတွေ တဖြေးဖြေးရော့လာတာမှန်တယ် လုပ်နိုင်တုန်းကတော်တော်များများ လုပ်လာခဲ့တယ်ပေါ့၊ လုပ်နိုင်တဲ့ အားဆိုတာ တနှစ်ပြီးတနှစ် ရော့သွားမယ့်သဘောရှိတယ်၊ စိတ်ဓာတ် အင်အားရော လုပ်နိုင်တဲ့စွမ်းအားတွေ တနှစ်ပြီးတနှစ် ရော့ရော့လာတယ် နောက်ပိုင်း လုပ်နိုင်းတဲ့အားတွေ တက်တက်လာပီးတော့ အားကိုးရမလားလို့ဆိုတဲ့အခါမှာ၊
နောက်ပိုင်းကလဲ အားလုံး သိကြတဲ့အတိုင်း ဒီအတိုင်းတည်နေမှာမဟုတ်ဘူး တဖြေးဖြေး ပြိုဆင်းသွားလို့ရှိရင် ဒီကမ္ဘာကျော် ဆရာတော်ဆောင်ရွက်ထားတဲ့ လုပ်ငန်းကြီးဟာ တဖြေးဖြေး သဲကမ္ဘားရေးတိုက်စားသလိုပဲ ဝုန်းကနဲ ဟိုနားပြိုသွားလိုက် ဝုန်းကနဲ့ ဟိုနားပြိုသွားနဲ့ နောက်ဆုံးဘာမှ ဖြစ်မလာဘူးဆိုလို့ရှိရင် ဒါသာသနာတော်အတွက်လဲ အများကြီးနှစ်နာတယ် အားလုံးအတွက်လဲ အများကြီးနစ်နာတယ်၊ ဒီလိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ တစ်ခေတ်မှာ တပါးတောင်ပေါ်ဘို့ အင်မတန်မှ ခဲရင်းတယ်၊ တထောင်တစ်ယောက် တသောင်းတစ်ယောက် ပေါ်ဘို့ဆိုတာ အင်မတန်မှ ခဲရင်းတယ်၊ လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေ များကောင်းများလိပ်မယ်၊ လုပ်နိုင်တဲ့ ပုဂ္ဂိုလ်နည်းတယ် လုပ်တဲ့ပုဂ္ဂိုလ်လည်း နည်းတယ်၊ လုပ်ချင်တဲ့ပုဂ္ဂိုလ် တွေတော့များလိပ်မယ် လုပ်နိုင်တဲ့ပုဂ္ဂိုလ် လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဆိုတာအင်မတန်နည်းလိပ်မယ်။ အဲတော့အခုဆရာတော်လုပ်သွားတဲ့ လုပ်ငန်းကို ပီပီပြင်ပြင်ကြီးဖြစ်အောင် ဆရာတော်သက်ရှိ ထင်ရှားရှိနေတဲ့အချိန်မှာ လမ်းစဉ်တွေကျကျနန ချမှတ်ပြီး ဖွဲစည်းပုံနဲ့ တညီးတညွတ်တည်း ဒီတက္ကသိုလ်သုံးခုဟာ ပူးတွဲပြီးတော့ဆောင်ရွက်သွားကြဘို့ အဲဒါကိုဖြစ်စေချင်တာပဲ၊
အားလုံးမှတ်မိကြမလား မန္တလေးတက္ကသိုလ်ဖွင့်ပွဲတုန်းက ပြောခဲ့တယ်လေ ဒီတက္ကသိုလ်က သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ဆိုတဲ့အသုံးနှုံး၊ မန္တလေးတက္ကသိုလ်ရယ် ရန်ကုန်တက္ကသိုလ်ရယ်က သီတဂူဗုဒ္ဓတက္ကသိုလ်၊ ဒီဟာကို international ထားပြီးတော့ ကျန်တဲ့တက္ကသိုလ်နှစ်ခုက ဒီတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ affiliated college ပုံစံမျိုး၊ affiliated university အဲဒီပုံစံမျိုး လုပ်ပြီးတော့ ဒါမှသာလျင် တစုတည်း တသားတည်း တဝိုင်းတည်း ဖြစ်ပြီးတော့ အဲဒီပုံစံမျိုးလုပ်ပြီးတော့၊ အခြေခံတွေကို ဆိုင်ရာဆိုင်ရာသင်ပြီး နောက်ဆုံးသင်လာနိုင်တဲ့ အင်းအားတွေရှိလာတဲ့ အခါကြရင် ဒါအကြောင်းမဟုတ်ဘူး၊ တက္ကသိုလ်တစ်ခုစီ တစ်ခုစီ သူ့အင်အားနှင့်သူ၊ ခုချိန်မှာ ဒီတက္ကသိုလ်ကနေပြီးတော့ branch တွေလုပ်ထားတဲ့သဘောမျိုး၊ အားလုံးဟာ ဟိုမှားသွားပြီး branch လုပ်တဲ့ပုဂ္ဂိုလ်ကလဲ ဒီမိန်းတက္ကသိုလ်ရဲ့ဆရာဖြစ်ရမယ်။
အဲဒီအားလုံးဟာ ကွန်ယက်ကြီးတခုအနေနဲ့ဆက်သွယ်ထားဘို့ network တခုဖြစ်နေရမယ်၊ သီတဂူရဲ့ network တခုဖြစ်နေရမယ်၊ နောက်တစ်နေရာဖွင့်အုံးရင်လည်း ဒီလိုပဲ network ထဲပဲသွားမှာပဲ၊ ဒီတက္ကသိုလ်ကြီး သုံးခုဟာ ဒီတက္ကသိုလ်ကြီးကို မိန်းထားပြီးတော့ ကျန်တဲ့တက္ကသိုလ်တွေနဲ့ အကုန်လုံး network လည့်ပတ်ပီးတော့ ဒီလိုအလုပ်လုပ်သွားရင် ဆရာတော်ရဲ့ရည်ရွယ်ချက် လဲဖြစ်မယ၊် ဆရာတော်ရှိနေတဲ့အချိန်မှာ ဒါကိုကြိုးစားအားထုတ်ကြဘို့ တညီးတည်း တဦးနဲ့တဦး မတူတဲ့ဆန္ဒတွေ အသာဖယ်ထား လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ်ကျတဲ့တာဝန်တခုကို ကိုယ့်ဟာကိုပီပီပြင်ပြင် ဆောင်ရွက်သွားကြမယ်ဆိုလိုရှိရင် ဘယ်နည်းနဲမဆို ခုချိန်ဟာဖြစ်နိုင်တယ်လို့ စိတ်ထဲမှာယုံကြည်။
အခုအပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုတာ ၁၁ နှစ်ရှိပြီ၊ တပည့်တော်တို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကနေပြီးတော့ အဲဒီကိုသွားတာ ကိုယ့်ဟာကိုသွားတာမဟုတ်ဘူး၊ သီတဂူဆရာတော်က နေပြီးတော့ သူ့ဟာသူထည့်ခဲ့ထာ ထည့်ပြီးမှပြောတာ ဘုန်းကြီးကို အဘိဓမ္မာပါမောက္ခအနေနဲ့ ထည့်ထားခဲ့တယ်၊ တပါတ်တစ်ခါလောက် သွားသင်ပေးလိုက်ပါဦး ဒီလိုပြောတာ၊ အဲဒါနဲ့သွားသင်တာ၊ ကိုယ့်ဟာကို ဘာမှအဆက်သွယ်မလုပ်ခဲ့ဘူး၊ ဆရာတော်ကလွတ်လို့ဆိုတဲ့ အနေနဲ့သွားတာ။
နောက်ပိုင်းကြတော့ တဖြေးဖြေးတာဝန်ယူရတဲ့ အနေအထား မျိုးရောက်သွားတာ၊ ရောက်သွားတာ သူ့ဟာသူရောက်သွားတဲ့သဘော၊ အဲဒီရောက်တဲ့အချိန်လဲ ပြောရမယ်ဆိုလို့ရှိရင်တော့ ကိုယ်ရဲ့ စိတ်ဓာတ်ကဘာလဲ ဘာလုပ်လုပ် ပီပီပြင်ပြင်လုပ်မယ် ဘယ်အဆင့်ကလုပ်ရလုပ်ရ ကိုယ်လုပ်တဲ့ အလုပ်ပဲ ကြိုးစားတယ်၊ ဟိုမှာဆိုလိုရှိရင် သွားတဲ့အချိန်မှာ အဘိဓမ္မာ subject-ကိုတာဝန်ယူ သင်ရတယ်၊ ကြေနပ်လောက်အောင် သင်ပေးတယ်၊ ကြေနပ်လို့ နိုင်ငံခြားသားတွေဟာ သူ့ဟာသူ လိုက်လာကြပြီးတော့ သင်ကြတယ်ပေါ့၊
ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့လုပ်ငန်းတစ်ခု ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်သင်ပေါ့ ဟိုမှာလဲတခါတလေ ပြောတယ်၊ ကိုယ်ဘယ်တာဝန်ကျကျ ကိုယ်ကျတဲ့တာဝန်ကို ပီပီပြင်ပြင်လုပ်တာ အကောင်းဆုံးပဲ၊ လုပ်လာလို့ရှိရင် ကောင်းတယ်မကောင်းဘူးဆိုတာ ကိုယ့်ဟာကိုမရွေးနဲ့ feedback သူ့ဟာသူ ပရိတ်သတ်ကပြောလာလိမ့်မယ်၊ ကိုယ့်ဟာကိုကောင်းနေကြလို့မဖြစ်ဘူး၊ အခုသီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်လဲ ကိုယ့်ဟာကိုယ်ဘယ်လောက်ပဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆိုပြီးတော့ ကိုယ့်ဟာကို နာမည် ကြီးနေပြီးတော့နေပေမဲ့ အပြင်ကကောင်းလာပြီဆိုမှ သူ့ဟာသူနာမည်ထွက်လာတာ ကိုထုတ်တဲ့ နာမည်မဟုတ်ဘူး၊ ဒါမျိုးကောင်းတယ် ဆိုးတယ်ဆိုတာ feedbackဆိုတာ သူ့ဟာသူလာတာ၊ အဲတော့ အရေးကြီးဆုံးက အလုပ်လုပ်ကြဘို့အရေးကြီးတယ်။
ကိုယ်လုပ်တဲ့အလုပ် ပီပီပြင်ပြင်လုပ်လာကြလို့ရှိရင် အားလုံးက ဒီအပေါ်မှာ စုပြုံပြီးတော့ ကိုယ့်ကိုကြည့်လာတယ်ဆိုတဲ့ အနေထားမျိုးဖြစ်လာမှာပဲ၊ အင်းမတန်မှ ကောင်းတဲ့သစ်ပင်ကြီးတပင် အသီးတွေစားဘို့ ငှက်တွေအားလုံးရောက်လာကြသလိုပဲ၊ ကိုယ့်ဆီအကုန်လုံးရောက်လာကြမှာပဲ ဒါတွေက၊ ဒါကြောင့်မိုလို့ ခုပြောချင်တာက အားလုံးတိုင်ပင် ညှိနိုင်းပြီးတော အသီးသီး တာဝန်ခွဲပြီးတော့ ဒီတက္ကသိုလ်ကြီးသုံးခု အင်းအားပြိုမသွားအောင် သုံးခုစလုံးဟာ တစည်းတည်းလို ဖြစ်နေအောင် တစုတစည်းတည်း ဖြစ်ပြီးတော့ အင်းအားတွေရော့ပါးမသွားအောင် အလုပ်တွေပီပီပြင်ပြင် တိုင်ပင်ညှိနိုင်ပြီးတော့ လုပ်ကြပါလို့ အဲဒါကိုသြဝါဒစကား အမှားစကားအနေနဲ့ ပြောရင်း နိဂုံးချုပ်ပါတယ်။
မှတ်ချက်။ (မေလ်ဖြင့်ပေးပို့လာသော သူငယ်ချင်းအား အထူးကျေးဇူးတင်ပါသည်)
အောက်တိုဘာ (ရ) ရက်
0 အကြံပြုစာ:
Post a Comment