Sunday, September 25, 2011 By: ဘ၀ဇာတ်ခုံ

ခါးသီးသော ဆေးတစ်ခွက်

ပန်းပုဆရာတစ်ယောက်က
သူ့စိတ်ကြိုက် လိုရာကို ထုဆစ်လို့ ပုံဖေါ်
အရည်ပျော်နေချိန်မို့
ဖန်းဆင်းသမျှ အံတင်းပြီး က ခဲ့
ပန်းပုဆရာ အလိုကျ
မျက်စိမှိတ်ထားသူ တစ်ယောက်အဖြစ်နဲ့ ငါရယ်ပါ
ငါ့တစ်သက်မှာ
ခဏတာ မက်ခွင့်ရခဲ့တဲ့
တိတ်တခိုး နိုးတ၀က် အိပ်မက်
ဝါဂွမ်းလို့ နုတဲ့စကား
ပျားရည်လို ချိုတဲ့ အပြုံး
ပဉ္စပါပီ ရှုံးလောက်တဲ့ အထိအတွေ့တွေနဲ့
တန်ဆာဆင်ထားတဲ့ နတ်စီ အိပ်မက်လှလှတွေကို
ဖန်ဆင်းသမျှ အံတင်းပြီး အ ခဲ့
ဇတ်ဆရာအလိုကျ
တေမိ မင်းသားအဖြစ်နဲ့ ငါရယ်ပါ
လိုရာကို ဖန်ဆင်း
ကြိုက်ရာဇတ်ရုပ်ကို အသက်သွင်းစေဖို့
လင်းကတည်းက အဆင်သင့်
အမြင့်မရောက် အောက်မကျနဲ့
ဘ၀က ဒီထက်ပိုပြီး ထူးမလာခဲ့တာ ငါရယ်ပါ
ဘာပဲပြောပြော
လောကဇတ်ခုံမှာ
ခုချိန်ထိ အသုံးတော် ခံခွင့်ရတာ
သူတို့ပေးတဲ့ ခါးသီးမှုတွေကြောင့်ပါပဲ ××× ။

သိန်းသန်း (သီတဂူ)
 

0 အကြံပြုစာ: